သစ်သီးဖျော်ရည်​ သောက်ခြင်းဖြင့်​ သွေးတိုး​ ရောဂါ​ ဖြစ်နိုင်ခြေ​ လျော့နည်းစေ

alt

သစ်​သီး​ဖျော်​ရည်​​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​​ ​သွေး​တိုး​မှု​ကို​​ ​ထိန်း​ညှိ​ပေး​နိုင်​ကြောင်း​​ ​သု​တေ​သ​န​​ ​ရ​လဒ်​များ​က​​ ​ညွှန်​ပြ​လျက်​ရှိ​သည်​။​​ ​တစ်​နေ့​လျင်​​ ​သစ်​သီး​ဖျော်​ရည်​​ ​နှစ်​ခွက်​မျှ​​ ​ပျမ်း​မျှ​သောက်​သုံး​ သော​​ ​သက်​လတ်​ပိုင်း​​ ​အ​ရွယ်​များ​တွင်​​ ​

သွေး​တိုး​ရော​ဂါ​၊​​ ၎င်း​နှင့်​ဆက်​စပ်​နေ​သော​​ ​နှ​လုံး​ရော​ဂါ​စ​သည်​တို့​​​ ​ဖြစ်​ပေါ်​နိုင်​ခြေ​​ ​လျော့​နည်း​ကျ​ဆင်း​သွား​ကြောင်း​​ ​သိ​ရ​သည်​။​​

လိ​မ္မော်​ရည်​ကဲ့​သို့​​ ​သစ်​သီး​ဖျော်​ရည်​များ​ကို​​ ​တစ်​ နေ့​လျင်​​ ​လီ​တာ​ဝက်​မျှ​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​ ​ကျန်း​မာ​ရေး​အ​တွက်​​ ​အ​ထောက်​အ​ကူ​​ ​ဖြစ်​စေ​မည်​ဟု​​ ​ပြင်​သစ်​နိုင်ငံ​​ ​အူ​ဗာ​နီတ​က္က​သိုလ်​မှ​​ ​သု​တေ​သီ​များ​က​​ ​ထောက်​ခံ​ခဲ့​သည်​။​​ ​သွေး​တိုး​ခြင်း​သည်​​ နှ​လုံး​ရော​ဂါ​​ ​ဖြစ်​ ပွား​စေ​သည့်​​ ​အ​ဓိ​က​​ ​အ​ကြောင်း​ရင်း​​ ​တစ်​ခု​ဖြစ်​ပြီး​​ ​ရုတ်​တ​ရက်​​ ​နှ​လုံး​တိုက်​ခိုက်​မှု​​ ​ဖြစ်​စဥ်​အား​လုံး​၏​​ ​၅၀​​ ​ရာ​ခိုင်​နှုန်း​သည်​​ ​သွေး​တိုး​ခြင်း​နှင့်​​ ​ဆက်​နွယ်​နေ​ကြောင်း​​ ​က​မ္ဘာ့​ကျန်း​မာ​ရေး​​ ​အ​ဖွဲ့​ကြီး​က​​ ​ခန့်​မှန်း​ထား​သည်​။​​ ​

လေး​ပါတ်​ကြာ​​ ​စမ်း​သပ်​မှု​​ ​ရ​လဒ်​များ​က​​ ​လိ​မ္မော်​ရည်​ကဲ့​သို့​​ ​သစ်​သီး​ဖျော်​ရည်​များ​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​ ​လူ​တစ်ဦး​တွင်​​ ​သွေး​တိုး​နိုင်​ခြေ​ကို​​ ​သိ​သိ​သာ​သာ​​ ​လျော့​ကျ​သွား​စေ​နိုင်​ကြောင်း​​ ​ပြင်​သစ်​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​သို့​သော်​လည်း​​ ​ယ​ခင်​က​​ ​ဆေး​ပ​ညာ​​ ​သု​တေ​သ​န​​ ​စစ်​တမ်း​များ​က​မူ​​ ​​ ​သွေး​တိုး​ကျ​ဆေး​​ ​သောက်​သူ​များ​သည်​​ ​သစ်​သီး​ဖျော်​ရည်​​ ​သောက်​သုံး​မှု​ကို​​ ​မည်​သည့်​အ​တိုင်း​အ​တာ​ထိ​​ ​ခွင့်​ပြု​ရန်​​ ​သင့်​မ​သင့်​နှင့်​​ ​ ပတ်​သက်​ပြီး​​ ​ဆ​ရာ​ဝန်​နှင့်​​ ​ဆွေး​နွေး​တိုင်​ပင်သင့်​ကြောင်း​​ ​အ​ကြံ​ပြု​ထား​ဖူး​သည်​။​​

ပ​ညာ​ရှင်​​ ​အ​ချို့​တို့​က​လည်း​​ ​သစ်​သီး​ဖျော်​ရည်​သည်​​ ​အ​ချို့​သော​​ ​ဆေး​ဝါး​များ​ကို​​ ​အာ​နိ​သင်​​ ​လျော့​ကျ​သွား​စေ​နိုင်​ကြောင်း​​ ​ပြော​ကြား​ ထား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here