​ဟောင်​ကောင်​ပြ​ည့်​တန်​ဆာ​လုပ်ငန်း​ခေါင်း​ဆောင်​အား​​ ​ရဲ​တပ်​ဖွဲ့ဖမ်း​ဆီး

alt

ဟောင်​ကောင်​၏​​​ ​ပြည့်​တန်​ဆာ​လုပ်ငန်း​ဘု​ရင်​ဟု​​​ ​တင်​စား​ခေါ်​ဆို​ခြင်း​​​ ​ခံ​ရ​သူ​တစ်ဦး​အား​​ ​ရဲ​တပ်​ဖွဲ့​က​​​ ​ဖမ်း​ဆီး​လိုက်​ကြောင်း​​​ ​သိ​ရ​သည်​။​​ ​ဆိုင်​ဘီ​ဟု​​​ ​နာ​မည်​ဝှက်​​ ​ခေါ်​တွင်​သော​​ ​အ​သက်​​ ​၃၀​​ ​အ​ရွယ်​​ ​မြေ​အောက်​ရာ​ဇာ​သည်​​ ​

ဟောင်​ကောင်​၏​​ ​နာ​မည်​ကျော်​​ ​ဒု​စ​ရိုက်​ရာ​ဇာ​​ ​၃​​ ဦး​အ​နက်​မှ​​ ​တစ်ဦး​လည်း​ဖြစ်​သည်​။​​ ​ထို့​အ​ပြင်​​ ​ဟောင်​ကောင်​၏​​ ​လျှို့​ဝှက်​ဒု​စ​ရိုက်​ဂိုဏ်း​ကြီး​​ ​ဆန်​ယီ​အွန်​၏​​ ဦး​စီး​ခေါင်း​ဆောင်​​ ​တစ်ဦး​ဟု​ လည်း​​ ​ယူ​ဆ​ရ​ကြောင်း​​ ​သိ​ရ​သည်​။​​ ၎င်း​သည်​​ ​ပြည့်​တန်​ဆာ​လုပ်ငန်း​​ ​ဗ​ဟို​ချက်​ကို​​ ​စီ​မံ​ချုပ်​ကိုင်​ပြီး​​ ဆင်​ရှာ​ဆူ​တွင်​​ ​နိုက်​က​လပ်​​ ​၅​​ ​ခု​ကို​​ ​ဖွင့်​လှစ်​ထား​သည်​။​​ ​

ထောက်​လှမ်း​ရေး​ဆိုင်​ရာ​​ ​သဲ​လွန်​စ​​ ​အ​စီ​ရင်​ခံ​စာ​များ​ကို​​ ​၂​​ ​နှစ်​ ကြာ​အောင်​​ ​စု​ဆောင်း​ပြီး​နောက်​​ ​ဆိုင်​ဘီ​၊​​ ၎င်း​၏​ဇ​နီး​နှင့်​​ ​နောက်​ထပ်​လူ​​ ​၁၇​​ ဦး​တို့​ကို​​ ​ရဲ​များ​က​​ ​ဖမ်း​ဆီး​နိုင်​ခဲ့​သည်​။​​ ​အ​ဖမ်း​ခံ​ရ​သူ​အား​လုံး​​ ​၁၉​​ ဦး​တို့​အ​နက်​​ ​အ​မျိုး​သား​​ ​၁၀​​ ဦး​နှင့်​​ ​အ​မျိုး​သ​မီး​​ ​၉​ ဦး​တို့​​ ​ပါ​ဝင်​ပြီး​​ ​အား​ လုံး​မှာ​​ ​အ​သက်​​ ​၁၉​​ ​နှစ်​မှ​​ ​၅၁​​ ​နှစ်​ကြား​​ ​အ​ရွယ်​များ​ဖြစ်​ကြောင်း​​ ​ရဲ​တပ်​ဖွဲ့​က​​ ​ကြေ​ညာ​သည်​။​​ ​ယင်း​တို့​အ​နက်​​ ​အ​မျိုး​သား​​ ​၂​​ ဦး​နှင့်​​ ​အ​မျိုး​သ​မီး​​ ​၁​​ ဦး​တို့​ကို​​ ​ငွေ​ကြေး​ခ​ဝါ​ချ​မှု​နှင့်​​ ​ဆက်​လက်​ထိန်း​သိမ်း​ထား​သော်​လည်း​​ ​ကျန်​သူ​များ​ကို​မူ​​ ​အာ​မ​ခံ​ဖြင့်​​ ​လွှတ်​ပေး​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​​

ဆိုင်​ဘီ​သည်​​ ​ယခင်​က​တည်း​က​​ ​ငွေ​မည်း​ကို​​ ​ငွေ​ဖြူ​ဖြစ်​အောင်​​ ​ခ​ဝါ​ချ​​ ​ပြောင်း​လဲ​နေ​သူ​​ ​တစ်ဦး​အ​ဖြစ်​​ ​ဟောင်​ကောင်​ရဲ​တပ်​ဖွဲ့​က​​ ​ခြေ​ရာ​ခံ​နေ​ခဲ့​သည်​။​​ ​ ယ​ခု​ဖမ်း​ဆီး​မှု​တွင်​​ ​ဟောင်​ကောင်​ဒေါ်​လာ​​ ​သန်း​​ ​၂၀​​ ​နှင့်​​ ​အ​ဖိုး​တန်​​ ​ဇိမ်​ခံ​ကား​​ ​၄​​ ​စင်း​ကို​လည်း​​ ​ရဲ​များ​က​​ ​သိမ်း​ယူ​လိုက်​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here