ရေ​လျှံ​မှု​ဖြစ်​ပွား​ခဲ့​သည့်​​​ ​တ​ရုတ်​ကျောက်​မီး​သွေး​တွင်း​မှ​​ ​မိုင်း​အ​လုပ်​သ​မား​များ​အား​​ ​​ ​ကယ်​တင်​နိုင်​ခဲ့

alt

တ​ရုတ်​နိုင်ငံ​သည်​​​ ​ရေ​လျှံ​မှု​များ​​ ​ဖြစ်​ပေါ်​ခဲ့​သည့်​​​ ​ကျောက်​မီး​သွေး​မိုင်း​​​ ​တစ်​ခု​အ​တွင်း​​ ​ပိတ်​မိ​နေ​သည့်​​​ ​မိုင်း​အ​လုပ်​သ​မား​​​ ​အား​လုံး​ကို​​ ​ကယ်​တင်​လိုက်​နိုင်​ကြောင်း​​ ​သ​တင်း​ထု​တ်​ပြန်​​ ​ကြေ​ညာ​ခဲ့​သည်​။​​

​နို​ဝင်​ဘာ​​ ​၂၂​​ ​ရက်​နေ့​က​​ ​တ​ရုတ်​အ​စိုး​ရ​​ ​သ​တင်း​စာ​များ​က​​ ​မိုင်း​အ​လုပ်​သ​မား​​ ​၂၉​​ ဦး​လုံး​​ ​ဘေး​မ​သီ​ရန်​မ​ခ​​ ​လွတ်​မြောက်​လာ​ကြောင်း​​ ​ပြော​ကြား​ခဲ့​ရာ​​ ​တရုတ်​နိုင်ငံ​၏​​ ​မိုင်း​တွင်း​မ​တော်​တ​ဆ​မှု​များ​အ​နက်​​ ​ရှား​ရှား​ပါး​ပါး​​ ​သ​တင်း​ကောင်း​​ ​ဖြစ်​လာ​ခဲ့​သည်​။​​ CCTV​​ ​သ​တင်း​ဌာ​န​က​​ ​ချီ​ချွန်​ရှိ​​ ​မ​တော်​တ​ဆ​မှု​​ ​ဖြစ်​ခဲ့​ရာ​​ ​မိုင်း​တွင်း​မှ​​ ​အ​လုပ်​သ​မား​များ​ကို​​ ​ဆေး​ရုံ​ကား​များ​ဖြင့်​​ ​တင်​ဆောင်​သွား​ကြောင်း​​ ​ဖော်​ပြ​ခဲ့​သည်​။​​ ​ယင်း​သည်​​ ​မိုင်း​တွင်း​မ​ တော်​တ​ဆ​မှု​​ ​ဖြစ်​ပွား​ပြီး​​ ​တစ်​ရက်​အ​တွင်း​​ ​ကယ်​ဆယ်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​

နယ်​ဂျီ​အန်း​မြို့​အ​နီး​ရှိ​​ ​ဘက်​တီ​ယန်​​ ​မိုင်း​တွင်း​တွင်​​ ​လူ​ပေါင်း​​ ​၃၅​​ ဦး​​ ​အ​လုပ်​လုပ်​နေ​သော်​လည်း​​ ​ကျန်​သူ​များ​မှာ​​ ​ရေ​လျှံ​မှု​​ ​စ​တင်​စဥ်​က​တည်း​က​​ ​လွတ်​မြောက်​ခဲ့​သည်​။​​ AFP​​ ​သ​တင်း​ဌာ​န​က​မူ​​ ​လွတ်​မြောက်​လာ​သည်​ဆို​သော​​ ​မိုင်း​အ​လုပ်​သ​မား​များ​၏​​ ​မိ​သား​စု​များ​နှင့်​​ ​ဆက်​သွယ်​နိုင်​ခြင်း​​ ​မ​ရှိ​သေး​ကြောင်း​​ ​ဖော်​ပြ​ခဲ့​သည်​။​​ ​မည်​သို့​ပင်​ဖြစ်​စေ​​ ​တ​ရုတ်​​ ​ကျောက်​မီး​ သွေး​​ ​အ​လုပ်​သ​မား​များ​၏​​ ​လုံ​ခြံု​ရေး​​ ​ထောက်​ပံ့​မှု​တွင်​​ ​နာ​မည်​ဆိုး​ဖြင့်​​ ​ကျော်​ကြား​ခဲ့​သည့်​​ ​ကိ​စ္စ​မှာ​​ ​ယ​ခု​ကယ်​ဆယ်​ရေး​​ ​လုပ်​ဆောင်​ချက်​ကြောင့်​​ ​အ​ပေါင်း​လ​က္ခ​ဏာ​​ ​ပြ​လာ​ခြင်း​ပင်​ဖြစ်​သည်​။​​ ​ယ​မန်​နှစ်​အ​တွင်း​​ ​တ​ရုတ်​ နိုင်ငံ​တွင်​​ ​မိုင်း​တွင်း​မ​တော်​တ​ဆ​မှု​များ​ကြောင့်​​ ​အ​လုပ်​သ​မား​​ ​၂၆၃၁​​ ဦး​​ ​သေ​ဆုံး​ခဲ့​သည်​။​​

​ချီ​လီ​တွင်​​ ​မိုင်း​တွင်း​အ​လုပ်​သ​မား​​ ​၃၃​​ ဦး​တို့​သည်​​ ​မြေ​အောက်​အ​နက်​​ ​ပေ​​ ​၂၀၀၀​​ ​ကျော်​တွင်​​ ​နှစ်​လ​ကျော်​ကြာ​​ ​ပိတ်​မိ​နေ​ခဲ့​ သော်​လည်း​​ ​ကယ်​တင်​နိုင်​ခဲ့​ပြီး​နောက်​​ ​တ​ရုတ်​၏​​ ​မိုင်း​တွင်း​များ​​ ​လုံ​ခြံု​ရေး​နှင့်​​ ​ပတ်​သက်​ပြီး​​ ​ချိန်​ထိုး​ဝေ​ဖန်​မှု​များ​​ ​ပို​မို​မြင့်​တက်​ခဲ့​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here