ဆော်ဒီဘုရင်​ ဆေးကုသမှုခံယူရန်​ အမေရိကန်သို့​ ရောက်ရှိ

alt

ဆော်​ဒီ​အာ​ရေ​ဗျ​​​ ​ဘု​ရင်​မင်း​မြတ်​သည်​​​ ​ဆေး​ဝါး​ကု​သ​မှု​​ ​ခံ​ယူ​ရန်​​​ ​အ​မေ​ရိ​ကန်​​ ​ပြည်​ထောင်​စု​သို့​​​ ​ရောက်​ရှိ​နေ​ကြောင်း​​​ ​သိ​ရ​သည်​။​​ ​အ​ရှေ့​အ​လယ်​ပိုင်း​​ ​ဒေ​သ​နှင့်​​ ​အာ​ရပ်​မွတ်​ဆ​လင်​တို့​၏​​ ဩ​ဇာ​အ​ကြီး​မား​ဆုံး​​ ​ခေါင်း​ဆောင်​တစ်ဦး​အ​ဖြစ်​​

​မှတ်​ယူ​ခြင်း​​ ​ခံ​ရ​သော​​ ​အ​သက်​​ ​၈၆​​ ​နှစ်​အ​ရွယ်​​ ​ဘု​ရင်​မင်း​မြတ်​​ ​အက်​ဘ​ဒူ​လာ​သည်​​ ​နို​ဝင်​ဘာ​​ ​၂၂​​ ​ရက်​နေ့​က​​ ​အ​မေ​ရိ​ကန်​သို့​​ ​ပျံ​သန်း​ထွက်​ခွာ​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​

ဘု​ရင်​အက်​ဘ​ဒူ​လာ​သည်​​ ​သွေး​ခဲ​မှု​​ ​ပုံ​မ​မှန်​သော​​ ​အ​နေ​အ​ထား​အ​တွက်​​ ​ကု​သ​မှု​​ ​ခံ​ယူ​မည်​ဖြစ်​ပြီး​​ ​ယင်း​နှင့်​အ​တူ​​ ​အ​သက်​​ ​၈၅​​ ​နှစ်​အ​ရွယ်​​ ​ဝမ်း​ကွဲ​ညီ​တော်​​ ​တစ်​ပါး​လည်း​​ ​လိုက်​ပါ​လာ​ခဲ့​သည်​။​​ ​ယင်း​ညီ​တော်​သည်​လည်း​​ ​ကျန်း​မာ​ရေး​​ ​မ​ကောင်း​ကြောင်း​​ ​သ​တင်း​များ​က​​ ​ဖော်​ပြ​ခဲ့​သည်​။​​ ​ဘု​ရင်​မင်း​မြတ်သည်​​ ​ကျော​ဖက်​တွင်​​ ​သွေး​ခဲ​သ​ဖြင့်​​ ​အာ​ရုံ​ကြော​တွင်​​ ​ထိ​ခိုက်​မှု​​ ​ဖြစ်​နေ​သော​​ ​အ​ခြေ​အ​နေ​ကြောင့်​​ ​မ​ကျန်း​မ​မာ​​ ​ဖြစ်​နေ​ကြောင်း​​ ​ဆော်​ဒီ​တော်​ဝင်​မိ​သား​စု​က​​ ​ကြေ​ညာ​သည်​။​​

​က​မ္ဘာ​ပေါ်​တွင်​​ ​ရေ​နံ​အ​ကြွယ်​ဝ​ဆုံး​​ ​နိုင်ငံ​၏​​ ​ဘု​ရင်​သည်​​ ​မ​ဟာ​မိတ်​​ ​အ​မေ​ရိ​ကန်​သို့​​ ဦး​တည်​ခဲ့​ပြီး​​ ​ကု​သ​မှု​အ​တွက်​​ ​စိုး​ရိမ်​မှု​​ ​မ​ရှိ​ကြောင်း​​ ​ပြော​ကြား​ထား​သည်​။​​ ဘုရင်​အက်​ဘ​ဒူ​လာ​သည်​​ ၎င်း​အ​မေ​ရိ​ကန်​သို့​​ ​မ​သွား​ရောက်​မီ​​ ​သား​ဖြစ်​သူ​​ ​မီ​တက်​ကို​​ ၎င်း​၏​နေ​ရာ​​ ​ဆက်​ခံ​ရန်​​ ​အိမ်​ရှေ့​အ​ရာ​အ​တွက်​​ ​ကျမ်း​သ​စ္စာ​​ ​ကျိန်​ဆို​စေ​ခဲ့​သည်​။​​ ​ထို​ကျမ်း​ကျိန်​ပွဲ​တွင်​​ ​အ​ခြား​သား​တော်​​ ​၇​​ ​ပါး​လည်း​​ ​တက်​ရောက်​ခဲ့​ရာ​​ ​ယင်း​တို့​အ​နက်​​ ​ဒေ​သ​ဆိုင်​ရာ​​ ​အုပ်​ချုပ်​ရေး​မှူး​တစ်ဦး​နှင့်​​ ​တော်​ဝင်​မိ​သား​စု​​ ​အ​ကြံ​ပေး​အ​ရာ​ရှိ​တစ်ဦး​လည်း​​ ​ပါ​ဝင်​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here