ရင်​တု​ဖယ်​ရှား​ပေး​ရန်​ ​ခိုင်း​စေ​မှု​ကြောင့်​ ​အ​မေ​ရိ​ကန်​အ​မျိုး​သ​မီး​ ​ဒေါ​သ​ထွက်

alt

အ​မေ​ရိ​ကန်​​​ ​လေ​ဆိပ်​တစ်​ခု​တွင်​​​ ​အ​မျိုး​သ​မီး​တစ်ဦး​မှာ​​​ ​သူ​မ​တပ်​ဆင်​လာ​သည့်​​​ ​ရင်​တု​ကို​​ ​ဖယ်​ရှား​ရန်​​​ ​ခိုင်း​စေ​မှု​ကြောင့်​​ ​စိတ်​ပျက်​ဒေါ​သ​ထွက်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​​ ဩ​ဂုတ်​လ​အ​တွင်း​​ ​ကေ​သီ​ဘော်​ ဆီ​အ​မည်​ရှိ​​ ​ရင်​သား​ကင်​ဆာ​​ ​ဖြစ်​ခဲ့​ဖူး​သူ​​ ​​လေ​ယာဥ်​မယ်​သည်​​

​မြောက်​ပိုင်း​ကာ​ရို​လိုင်း​နား​ရှိ​​ ​ချာ​လော့​တီ​​ ​ဒေါက်​ဂ​လက်​​ ​လေ​ဆိပ်​တွင်​​ ​ယင်း​ဖြစ်ရပ်​နှင့်​​ ​ကြံု​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​

အ​မေ​ရိ​ကန်​​ ​လေ​ဆိပ်​များ​တွင်​​ ​ခ​န္ဓာ​ကိုယ်​အ​နှံ့​​ Scan​​ ဖတ်​​ ​စစ်​ဆေး​မှု​ကို​​ ​စ​တင်​ပြု​လုပ်​နေ​ပြီ​ဖြစ်​ရာ​​ ​သူ​မ​၏​​ ​ခ​န္ဓာ​ကိုယ်​ပေါ်​တွင်​​ ​ဓာတ်​ရောင်​ခြည်​​ ​မ​ကျ​ရောက်​စေ​လို​ကြောင်း​​ ​ဘော်​ဆီ​က​​ ​ငြင်း​ဆန်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ထို​အ​ခါ​​ ​လေ​ဆိပ်​မှ​​ ​လုံ​ခြံု​ရေး​ဝန်​ထမ်း​​ ​အ​မျိုး​သ​မီး​​ ​ နှစ်ဦး​တို့​သည်​​ ​ဘော်​ဆီ​အား​​ ​သီး​သန့်​ခန်း​အ​တွင်း​ခေါ်​ကာ​​ ​စစ်​ဆေး​မှု​များ​​ ​ပြု​လုပ်​ခဲ့​သည်​။​​ ​လုံ​ခြံု​ရေး​​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​​ ​သူ​မ​၏​​ ​ရင်​ဘတ်​အား​​ ​ကိုင်​မိ​သည့်​အ​ခါ​​ ​မည်​သည့်​အ​ရာ​ဆို​သည်​ကို​​ ​မေး​ခဲ့​ကြောင်း​၊​​ ​သူ​မ​က​​ ​ ရင်​သား​ကင်​ဆာ​​ ​ဖြစ်​ဖူး​သ​ဖြင့်​​ ​ဖြတ်​တောက်​ထား​ရ​ပြီး​​ ​အ​တု​တပ်​ထား​ရ​ခြင်း​ဖြစ်​ကြောင်း​​ ​ရှင်း​ပြ​သည့်​အ​ခါ​​ ​လုံ​ခြံု​ရေး​​ ​အ​မျိုး​သ​မီး​က​​ ​ထို​အ​ရာ​ကို​​ ​ချွတ်​ခိုင်း​ခဲ့​ကြောင်း​​ ​ပြော​ဆို​သွား​သည်​။​​ ​

အ​သက်​​ ​၃၂​​ ​နှစ်​အ​ရွယ်​​ ​ဘော်​ ဆီ​က​​ ​သူ​မ​၏​​ ​အ​တွင်း​ခံ​​ ​ဘ​ရာ​စီ​ယာ​အောက်​မှ​​ ​ရင်​တု​ကို​​ ​ချွတ်​ပြ​လိုက်​ရ​ကြောင်း​၊​​ ​ထို​အ​တွေ့​အ​ကြံု​သည်​​ ​သူ​မ​အ​တွက်​​ ​စိတ်​ပျက်​ပြီး​​ ​စက်​ဆုပ်​ဖွယ်​ကိ​စ္စ​ဖြစ်​ကြောင်း​​ ​ပြော​ဆို​သွား​သည်​။​​ ​မိ​မိ​သည်​​ ​လေ​ယာဥ်​မယ်​​ တစ်ဦး​အ​ ဖြစ်​​ ကာ​လ​ကြာ​ရှည်​​ ​လုပ်​ကိုင်​ဖူး​သော်​လည်း​​ ​ထို​သို့​သော​​ ​ကိ​စ္စ​မျိုး​​ ​ကြံု​ရ​မည်​ကို​​ ​မ​စဥ်း​စား​ခဲ့​ဖူး​ကြောင်း​​ ​ဘော်​ဆီ​က​ဆို​သည်​။​​ အ​မေ​ရိ​ကန်​​ ​လေ​ဆိပ်​များ​တွင်​​ ​လုံ​ခြံု​ရေး​အ​တွက်​​ ​စေ့​စေ့​စပ်​စပ်​​ ​ကိုင်​တွယ်​ဆောင်​ရွက်​မှု​များ​ သည်​​ ​ခ​ရီး​သွား​များ​အ​တွက်​​ ​မ​ကြာ​ခ​ဏ​​ ​စိတ်​အ​နှောင့်​အ​ယှက်​​ ​ဖြစ်​ဖွယ်​ရာ​​ ​ကြံု​ရ​လေ့​ရှိ​သည်​။​​ ​စိန့်​လူး​ဝစ်​ရှိ​​ ​လမ်း​ဘတ်​လေ​ဆိပ်​တွင်​​ ​ပန်​နီ​မို​ရို​နီ​​ ​အ​မည်​ရှိ​​ ​ခ​ရီး​သည်​တစ်ဦး​က​လည်း​​ ၎င်း​၏​​ ​ဖြတ်​တောက်​ထား​ရ​သော​​ ​ခြေ​ ထောက်​နေ​ရာ​မှ​​ ​ဒူး​ခေါင်း​အ​တု​ကို​​ ​ထောက်​လှမ်း​မိ​ပြီး​နောက်​​ ​အ​တင်း​ပြ​သ​စေ​သ​ဖြင့်​​ ​စိတ်​အ​နှောင့်​အ​ယှက်​​ ​ဖြစ်​ရ​ကြောင်း​​ ​ပြော​ဆို​ခဲ့​ဖူး​သည်​။​​ ​

အ​မေ​ရိ​ကန်​​ ​လေ​ကြောင်း​ပို့​ဆောင်​ရေး​​ ​ဌာ​န​က​မူ​​ ​အ​ကြမ်း​ဖက်​မှု​များ​ကို​​ ​ ဟန့်​တား​နိုင်​ရန်​​ ​ရည်​ရွယ်​ချက်​ဖြင့်​​ ​လုံ​ခြံု​ရေး​ကို​​ ​အ​လေး​ပေး​​ ​ဆောင်​ရွက်​နေ​ရ​သည့်​​ ​အ​ခြေ​အ​နေ​တွင်​​ ​နား​လည်​မှု​​ ​လွဲ​ချော်​သည့်​​ ​အ​နေ​အ​ထား​အ​ချို့​​ ​ရှိ​နိုင်​ကြောင်း​၊​​ ​ရင်​တု​ကို​​ ​ဖြုတ်​ခိုင်း​သည့်​​ ​ကိ​စ္စ​မျိုး​မှာ​​ ​လိင်​ပိုင်း​ဆိုင်​ရာ​​ ​ဖိ​နှိပ်​စော်​ကား​မှု​​ ​မ​ဟုတ်​ကြောင်း​​ ​ကာ​ကွယ်​ပြော​ဆို​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here