မိန်း​က​လေး​များ​​​ ​အ​သက်​​ ​၁၆​​ ​နှစ်​အ​ရွယ်​တွင်​​ ​အိမ်​ထောင်​ပြု​ရန်​​ ​​ အီ​ရန်​သ​မ္မ​တတိုက်​တွန်း

alt

အီ​ရန်​သ​မ္မ​တ​​​ ​မာ​မွတ်​အာ​မက်​ဒီ​နီ​ဂျက်​က​​​ ​နိုင်ငံ​အ​တွင်း​ရှိ​​​ ​မိန်း​က​လေး​များ​အား​​​ ​အ​သက်​​ ​၁၆​​ ​နှစ်​အ​ရွယ်​တွင်​​​ ​အိမ်​ထောင်​ပြု​ရန်​​ ​တိုက်​တွန်း​တောင်း​ဆို​လိုက်​သည်​။​​ ​

အာ​မက်​ဒီ​နီ​ဂျက်​က​​ ​အီ​ရန်​မိန်း​က​လေး​များ​​ အိမ်​ထောင်​ပြု​လေ့​ရှိ​သည့်​​ ​ပျမ်း​မျှ​အ​သက်​မှာ​​ ​၂၄​​ ​နှစ်​နှင့်​​ ​၂၆​​ ​နှစ်​ကြား​​ ​ရှိ​နေ​ခြင်း​ကို​​ ​သ​ဘော​မ​ကျ​ကြောင်း​​ ​ပြော​ဆို​ခဲ့​သ​လို​​ ​အ​သက်​​ ​၁၆​​ ​နှစ်​၊​​ ​၁၇​​ ​နှစ်​အ​ရွယ်​များ​တွင်​​ ​အိမ်​ထောင်​သား​မွေး​​ ​ပြု​လုပ်​ပြီး​​ ​မွတ်​ဆ​လင်​ဘာ​သာ​ဝင်​​ ​နိုင်ငံ​သား​​ ​အ​ရေ​အ​တွက်​​ ​တိုး​ပွား​လာ​အောင်​​ ​ဆောင်​ရွက်​သင့်​ကြောင်း​​ ​ပြော​ဆို​ခဲ့​သည်​။​​ ​

အီ​ရန်​အ​စိုး​ရ​ပိုင်​​ Jam-e​​ Jam​​ ​သ​တင်း​စာ​နှင့်​​ ​အင်​တာ​ဗျူး​တွင်​​ ​အာ​မက်​ဒီ​နီ​ဂျက်​က​​ ​ယောက်ျား​လေး​များ​အ​နေ​နှင့်​လည်း​​ ​အ​သက်​​ ​၂၀​​ ​အ​ရွယ်​ခန့်​တွင်​​ ​အိမ်​ထောင်​ပြု​သင့်​ပြီ​ဟု​​ ​ပြော​ကြား​သွား​သည်​။​​ ​အာ​မက်​ဒီ​နီ​ဂျက်​သည်​​ ​နိုင်ငံ​အ​တွင်း​​ ​လူဦး​ရေ​​ ​တိုး​ပွား​မှု​ကို​​ ​အား​ပေး​ကြောင်း​​ ​ပြော​ဆို​ထား​သ​လို​​ ​အ​သက်​အ​ရွယ်​​ ​ရင့်​ကျက်​ချိန်​မှ​​ ​အိမ်​ထောင်​ပြု​ခြင်း​ကို​လည်း​​ ​အ​နောက်​တိုင်း​​ ​အ​ယူ​အ​ဆ​​ ​လွှမ်း​မိုး​သည်​ဟု​ဆို​ကာ​​ ​ဝေ​ဖန်​ရှုတ်​ချ​သူ​ဖြစ်​သည်​။​​ ​

သို့​သော်​လည်း​​ ​အ​လုပ်​လက်​မဲ့​​ ​၉​​ ​ရာ​ခိုင်​နှုန်း​ရှိ​သည့်​​ ​နိုင်ငံ​အ​တွက်​​ ​အာ​မက်​ဒီ​နီ​ဂျက်​၏​​ ​အကြံ​ပြု​မှု​မှာ​​ ​အ​ခြေ​အ​နေ​​ ​ပို​ဆိုး​အောင်​​ ​တွန်း​အား​ပေး​သ​လို​သာ​​ ​ဖြစ်​လိမ့်​မည်​ဟု​​ အ​တိုက်​အ​ခံ​များ​က​​ ​ဝေ​ဖန်​ပြော​ကြား​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here