တောင်ကိုရီးယားနှင့်​ မြောက်ကိုရီးယားတို့​ အမြင့်ဆုံးအဆင့်ဖြင့်​ တပ်လှန့်

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

မြောက် ကိုရီးယားသည်​ တောင် ကိုရီးယား ကျွန်းပေါ်သို့​ အမြောက်များဖြင့်​ ဒါဇင်ပေါင်း များစွာ​

ပစ်ခတ်ခဲ့သည့် အတွက်​ အနည်းဆုံး​ လူ (၂) ဦး​ သေဆုံးပြီး​ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့်​ တောင်ကိုရီးယား စစ်တပ်အနေဖြင့်​ အမြင့်ဆုံး အဆင့်​ တပ်လှန့်ထားပါသည်။

၁၉၅၀-၅၃​ စစ်ပွဲမှစ၍​ အဆိုးဝါးဆုံးသော​ နယ်ခြား ပစ်ခတ်မှုတစ်ခုဖြစ်ပါသည်။​ အင်္ဂါနေ့တွင်​ ဖြစ်ပွားသည့်​ ပစ်ခတ်မှုကြောင့်​ တောင် ကိုရီးယား အစိုးရ အဖွဲ့သည်​ မြေအောက် စစ်ဆင်ရေး အခန်းတွင်​ စုရုံးခဲ့ပါသည်။

တောင် ကိုရီးယားအနေဖြင့်​ ၎င်း၏​ စစ်တပ်ကို​ အမြင့်ဆုံးအဆင့်အဖြစ်​ တပ်လှန့်ထားပြီး​ ပစ်ခတ်မှုဖြစ်ပွားသည့်​ ယုံပြံုး (Yeonpyeong)​ ကျွန်းပေါ်သို့​ F-16​ တိုက် လေယာဉ်များ ပျံသန်း၍​ အခြေအနေကို​ အကဲဖြတ်နေပါသည်။​ မြောက် ကိုရီးယားက​ တောင်ကိုရီးယားမှ​ စတင်၍​ အမြောက််ဖြင့်​ ပစ်ခတ်သဖြင့်​ စစ်ရေး အရ​ တုန့်ပြန် ရသည်ဟု​ ဆိုပါသည်။

မြောက် ကိုရီးယားတို့​ အကြိမ်ကြိမ်​ သတိပေးသည့် ကြားက​ တောင် ကိုရီးယား အနေဖြင့်​ ၁၃းဝဝ​ နာရီမှစ၍​ အမြောက်ဖြင့်​ ဒါဇင်ပေါင်းများစွာ​ ပစ်ခတ်သဖြင့်​ မိမိတို့ အနေဖြင့်​ စစ်ရေး အရ​ ပြင်းထန်စွာ​ ချက်ခြင်း တုန့်ပြန် ရသည်ဟု​ မြောက် ကိုရီးယား၏​ တရားဝင်​ KCNA​ သတင်း အေဂျင်စီမှ​ အကျဉ်းချုပ်​ ဖော်ပြချက် အနေဖြင့်​ ပြောကြားခဲ့ခြင်း​ ဖြစ်ပါသည်။

ထိုသို့​ အပြန်အလှန်ပစ်ခတ်မှုကြောင့်​ မြောက်ကိုရီးယားအနေဖြင့်​ ပျက်ဆီးဆုံးရှုံးမှုများကို​ အသေးစိတ်​ ဖော်ပြခြင်း​ မရှိပါ။​ တောင်ကိုရီးယားသမ္မတ​ မစ္စတာ​ လီမြွန်ဘတ်​ (Mr.​ Lee​ Myung-Bak)​ သည်​ ယခု​ ပစ်ခတ်မှုအတွက်​ တုန့်ပြန်ရန်​ အရေးပေါ်​ လုံခြံုရေး​ အစည်းအဝေးကို​ ခေါ်ယူကျင်းပ​ ခဲ့ပါသည်။

တောင်ကိုရီးယား​ သမ္မတကြေညာချက်တွင်​ မိမိတို့​ စစ်တပ်သည်​ ထပ်မံ၍​ တိုက်ခိုက်လာပါက​ ပြင်းထန်စွာ​ လက်တုန့်ပြန်မည်ဟု​ ဖော်ပြထားပါသည်။​ မြောက်ကိုရီးယားမှ​ ယုံပြံုး​ (Yeonpyeong)​ ကျွန်းပေါ်သို့​ အမြောက်ဖြင့်​ ပစ်ခတ်မှုသည်​ သိသာ​ ထင်ရှားစွာ​ လက်နက်ဖြင့်​ တိုက်ခိုက်ခြင်း​ ဖြစ်ကြောင်း၊​ ၎င်းတို့၏​ လက်လွတ်စပယ်​ ပြည်သူများ အပေါ်​ ပစ်မှတ်ထား၍​ အမြောက်ဖြင့်​ ပစ်ခတ်​ ခြင်းသည်​ ခွင့်လွှတ်စရာမဟုတ်သော​ အပြုအမူဖြစ်ကြောင်း၊​ မြောက် ကိုရီးယား​ အာဏာပိုင်များ​ အနေဖြင့်​ တာဝန်ယူရမည်ဖြစ်ကြောင်းဖြင့်​ ဖော်ပြထားပါသည်။

အမေရိကန်အစိုးရက​ ယခု​ တိုက်ခိုက်မှုကို​ ပြင်းထန်စွာ​ ရှုံ့ချလိုက်ပြီး​ မြောက်ကိုရီးယား​ အနေဖြင့်​ ယခုလို​ ရန်လိုသော​ အပြုအမူကို​ ရပ်တန်းက​ ရပ်ရန်နှင့်​ အပစ်အခတ်ရပ်စဲရေး​ သဘော​ တူညီပါ​ စည်းကမ်းများကို​ အပြည့်အဝ​ လိုက်နာရန်​ တောင်းဆိုခဲ့ပါသည်။

အိမ်ဖြူတော်မှ​ အမေရိကန်​ အစိုးရအနေဖြင့်​ မိမိတို့၏​ မဟာမိတ်​ တောင်ကိုရီးယား၏​ ကာကွယ်ရေးအတွက်​ အပြည့်အဝ ဆောင်ရွက်​ ပေးသွားမည်​ ဖြစ်ကြောင်းနှင့်​ ဒေသတွင်း​ ငြိမ်းချမ်းရေး​ နှင့်​ တည်ငြိမ်မှု​ ရှိအောင်​ ထိန်းသိမ်း​ သွားမည်​ ဖြစ်ကြောင်းဖြင့်​ ကြေညာ​ ခဲ့ပါသည်။

တောင်ကိုရီးယားတွင်​ အမေရိကန်​ တပ်သားပေါင်း​ ၂၈,၀၀၀​ ခန့်​ ရှိပါသည်။​ အမေရိကန်​ စစ်တပ်အနေဖြင့်​ အနီးကပ်​ စောင့်ကြည့်လျက်​ ရှိကြောင်းဖြင့်​ အမေရိကန်​ အရာရှိက​ ပြောကြားပါသည်။​ တင်မာမှု​ ဖြစ်လျက်ရှိသော​ ပင်လယ်ဝါ​ (Yellow​ Sea)​ အနီးရှိ​ တောင်ကိုရီးယား၏​ နယ်စပ်ယုံပြံုး​ (Yeonpyeong​ Island)​ ပေါ်သို့​ မြောက်ကိုရီးယားက​ အမြောက်ဖြင့်​ အကြိမ်(၅၀)ခန့်​ ပစ်ခတ်ခဲ့​ သည်ဟု​ ဆိုပါသည်။

YTN​ ရုပ်မြင်သံကြားက​ သတင်းပို့ရာ၌​ အိမ်ဒါဇင်ပေါင်းများစွာ​ ပျက်စီးခဲ့ပြီး၊​ လေထဲသို့​ မီးခိုးလုံးကြီးများ​ တက်လာ​ ခဲ့သည်ဟု​ ဆိုပါသည်။​ Aljazeera​ ၏​ တောင်ကိုရီးယား​ နိုင်ငံ၊​ ဆိုးလ်မြို့တွင်​ အခြေစိုက်သော​ သတင်းထောက်​ Steve​ Chao​ က​ ယခုကျွန်းသည်​ တောင်ကိုရီးယားရေတပ်၏​ ဒုတိယ​ ရေတပ်​ စခန်း​ ဖြစ်ပြီး​ ယခင်က​ မြောက်ကိုရီးယားက​ တိုက်ခိုက်​ ခဲ့ဖူးသည်ဟု​ ဆိုပါသည်။​ မနေ့က​ တောင်ကိုရီးယားနှင့်​ အမေရိကန်တို့​ ရေတပ်​ စစ်ရေး​ ပူးတွဲ​ လေ့ကျင့်မှုကို​ ပြုလုပ်​ ခဲ့ကြောင်း​ ၎င်းက​ ဆိုပါသည်။

ယုံပြံုးကျွန်းတွင်​ အမြဲတမ်း​ တပ်စွဲထားသည့်​ တောင်ကိုရီးယား​ မရင်းတပ်သား​​ (၂)​​ ဦး​ သေဆုံး​ သည်ဟု​ စစ်တပ်က​ ပြောကြာ​း​ ပါသည်။​ မရင်းတပ်သား​ (၁၇)​​ ဦး​ ဒဏ်ရာရရှိခဲ့သည်ဟု​ စစ်တပ်က​ ပြောကြားခဲ့ပြီး​ YTN​ ရုပ်မြင်သံကြားက​ ပြည်သူ​​ (၂)​​ ဦး​ ဒဏ်ရာရကြောင်းဖြင့်​ ဆိုပါသည်။

အစိုးရ​ ပြောရေး​ ဆိုခွင့်ရှိသူက​ မြောက်ကိုရီးယားမှ​ အမြောက်တပ်သည်​ ၂၄း၃၄​ (၀၅၃၄​ GMT)​ တွင်​ တရားမဝင်​​ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက်​ တောင်ကိုရီးယားတပ်များက​ မိမိကိုယ်ကို​ ကာကွယ်သောအားဖြင့်​ ချက်ခြင်း​ တုန့်ပြန်ပစ်ခတ်ခဲ့သည်ဟု​ ဆိုပါသည်။​ ၎င်းက​ ဆက်လက်​ ပြောကြားရာ၌​ တိုက်ခိုက်မှု​ အခြေအနေကြောင့်​ Class-A​ စစ်ရေး​ တပ်လှန့်မှုကို​ ချက်ခြင်းထုတ်ပြန်​ ခဲ့ကြောင်းဖြင့်​ ၎င်းက​ ဆိုပါသည်။

YTN​ ရုပ်မြင်သံကြားသို့​ ကျွန်းပေါ်တွင်​ နေထိုင်သူ​ Lee​ Jong​ Sik​ က​ ပြောကြားရာတွင်​ အနည်းဆုံး​ အိမ်​​ (၁၀)​​ လုံး​ မီးလောင်ကြောင်း၊​ မီးခိုးလုံးများကြောင့်​ သဲကွဲစွာ​ မမြင်ရကြောင်း၊​ တောင်တန်းဘက်နေရာတွင်​ မီးများလည်း​ လောင်နေကြောင်း၊​ မိမိတို့ကို​ နေအိမ်မှ​ ထွက်သွားကြရန်​ လော်စပီကာဖြင့်​ ပြောကြားကြောင်း​ ဆိုပါသည်။

လင်း​ဦး​ (​ ​စိတ်​ပ​ညာ​ )​

LEAVE A REPLY

Please enter your comment!
Please enter your name here