တ​ရုတ်​ကြက်​တောင်​​​ ရိုက်​ချန်​ပီ​ယံ​​​ ​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ​တွင်​​ ​ဗိုလ်​စွဲ

alt

အာ​ရှ​အား​က​စား​ပွဲ​၏​​​ ​ကြက်​တောင်​ပြိုင်​ပွဲ​​​ ​အ​မျိုး​သား​​ ​တစ်ဦး​ချင်း​​​ ​ဗိုလ်​လု​ပွဲ​စဥ်​တွင်​​​ ​လင်​ဒန်​က​​ ​အ​နိုင်​ရ​​​ ​ဗိုလ်​စွဲ​သွား​သည်​။​​​ ​တ​ရုတ်​နိုင်ငံ​မှ​​ ​က​မ္ဘာ့​ချန်​ပီ​ယံ​​​ ​၃​​ ​ကြိမ်​ဖြစ်​ဖူး​သူ​​​ ​လင်​သည်​​ ​ဗိုလ်​စွဲ​ရန်​​ ​၁​​ ​ပေး​ ခံ​ထား​ရ​သူ​​ ​မ​လေး​ရှား​​ ​နိုင်ငံ​သား​​ ​လီ​ချွန်​ဝေ​ကို​​ ​၁၃-၂၁​၊​​ ​၂၁-၁၅​၊​​ ​၁၀-၂၁​​ ​ဖြင့်​​ ​အ​နိုင်​ရ​ရှိ​ခဲ့​သည်​။​​

​အို​လံ​ပစ်​​ ​ရွှေ​တံ​ဆိပ်​ဆု​ရှင်​​ ​လင်​နှင့်​​ ​နာမည်​ကြီး​​ ​က​စား​သ​မား​​ ​လီ​တို့​သည်​​ ​အ​ပြန်​အ​လှန်​​ ​ပ​ညာ​ခန်း​​ ​ပြိုင်​ခဲ့​ကြ​ပြီး​​ ​အ​ချို့​ ရိုက်​ချက်​များ​သည်​​ ​တစ်​နာ​ရီ​​ ​၁၈၅​​ ​ကီ​လို​မီ​တာ​​ ​အ​မြန်​နှုန်း​ထိ​​ ​ရှိ​ခဲ့​သည်​။​​ ​တက်​ကြွ​နေ​သော​​ ​တ​ရုတ်​ပ​ရိ​သတ်​များ​သည်​​ ၎င်း​တို့​၏​​ ​အိမ်​ခံ​က​စား​သ​မား​​ ​ခပ်​ပြင်း​ပြင်း​​ ​တစ်​ချက်​ရိုက်​လိုက်​တိုင်း​​ Sha​​ ​ဟု​​ ​အော်​ဟစ်​ကြွေး​ ကြော်​ခဲ့​ကြ​သည်​။​​ ​ယင်း​သည်​​ ​တ​ရုတ်​ဘာ​သာ​ဖြင့်​​ Smash​​​ ခုတ်​ချ​လိုက်​ခြင်း​ကို​​ ​ချီး​ကျူး​ကြ​ခြင်း​ဖြစ်​သည်​။​​

​နို​ဝင်​ဘာ​​ ​၂၂​​ ​ရက်​နေ့​က​​ ​လီ​သည်​​ ​တ​ရုတ်​နိုင်ငံ​အ​တွက်​​ ​ရွှေ​တံ​ဆိပ်​ကို​​ ​ရ​ယူ​ပေး​ခဲ့​သော်​လည်း​​ ​ထို​မ​တိုင်​မီ​​ ​တစ်​ ရက်​က​​ ​အ​မျိုး​သား​၊​​ ​အ​မျိုး​သ​မီး​​ ​နှစ်ဦး​တွဲ​​ ​ဗိုလ်​လု​ပွဲ​တွင်​​ ​တ​ရုတ်​မှ​​ ​ဇန်​နန်း​နှင့်​​ ​ဇောင်​ယူ​နီး​တို့​​ ​အ​တွဲ​သည်​​ ​တောင်​ကို​ရီး​ယား​မှ​​ ​ရှင်​ဘေ​ချော​နှင့်​​ ​လို​ဟွိုင်​ဂျန်​တို့​ကို​​ ​အ​ရေး​နိမ့်​ကာ​​ ​ငွေ​တံ​ဆိပ်​ဖြင့်​သာ​​ ​ကျေ​နပ်​ခဲ့​ရ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here