​ရာ​ဇဝတ်​မှု​တစ်​ခု​အား​​​ ​၁၀​​ ​နှစ်​သား​က​လေးငယ်​က​​​ ​မှတ်​တမ်း​တင်​ဖော်​ထုတ်​ပေး​ခဲ့

alt

အ​သက်​​ ​၁၀​​​ ​နှစ်​အ​ရွယ်​​ ​က​လေးငယ်​​​ ​တစ်ဦး​သည်​​ ​ရာ​ဇ​ဝတ်​မှု​​​ ​တစ်​ခု​ကို​​ ​မှတ်​တမ်း​တင်​​​ ​ဖော်​ထုတ်​ပေး​နိုင်​ခဲ့​သည့်​အ​တွက်​​​ ​ချီး​ကျူး​ခံ​နေ​ရ​ကြောင်း​​​ ​သိ​ရ​သည်​။​​ ​အ​လုပ်​လက်​မဲ့​တစ်ဦး​ဖြစ်​သည့်​​​ ​အ​သက်​​ ​၂၄​​ ​နှစ်​အ​ရွယ်​​​

​က​ရိတ်​ရိုင်​ရယ်​သည်​​​ ​လမ်း​သွား​လမ်း​လာ​​ ​တစ်ဦး​ကို​​ ​ဓား​ပြ​တိုက်​ပြီး​​ ၎င်း​၏​ဖုန်း​ကို​​ လု​ယူ​ကာ​​ ​စက်​ဘီး​ဖြင့်​​ ​ထွက်​ပြေး​ခဲ့​သည်​။​​ ဗြိ​တိန်နိုင်ငံ​၊​​ ​ဒါ​ဟမ်​ခ​ရိုင်ရှိ​​ ​ဒါ​လင်​တန်​တွင်​​ ​နေ​ထိုင်​သော​​ ​ရွိုင်​ရယ်​သည်​​ ၎င်း​၏​​ ​ရာ​ဇ​ဝတ်​မှု​ကို​​ ​ခြေ​ရာ​ခံ​ရန်​​ ​ခက်​ခဲ​မည်​ဟု​​ ​ထင်​ခဲ့​သော်​လည်း​​ ​အ​နီး​တွင်​ရှိ​သော​​ ​၁၀​​ ​နှစ်​သား​လေး​ကို​​ ​သ​တိ​မ​ပြု​မိ​ခဲ့​ချေ​။​​ ​လု​ယက်​ထွက်​ပြေး​မှု​ကို​​ ​မျက်​ဝါး​ထင်​ထင်​​ ​ကြံု​လိုက်​ရ​သ​ဖြင့်​​ ​ထိတ်​လန့်​နေ​သော​​ ​ကျောင်း​သား​လေး​သည်​​ ​ထို​မြင်​ကွင်း​ကို​​ ​အ​မှတ်​တ​မဲ့​မ​နေ​ဘဲ​​ ​ဖုန်း​ဖြင့်​​ ​ဓာတ်​ပုံ​ရိုက်​လိုက်​သည်​။​​ ​ထို​စဥ်​က​​ ​အဲ​လက်​ဝီ​လျံ​သည်​​ ​ဖ​ခင်​ဖြစ်​သူ​​ ​မောင်း​လာ​သည့်​​ ​ကား​ထဲ​တွင်​​ ​ရှိ​နေ​ပြီး​​ ​၎င်း​ပိုင်​​ iPhone​​ ​ဖြင့်​​ ​မှတ်​တမ်း​တင်​လိုက်​ခြင်း​ဖြစ်​သည်​။​​ ​ထို့​အ​ပြင်​​ ​ထိုပုံ​ကို​​ Twitter​​​ ဝက်​ဆိုက်​တွင်​​ ​လွှင့်​တင်​ပြီး​​ ​ဓား​ပြ​အား​​ ​ကူ​ညီ​ဖော်​ထုတ်​ပေး​ရန်​​ ​တောင်း​ဆို​ခဲ့​ရန်​​ ​တောင်း​ဆို​ခဲ့​သေး​သည်​။​​ ​အဲ​လက်​က​​ ​အ​ဆို​ပါ​​ ​ဓာတ်​ပုံ​တွင်​​ ​ပါ​ဝင်​သူ​သည်​​ ​လွန်​ခဲ့​သော​​ ​မိ​နစ်​​ ​၂ဝ​​ ​က​မှ​​ ​ယမ်​လမ်း​ပေါ်​တွင်​​ ​လူ​တစ်ဦးဦး​ကို​​ ​လု​ယက်​လာ​ခဲ့​ကြောင်း​​ Twitter​​​ တွင်​​ ​ရေး​သား​ထား​သည်​။​​ ​

ရဲ​များ​က​​ ​ထို​ပုံ​ကို​​ ​တွေ့​ရှိ​ပြီး​နောက်​​ ​ရိုင်​ရယ်​အား​​ ​ဖမ်း​ဆီး​နိုင်​ရန်​​ ​သိပ်​မ​ခက်​တော့​ချေ​။​​ ရွိုင်​ရယ်​သည်​​ ​ပြီး​ခဲ့​သည့်​​ ​သီ​တင်း​ပါတ်​က​​ ​ဒါ​ဟမ်​တ​ရား​ရုံး​တွင်​​ ​ဓား​ပြ​မှု​အ​တွက်​​ ​အ​ပြစ်​ရှိ​ကြောင်း​​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​သည်​။​​ ​ရဲ​များ​က​​ ​တ​ရား​ခံ​အ​စစ်​ကို​​ ​ဖော်​ထုတ်​ရာ​တွင်​​ ​အဲလက်​၏​​ ​အ​ကူ​အ​ညီ​မှာ​​ ​အ​လွန်​အ​ရေး​ပါ​ခဲ့​ကြောင်း​​ ​ချီး​ကျူး​သွား​သည်​။​​ ​အ​ကယ်၍​​ ​အဲ​လက်​က​သာ​​ ​တ​ရား​ခွင်​တွင်​​ ​ထွက်​ဆို​မည်​ဆို​ပါ​က​​ ​မျက်​မြင်​သက်​သေ​​ ​ဖြစ်​သည့်​တိုင်​​ ​ယင်း​၏​​ ​အ​သက်​အ​ရွယ်​ကြောင့်​​ ဥ​ပ​ဒေ​အ​ရ​​ ​အ​ကျံုး​မ​ဝင်​နိုင်​ကြောင်း​၊​​ ​သို့​သော်​လည်း​​ ​ဓာတ်​ပုံ​ရိုက်​လိုက်​သည့်​အ​ခါ​​ ​ရေ​ပက်​မ​ဝင်​အောင်​​ ​ခိုင်​မာ​သော​​ ​အ​ထောက်​အ​ထား​​ ​ဖြစ်​သွား​စေ​ကြောင်း​​ ​စုံ​ထောက်​အ​ရာ​ရှိ​​ ​မတ်​ဟော​က​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​အဲ​လက်​၏​​ ​မိ​ဘ​များ​က​လည်း​​ ​သား​ဖြစ်​သူ​အ​တွက်​​ ​ဂုဏ်​ယူ​မ​ဆုံး​​ ​ရှိ​နေ​သည်​။​​ ထို​ဖြစ်​ရပ်​သည်​​ ​စက်​တင်​ဘာ​​ ​၁၀​​ ​ရက်​နေ့​​ ​မွန်း​လွဲ​ပိုင်း​က​​ ​ဖြစ်​ပွား​ခဲ့​ခြင်း​ဖြစ်​ပြီး​​ ​အ​လု​ခံ​ရ​သူ​သည်​​ ​လက်​ထဲ​မှ​​ iPhone​​ ​ကို​​ လူ​တစ်ဦး​က​​ ​လု​ယူ​ပြီး​​ ​ထွက်​ပြေး​သွား​သည်​ကို​​ ​ကြံု​ခဲ့​ရ​သော်​လည်း​​ ​ထို​သူ​ကို​​ ​မ​မှတ်​မိ​ခဲ့​ချေ​။​​

​ရွိုင်​ရယ်​သည်​​ ​ထောင်​ဒဏ်​​ ​၁၂​​ ​လ​​ ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ပြီး​​ ​ဒဏ်​ကြေး​​ ​ပေါင်​​ ​၅ဝ​​ ​နှင့်​​ ​တ​ရား​ရုံး​​ ​ကုန်​ကျ​စ​ရိတ်​​ ​၈၅​​ ​ပေါင်​ကို​​ ​ပေး​ဆောင်​ရ​မည်​ဟု​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here