က​မ္ဘော​ဒီး​ယား​တွင်​​​ ​ပြည်​တွင်း​စစ်​လက်​ကျန်​​​ ​တင့်​ကား​ဖျက်​မိုင်း​​​ ​ပေါက်​ကွဲ​မှု​ဖြစ်​ပွား

alt

က​မ္ဘော​ဒီး​ယား​​​ ​နိုင်ငံ​တွင်​​ ​ပြည်​တွင်း​စစ်​ကာ​လ​လက်​ကျန်​​​ ​တင့်​ကား​ဖျက်​မိုင်း​တစ်​လုံး​​ ​ပေါက်​ကွဲ​ရာ​​ ​လူ​​ ​၁၄​​ ဦး​ထက်​မ​နည်း​​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​​ ​ထ​ရက်​တာ​​ ​တစ်​စင်း​တွင်​​ စီး​နင်း​လိုက်​ပါ​လာ​သူ​များ​သည်​​

​အ​ဆို​ပါ​​ ​ထ​ရက်​တာ​​ ​နင်း​မိုင်း​ပေါ်​​ ​ဖြတ်​ကျော်​စဥ်​​ ​ပေါက်​ကွဲ​မှု​ကြောင့်​​ အ​သက်​ဆုံး​ရှံုး​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​နို​ဝင်​ဘာ​​ ​၁၇​​ ​ရက်​နေ့​က​​ ​နိုင်ငံ​အ​နောက်​ပိုင်း​ရှိ​​ ​ပြည်​တွင်း​စစ်​​ ​ဖြစ်​ပွား​ခဲ့​ရာ​​ ​ဒေ​သ​အ​တွင်း​​ ​ပေါက်​ကွဲ​မှု​ကြောင့်​​ ​သေ​သူ​များ​အ​နက်​​ ​မိန်း​က​လေးငယ်​​ ​တစ်ဦး​နှင့်​​ ​အ​မျိုး​သ​မီး​​ ​ကိုးဦး​တို့​​ ​ပါ​ဝင်​ကြောင်း​​ ​သိ​ရ​သည်​။​​ ​အာ​ဏာ​ပိုင်​များ​က​​ င​ရုတ်​စိုက်​ခင်း​​ ​တစ်​ခု​မှ​​ ​အ​လုပ်​သိမ်း​ပြီး​အ​ပြန်​​ ​မိ​သား​စု​​ ​၅​​ ​ခု​မှ​​ ​လူ​များ​​ ​စီး​နင်း​လိုက်​ပါ​လာ​သော​​ ​ထ​ရက်​တာ​သည်​​ ​မိုင်း​ကို​​ ​တက်​နင်း​မိ​ခြင်း​ဟု​​ ​ကြေ​ညာ​ခဲ့​သည်​။​​ ​

၁၉၆၀​​ ​ပြည့်​လွန်​ကာ​လ​များ​မှ​​ ​၁၉၉၀​​ ​ပြည့်​လွန်​နှစ်​များ​ထိ​​ ​ပြည်​တွင်း​စစ်​ဒဏ်​ကို​​ ​ခံ​ခဲ့​ရ​ပြီး​​ ​လက်​ကျန်​မိုင်း​များ​၏​​ ​ခြိမ်း​ခြောက်​မှု​ကို​​ ​ယ​ခု​တိုင်​​ ​ကြံု​နေ​ရ​ဆဲ​ဖြစ်​သ​ည်​။​​ ​က​မ္ဘော​ဒီး​ယား​သည်​​ ​နိုင်ငံ​တ​ကာ​မှ​​ ​မိုင်း​ရှင်း​အ​ဖွဲ့​များ​​ ​အ​ကူ​အ​ညီ​ဖြင့်​​ ​မိုင်း​ပေါင်း​​ ​၂.​၇​​ ​သန်း​ကျော်​ကို​​ ​ရှာ​ဖွေ​ရှင်း​လင်း​ပြီး​​ ​ဖြစ်​သော်​လည်း​​ ​နိုင်ငံ​အ​တွင်း​​ ​မိုင်း​အ​လုံး​ပေါင်း​​ ​၄​​ ​သန်း​မှ​​ ​၅​​ ​သန်း​ထိ​​ ​ရှိ​နေ​ဆဲ​ဟု​​ ​ခန့်​မှန်း​ထား​သည်​။​​ ​က​မ္ဘော​ဒီး​ယား​​ ​အ​စိုး​ရ​၏​​ ​စာ​ရင်း​များ​အ​ရ​​ ​ပြည်​တွင်း​စစ်​​ ​ပြီး​ဆုံး​ပြီး​နောက်​ပိုင်း​​ ​စစ်​လက်​ကျန်​​ ​မိုင်း​များ​ကြောင့်​​ ​သေ​ဆုံး​သူ​​ ​အ​ရေ​အ​တွက်​​ ​၆၃၇၅၄​​ ဦး​​ ​အ​နည်း​ဆုံး​​ ​ရှိ​နေ​ကြောင်း​​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here