​ကွန်​ဒုံး​သုံး​ခြင်း​သည်​​​ ​အ​ချို့​သော​အ​နေ​အ​ထား​တွင်​​​ ​လက်​ခံ​နိုင်​ဖွယ်​ရှိ​ကြောင်း​​​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​ပြော​ကြား

alt

အချို့​သော​​​ ​အ​နေ​အ​ထား​မျိုး​တွင်​​​ ​ကွန်​ဒုံး​သုံး​စွဲ​ခြင်း​သည်​​​ ​လက်​ခံ​နိုင်​လောက်​သော​​​ ​ကိ​စ္စ​ဖြစ်​ကြောင်း​​​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​က​​ ​မိန့်​ကြား​လိုက်​သည်​။​​ ​ကွန်​ဒုံး​များ​​ ​စ​တင်​တီ​ထွင်​​ ​အ​သုံး​ပြု​ခဲ့​ချိန်​မှ​စ​ပြီး​​ ​ရို​မန်​ကက်​သ​လစ်​​ ​ခ​ရစ်​ယာန်​ဘာ​သာ၏​​ ​အ​ထွဋ်​အ​မြတ်​ဖြစ်​သော​​ ​ဗာ​တီ​ကန်နန်း​တော်​က​​

​အ​စဥ်​တ​စိုက်​​ ​ဆန့်​ကျင်​လာ​ခဲ့​သော်​လည်း​​ ​ပုပ်​ရ​ဟန်း​မင်း​​ ​ဘင်​န​ဒစ်​​ ​၁၆​​ ​က​​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​​ ​လက်​ခံ​သင့်​ကြောင်း​​ ​မိန့်​ဆို​ခဲ့​ခြင်းဖြစ်​သည်​။​​ ​သို့​သော်​လည်း​​ ​ယ​ခု​လို​​ ​မိန့်​ဆို​ခြင်း​သည်​​ ​ဗာ​တီ​ကန်​က​​ ​အ​စဥ်​တ​စိုက်​​ ​ရပ်​တည်​ခဲ့​သော​​ ​ကွန်​ဒုံး​ကို​​ ​ကန့်​ကွက်​ခြင်း​အား​​ ​ဆန့်​ကျင်​ပယ်​ဖျက်​ခြင်း​​ ​မ​ဟုတ်​ဟု​လည်း​​ ​ရဟန်း​မင်း​ကြီး​က​​ Light​​ of​​ the​​ World:​​ The​​ Pope,​​ The​​ Church,​​ The​​ Sigh​​ of​​ the​​ Times​​ ​စာ​အုပ်​တွင်​​ ​ဖော်​ပြ​ထား​သည်​။​​ ယင်း​စာ​အုပ်​အ​တွက်​​ ​ရ​ဟန်း​မင်း​ကြီး​၏​​ ​အ​မြင်​များ​ကို​​ ​မေး​မြန်း​လျှောက်​ထား​ပြီး​​ ​ဂျာ​မန်​သ​တင်း​ထောက်​​ ​ပီ​တာ​ဆီး​ဝဲ​က​​ ​ရေး​သား​ခဲ့​ခြင်း​ဖြစ်​သည်​။

​​ ပုပ်​ရ​ဟန်း​မင်း​က​​ ​ပြည့်​တန်​ဆာ​များ​နှင့်​​ ​ဆက်​ဆံ​ရာ​တွင်​​ ​ကွန်​ဒုံး​ကို​​ ​အ​ကာ​အ​ကွယ်​ယူ​နေ​ခြင်း​သည်​​ ​စိတ်​ပိုင်း​ဆိုင်​ရာ​​ ​ဖောက်​ပြန်​မှု​ကို​​ ​အား​ပေး​ရန်​​ ​ခြေ​လှမ်း​တစ်​ခု​ဟု​​ ​သုံး​သပ်​ခဲ့​ပြီး​​ HIV​ ​ပိုး​ကို​​ ​အ​ပြည့်​အ​၀​​ ​တား​ဆီး​ရန်​​ ​ကွန်​ဒုံး​က​​ ​အ​ဖြေ​မ​ဟုတ်​ဟု​လည်း​​ ​မိန့်​ကြား​ထား​သည်​။​​ ​သို့​သော်​လည်း​​ ​ပြည့်​တန်​ဆာ​များ​နှင့်​​ ​ဆက်​ဆံ​ခြင်း​ခဲ့​သို့​သော​​ ​ကိ​စ္စ​များ​တွင်​​ ​ကွန်​ဒုံး​သုံး​နေ​ခြင်း​ကို​​ ​အ​ထိုက်​အ​လျောက်​​ ​ခွင့်​ပြု​နိုင်​သည်​ဟု​​ ​ယူ​ဆ​ကြောင်း​လည်း​​ ​ရ​ဟန်း​မင်း​ကြီး​က​​ ​ပြော​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here