ဂိမ်း​စွဲ​လန်း​နေ​သူ​တစ်ဦး​​​ ​မိ​ခင်​ကို​သတ်​ပစ်​ပြီး​​​ ​အ​ဆုံး​စီ​ရင်​သွား

alt

ဂိမ်း​က​စား​မှု​ကို​​​ ​အ​လွန်​အ​ကျွံ​​ ​စွဲ​လန်း​သူ​တစ်ဦး​သည်​​​ ​မိ​ခင်​အား​​ ​သတ်​ပစ်​ပြီး​​​ ​မိ​မိ​ကိုယ်​ကိုယ်​လည်း​​​ ​အ​ဆုံး​စီ​ရင်​သွား​ကြောင်း​​​ ​သိ​ရ​သည်​။​​ ​အ​သက်​​​ ​၁၅​​ ​နှစ်​အ​ရွယ်​​ ​တောင်​ကို​ရီး​ယား​​ ​လူငယ်​တစ်ဦး​သည်​​ ​

အင်​တာ​နက်​ဂိမ်း​များ​​ ​ဆော့​က​စား​မှု​နှင့်​​ ​ပတ်​သက်​ပြီး​​ ​မိ​ခင်​နှင့်​​ ​အ​ချင်း​များ​ခဲ့​ရာ​မှ​​ ​သူ​မ​အား​​ ​သတ်​ပစ်​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​ရဲ​အ​ရာ​ရှိ​​ ​ဂျန်​ယို​အီ​က​​ ​ကျောင်း​သား​လေး​​ ​တစ်ဦး​ဖြစ်​သော​​ ​အ​ဆို​ပါ​​ ​လူ​သတ်​သ​မား​သည်​​ ​အ​သက်​​ ​၄၃​​ ​နှစ်​အ​ရွယ်​​ ​မိ​ခင်​အား​​ ​သတ်​ပစ်​ပြီး​နောက်​​ ​ဆွဲ​ကြိုး​ချ​​ ​သေ​ကြောင်း​ကြံ​သွား​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။​​

​နိုင်ငံ​အ​ရှေ့​တောင်​ပိုင်း​​ ​ဆိပ်​ကမ်း​မြို့​​ ​ဘူ​ဆန်​တွင်​​ ​ဖြစ်​ပွား​ခဲ့​သော​​ ​လူ​သတ်​မှု​အ​တွင်း​​ ​ယင်း​လူငယ်​က​​ ​မိ​ခင်​ဖြစ်​သူ​၏​​ ​ဆူ​ပူ​မှု​ကြောင့်​​ ​သူ​မ​အား​​ ​သတ်​ပစ်​မိ​ခဲ့​ကြောင်း​​ ​နောက်​ဆုံး​စာ​​ ​ရေး​သား​သွား​ခဲ့​သည်​။​​ ​လူငယ်​၏​​ ​အ​သက်​​ ​၁၂​​ ​နှစ်​အ​ရွယ်​​ ​ညီ​မငယ်​က​​ ​သူ​မ​၏​အစ်​ကို​သည်​​ ​လွန်​ခဲ့​သော​​ ​နှစ်​ပိုင်း​များ​အ​တွင်း​​ ​ရက်​စက်​ကြမ်း​ကြုတ်​သော​​ ​ဂိမ်း​များ​ကို​​ ​အ​သား​ပေး​​ ​ဆော့​က​စား​ခဲ့​ကြောင်း​​ ​ရဲ​များ​ထံ​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​

တောင်​ကို​ရီး​ယား​တွင်​​ ​အင်​တာ​နက်​ဂိမ်း​များ​ကို​​ ​စွဲ​မြဲ​စွာ​​ ​က​စား​နေ​သူ​​ ​နှစ်​သန်း​မျှ​ရှိ​သည်​။​​ ​တောင်​ကို​ရီး​ယား​သည်​​ ​က​မ္ဘာ​ပေါ်​တွင်​​ ​နည်း​ပ​ညာ​နှင့်​​ ထိ​တွေ့​မှု​​ ​အ​မြင့်​မား​ဆုံး​​ ​နိုင်ငံ​တစ်​ခု​ဖြစ်​ပြီး​​ ​နိုင်ငံ​အ​တွင်း​ရှိ​​ ​အိမ်​အား​လုံး​၏​​ ​၉၀​​ ​ရာ​ခိုင်​နှုန်း​သည်​​ ​အင်​တာ​နက်​​ ​ချိတ်​ဆက်​ထား​ကြောင်း​​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here