မုန်လာဥနီသည်​ အသက်ရှည်ခြင်း၏​ လျှို့ဝှက်ချက်​ တစ်ခု​ ဖြစ်ကြောင်း​ သုတေသီများ​ ထောက်ခံပြောကြား

alt

မုန်​လာဥ​နီ​သည်​​​ ​အ​သက်​ရှည်​ခြင်း​၏​​ ​လျှို့​ဝှက်​ချက်​​ ​တစ်​ခု​ဖြစ်​ကြောင်း​​ ​အ​မေ​ရိ​ကန်​​ ​သု​တေ​သီ​များ​က​​ ​ထောက်​ခံ​ပြော​ဆို​လိုက်​သည်​။​​ ​အယ်​ဖာ​ကယ်​ရို​တင်း​​ ​ဓာတ်​သည်​​ ​လူ​တစ်ဦး​အား​​ ​ကျ​န်း​မာ​သန်​စွမ်း​အောင်​​ ​အ​ထောက်​အ​ပံ့​​ ​ဖြစ်​စေ​ပြီး​​ ​

ယင်း​ဓာတ်​မှာ​​ ​မုန်​လာဥ​နီ​တွင်​​ ​ပေါ​ကြွယ်​ဝ​စွာ​​ ​ပါ​ဝင်​ကြောင်း​​ ​သိ​ရ​သည်​။​​ DNA​​​ ​ပ​ရို​တင်း​နှင့်​​ ​အ​ဆီ​ဓာတ်​များ​ကို​​ ​အောက်​စီ​ဂျင်​နှင့်​​ ​ဆက်​နွယ်​သော​​ ​ထိ​ခိုက်​မှု​များ​​ ​ဖြစ်​ပေါ်​စေ​ရာ​မှ​​ ​နှ​လုံး​ရော​ဂါ​နှင့်​​ ​ကင်​ဆာ​တို့​​ ​ဖြစ်​ပေါ်​စေ​သော်​လည်း​​ ​အယ်​ဖာ​ကယ်​ရို​တင်း​က​​ ​ယင်း​ကို​​ ​ကာ​ကွယ်​ပေး​နိုင်​ကြောင်း​​ ​သု​တေ​သီ​များ​က​ဆို​သည်​။​​

​မုန်​လာဥ​နီ​တွင်​​ ​အယ်​ဖာ​ကယ်​ရို​တင်း​အ​ပြင်​​ ​ဘီ​တာ​ကယ်​ရို​တင်း​နှင့်​​ ​လိုင်​ကို​ပင်း​တို့​ပါ​​ ​ပါ​ဝင်​ပြီး​​ ​ရော​ဂါ​ကာ​ကွယ်​ဆေး​အ​ဖြစ်​​ ​သတ်​မှတ်​နိုင်​ကြောင်း​​ ​အ​မေ​ရိ​ကန်​​ ​ရော​ဂါ​ကာ​ကွယ်​ရေး​နှင့်​​ ​ထိန်း​ချုပ်​ရေး​ဌာ​န​မှ​​ ​ဒေါက်​တာ​ချို​ယန်​လွီ​က​​ ​ပြော​ဆို​ခဲ့​သည်​။​​ မုန်​လာဥ​နီ​သည်​​ ​ကင်​ဆာ​ကို​​ ​ကာ​ကွယ်​နိုင်​သည့်​​ ​သ​ဘာဝ​​ ​ဆေး​နည်း​တစ်​ခု​ဖြစ်​သ​လို​​ ​အ​ခြား​သော​​ ​အ​သီး​အ​ရွက်​များ​ကို​​ ​များ​များ​စား​သုံး​ခြင်း​သည်​လည်း​​ ​အယ်​ဖာ​ကယ်​ရို​တင်း​ကို​​ ​ပေါ​ကြွယ်​စွာ​​ ​ရ​ရှိ​စေ​မည်​ဟု​​ ​ဒေါက်​တာ​လွီ​က​​ ​ရှင်း​ပြ​ခဲ့​သည်​။​​ ​

သု​တေ​သီ​များ​က​​ ​အ​သီး​အ​ရွက်​များ​သည်​​ ​လူ​သား​များ​အ​တွက်​​ ​ရော​ဂါ​ကာ​ကွယ်​ရာ​တွင်​​ ​အ​ရေး​ပါ​သော​​ ​အ​ခန်း​ကဏ္ဍ​မှ​​ ​ရပ်​တည်​နေ​ကြောင်း​​ ​ပြော​ဆို​ခဲ့​သည်​။​​ ​အယ်​ဖာ​ကယ်​ရို​တင်း​ဓာတ်​သည်​​ ​အ​စိမ်း​ရောင်​၊​​ ​အ​နီ​ရောင်​၊​​ ​အဝါ​ရောင်​ရှိ​သော​​ ​သစ်​သီး​သစ်ဥ​နှင့်​​ ​ဟင်း​သီး​ဟင်း​ရွက်​များ​တွင်​​ ​ပါ​ဝင်​နေ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here