ဟော​လီး​ဝုဒ်​မင်း​သား​​ ဝက်​စ​လေ​စ​နိုက်​​​ ​​ထောင်​ဒဏ်​​​ ​၃​​ ​နှစ်​​​ ​ချ​မှတ်​ခံ​ရ

alt

နာ​မည်​ကျော်​​​ ​ဟော​လီး​ဝုဒ်​မင်း​သား​​​ ​ဝက်​စ​လေ​စ​နိုက်​အား​​​ ​ထောင်​ဒဏ်​​ ​၃​​ ​နှစ်​​​ ​ကျ​ခံ​ရန်​​ ​တ​ရား​ရုံး​က​​ ​အ​မိန့်​ချ​မှတ်​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​​ ​အ​ခွန်​ဆိုင်​ရာ​​ ​မ​သ​မာ​မှု​များ​ကြောင့်​​ ​ပြည်​ထောင်​စု​​ ​တ​ရား​ရုံး​က​​ Blade​​ မင်း​သား​ကို​​ ​နို​ဝင်​ဘာ​​ ​၁၉​​ ​ရက်​နေ့​က​​ ​အ​ဆို​ပါ​​ ​ပြစ်​ဒဏ်​ကို​​ ​ချ​မှတ်​လိုက်​ခြင်း​ဖြစ်​သည်​။

​​ ​စ​နိုက်​၏​​ ​ရှေ့​နေ​များ​က​မူ​​ ​ဖ​လော်​ရီ​ဒါ​​ ​တ​ရား​သူကြီး​​ ​ဝီ​လျံ​တာ​ရဲ​ဟော့​အား​​ ​အ​မှု​စီ​ရင်​ချက်​နှင့်​​ ​ပတ်​သက်​ပြီး​​ ​ပြန်​လည်​သုံး​သပ်​ပေး​ရန်​​ ​ပန်​ကြား​ထား​ပြီး​​ ​စစ်​ဆေး​မှု​အ​သစ်​​ ​ပြု​လုပ်​ပေး​ရန်​​ ​တောင်း​ဆို​ထား​သည်​။​​ ​စ​နိုက်​သည်​​ ​၁၉၉၉​၊​​ ​၂၀၀၀​​ ​နှင့်​​ ​၂၀၀၁​​ ​ခု​နှစ်​များ​အ​တွင်း​​ ​အ​ခွန်​ဆိုင်​ရာ​​ ​မ​သ​မာ​မှု​များ​​ ​ပြု​လုပ်​ခဲ့​ကြောင်း​​ ​စွပ်​စွဲ​ချက်​ဖြင့်​​ ​၂၀၀၈​​ ​ခု​နှစ်​၊​​ ဧ​ပြီ​လ​က​​ စ​တင်​တ​ရား​ရင်​ဆိုင်​ခဲ့​ရ​သည်​။​​

​တ​ရား​သူ​ကြီး​က​မူ​​ ​ယ​ခု​အ​မှု​တွင်​​ ​ခု​ခံ​ထွက်​ဆို​သူ​​ ​စ​နိုက်​အ​နေ​နှင့်​​ ​မျှ​တ​သော​​ ​တ​ရား​စီ​ရင်​​ ​ဆုံး​ဖြတ်​မှု​ကို​​ ​ရ​ရှိ​ခဲ့​သည်​ဟု​​ ​ယုံ​ကြည်​ကြောင်း​၊​​ ​မိ​မိ​အ​နေ​နှင့်​​ ​အ​စိုး​ရ​ရှေ့​နေ​များ​၊​​ ​စ​နိုက်​၏​​ ​ရှေ့​နေ​များ​ဖက်​မှ​​ ​အ​ပြန်​အ​လှန်​​ ​​လျှောက်​ထား​မှု​များ​ကို​​ ​အ​သေ​အ​ချာ​​ ​ကြား​နာ​ခဲ့​ပြီး​​ ​ဂျူ​ရီ​လူ​ကြီး​များ​၏​​ ​အ​ကူ​အ​ညီ​ဖြင့်​​ ​ယ​ခု​အ​မှု​ကို​​ ​စီ​ရင်​ချက်​​ ​ချ​ခဲ့​ကြောင်း​​ ​ပြော​ဆို​သွား​သည်​။​​ ​

စ​နိုက်​၏​​ ​ရှေ့​နေ​တစ်ဦး​ဖြစ်​သူ​​ ​ဒင်​နီ​ရယ်​​ ​မီ​ချမ်​က​​ ​မိ​မိ​၏​​ ​အ​မှု​သည်​မှာ​​ ​ယ​ခု​အ​ခါ​​ ​အ​ယူ​ခံ​ဝင်​ရန်​​ ​ပြင်​ဆင်​နေ​ကြောင်း​​ ​ပြော​ကြား​ခဲ့​ပြီး​​ ​ယင်း​အ​တွက်​​ ​အ​ကောင်း​မြင်​​ ​မျှော်​လင့်​ထား​ကြောင်း​လည်း​​ ​ကြေညာ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here