မြောက်ကိုရီးယားက​ တောင်ကိုရီးယားနိုင်ငံအတွင်းသို့​ လက်နက်ကြီးများဖြင့်​ ပစ်ခတ်

alt

မြောက်​ကို​ရီး​ယား​က​​​ ​တောင်​ကို​ရီး​ယား​​ ​ပိုင်​နက်​အ​တွင်း​​​ ​လက်​နက်​ကြီး​ဖြင့်​​ ​ပစ်​ခတ်​ခဲ့​ပြီး​နောက်​​​ ​နှစ်​နိုင်ငံ​​ ​တင်း​မာ​မှု​​​ ​အ​မြင့်​ဆုံး​သို့​​ ​ရောက်​ရှိ​သွား​ကြောင်း​​​ ​သိ​ရ​သည်​။​​

​နို​ဝင်​ဘာ​​ ​၂၃​​ ​ရက်​နေ့​​ ​နံ​နက်​ ပိုင်း​က​​ ​မြောက်​ကို​ရီး​ယား​က​​ ​ပစ်​ခတ်​လိုက်​သော​​ ​အ​မြောက်​ဆံ​များသည်​​ ​တောင်​ကို​ရီး​ယား​ပိုင်​​ ​ယွန်​ပြောင်း​ကျွန်း​ပေါ်​သို့​​ ​ကျ​ရောက်​ပေါက်​ကွဲ​ခဲ့​ရာ​​ ​လူ​​ ​၁​​ ဦး​သေ​ဆုံး​ခဲ့​သည်​။​​ ​ယ​ခု​ဖြစ်​ရပ်​မှာ​​ ​၁၉၅၀-၅၃​​ ​ကို​ရီး​ယား​ကျွန်း​ ဆွယ်​​ ​စစ်​ပွဲ​နောက်​ပိုင်း​​ ​အ​ဆိုး​ရွား​ဆုံး​​ ​နယ်​စပ်​အ​ရေး​အ​ခင်း​​ ​ဖြစ်​လာ​သည်​။​​ ​

အ​မြောက်​ဆံ​များ​ ​ကျ​ရောက်​လာ​သည်​နှင့်​​ ​တောင်​ကို​ရီး​ယား​​ ​စစ်​တပ်​က​လည်း​​ ​မြောက်​ကို​ရီး​ယား​ဖက်​သို့​​ ​တုန့်​ပြန်​ပစ်​ခတ်​ခဲ့​ကြောင်း​​ ​ တောင်​ကို​ရီး​ယား​​ ​အ​စိုး​ရ​က​​ ​ကြေ​ညာ​ခဲ့​သည်​။​​ ​မြောက်​ကို​ရီး​ယား​ဖက်​တွင်​​ ​အ​ထိ​ခိုက်​၊​​ ​အကျ​ဆုံး​​ ​ရှိ​မ​ရှိ​​ ​မ​သိ​ရ​သေး​သော်​လည်း​​ ​တောင်​ကို​ရီး​ယား​က​​ ​စစ်​တပ်​များ​ကို​​ ​တပ်​လှန့်​ထား​လိုက်​သ​လို​​ တိုက်​လေ​ယာဥ်​များ​ကို​ လည်း​​ ​အ​သင့်​အ​နေ​အ​ထား​​ ​ပြင်​ဆင်​ထား​စေ​ကြောင်း​​ ​သိ​ရ​သည်​။​​ ယွန်​ပြောင်း​ကျွန်း​ပေါ်​​ ​ကျ​ရောက်​လာ​သော​​ ​အ​မြောက်​ဆံ​​ ​အ​ရေ​အ​တွက်​မှ​​ ​၅၀​​ ​မျှ​ရှိ​ပြီး​​ Class​​ A​​ ​လက်​နက်​ကြီး​ယူ​နစ်​များ​ဖြင့်​​ ​ပစ်​ခတ်​ခြင်း​ဟု​​ ​ခန့်​မှန်း​ ရ​ကြောင်း​​ ​တောင်​ကို​ရီး​ယား​​ ​ကာ​ကွယ်​ရေး​​ ​ဝန်​ကြီး​ဌာ​န​​ ​ပြော​ရေး​ဆို​ခွင့်​ရ​​ ​အ​ရာ​ရှိ​တစ်ဦး​က​​ ​ပြော​ဆို​သွား​သည်​။​​ ​ပစ်ခတ်​မှု​ကြောင့်​​ ​မီး​ခိုး​များ​​ ​ထ​လာ​သ​လို​​ ​မြင်​ကွင်း​များ​​ ​ဝေ​ဝါး​ခဲ့​ကြောင်း​၊​​ ​အိမ်​​ ​၁၀​​ ​လုံး​ခန့်​​ ​မီး​လောင်​ခဲ့​ပြီး​​ ​တောင်​ကို​ရီး​ယား​​ ​စစ်​သား​များ​က​​ ​နေ​အိမ်​များ​မှ​​ ​ထွက်​ပြေး​ရန်​​ ​အ​သံ​ချဲ့​စက်​များ​ဖြင့်​​ ​လိုက်​လံ​ဆော်ဩ​ခဲ့​ကြောင်း​​ ​ဒေ​သ​ခံ​တစ်ဦး​က​​ YTN​​​ သ​တင်း​ဌာ​န​သို့​​ ​ပြော​ကြားသွား​သည်​။​​ ​

ယ​ခု​ကိ​စ္စ​သည်​​ ​မြောက်​ကို​ရီး​ယား​၏​​ ​ နျူ​က​လီး​ယား​​ ​အ​ရေး​အ​တွက်​​ ​အ​မေ​ရိ​ကန်​​ ​အ​ထူး​ကိုယ်​စား​လှယ်​အ​ဖွဲ့​​ ​တ​ရုတ်​နိုင်ငံ​မှ​​ ​မြောက်​ကို​ရီး​ယား​သို့​​ ​သွား​ရောက်​သည့်​​ ​အ​ချိန်​နှင့်​​ ​တိုက်​ဆိုင်​နေ​သည်​။​​ ​မြောက်​ကို​ရီး​ယား​၏​​ ​ကျူး​ကျော်​ရန်​စ​မှု​ကို​​ ​တောင်​ကို​ရီး​ ယား​က​​ ​ပြင်း​ပြင်း​ထန်​ထန်​​ ​ရှုတ်​ချ​ထား​သော်​လည်း​​ ​ကွန်​မြူ​နစ်​​ ​နိုင်ငံ​ဖက်​က​မူ​​ ​တ​စုံ​တ​ရာ​​ ​ကြေ​ညာ​ချက်​​ ​ထုတ်​ပြန်​ခြင်း​​ ​မ​ရှိ​သေး​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here