ကမ္ဘောဒီးယား​ ရိုးရားရေကစားပွဲတော်အတွင်း​ တိုးဝှေ့​ ပြေးလွှားမှုများကြောင့်​ လူပေါင်းရာချီသေဆုံး

alt

က​မ္ဘော​ဒီး​ယား​နိုင်ငံ​မှ​​​ ​ရိုး​ရာ​ရေ​က​စား​​ ​ပွဲ​တော်​တစ်​ခု​တွင်​​ ​နို​ဝင်​ဘာ​​ ​၂၂​​ ​ရက်​နေ့​က​​ ​လူ​အုပ်​ကြီး​​ ​ဝ​ရုန်း​သုန်း​ကား​​ ​ပြေး​လွှား​ရာ​မှ​​ ​လူ​ပေါင်း​​ ​ရာ​နှင့်​ချီ​​ ​သေ​ဆုံး​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​​

နို​ဝင်​ဘာ​​ ​၂၃​​ ​ရက်​ နေ့​ထိ​​ ​သေ​ဆုံး​သူ​​ ​အ​ရေ​အ​တွက်​​ ​အ​နည်း​ဆုံး​​ ​၃၇၈​​ ဦး​ရှိ​နေ​ပြီ​ဟု​​ ​ကယ်​ဆယ်​ရေး​များ​က​​ ​အ​တည်​ပြု​ခဲ့​သ​လို​​ ​ဒဏ်​ရာ​ရ​သူ​​ ​ရာ​ပေါင်း​များ​စွာ​​ ​ရှိ​နေ​ကြောင်း​လည်း​​ ​ပြော​ကြား​သွား​သည်​။​​ ​၁၉၇၀​​ ​ပြည့်​လွန်​နှစ်​များ​က​​ ​ခ​မာ​​ အကြမ်း​ဖက်​သ​မား​များ​​ ​အာ​ဏာ​ရ​စဥ်​​ ​ကာ​လ​နောက်​ပိုင်း​​ ​ယ​ခု​ကိ​စ္စ​သည်​​ ​နိုင်ငံ့​​ သ​မိုင်း​တွင်​​ ​အ​ဆိုး​ရွား​ဆုံး​​ ​ကြေ​ကွဲ​ဖွယ်​​ ​ဖြစ်​ရပ်​ကြီး​ဟု​​ ​ဖ​နွမ်​ဖတ်​မြို့​တော်​မှ​​ ​ဝန်​ကြီး​ချုပ်​​ ​ရုံး​က​​ ​ကြေ​ညာ​ခဲ့​သည်​။​​ ​ဘာ​ဆက်​မြစ်​တွင်​​ ​ရေ​က​စား​ ကြ​ရင်း​​ ​ဖြစ်​ပွား​သော​​ ​ရုန်း​ရင်း​ဆန်​ခတ်​မှု​ကြောင့်​​ ​သေ​ဆုံး​သွား​သူ​များ​၏​​ ​ရုပ်​အ​လောင်း​များ​ကို​​ ​ရွှ​ံှ့​နွံ​ထူ​ရာ​​ ​နေ​ရာ​များ​တွင်​​ ​တွေ့​ရှိ​နေ​ဆဲ​ဟု​​ ​သိ​ရ​သည်​။​​ ​

အ​ချို့​မှာ​​ ​အ​သက်​ရှင်​နေ​ဆဲ​​ ​ဖြစ်​သော်​လည်း​​ ​​ ​လူ​အ​များ​​ ​နင်း​ဖိ​မှု​​ ​ခံ​ ထား​ရ​သ​ဖြင့်​​ ​အ​ခြေ​အ​နေ​​ ​ဆိုး​နေ​ကြောင်း​​ ​ကယ်​ဆယ်​ရေး​များ​က​ဆို​သည်​။​​ က​မ္ဘော​ဒီး​ယား​​ ​ရဲ​တပ်​ဖွဲ့​က​​ ​လူ​အ​များ​​ ​ဝ​ရုန်း​သုန်း​ကား​​ ​ပြေး​လွှား​မှု​​ ​စ​တင်​သည့်​​ ​အ​ကြောင်း​ရင်း​ကို​​ ​စုံ​စမ်း​နေ​ဆဲ​​ ​ဖြစ်​သော်​လည်း​​ ​တိ​တိ​ကျ​ကျ​​ ​မ​သိ​ရ​သေး​ဟု​​ ​ပြော​ဆို​ထား​သည်​။​​ ဖြစ်​စဥ်​ကို​​ ​ကိုယ်​တွေ့​ကြံု​ခဲ့​သူ​​ ​အ​များ​အ​ပြား​မှာ​​ ​အ​ကြီး​အ​ကဲ​​ ​ထိတ်​လန့်​တုန်​လှုပ်​လျက်​​ ​ရှိ​နေ​ကြောင်း​လည်း​​ ​သိ​ရ​သည်​။​​

​က​မ္ဘော​ဒီး​ယား​​ ​အ​စိုး​ရ​က​​ ​သေ​ဆုံး​သူ​​ ​၃၇၈​​ ဦး​နှင့်​​ ​ဒဏ်​ရာ​ရ​သူ​​ ​၇၀၀​​ ​ကျော်​ထိ​​ ​ရှိ​ခဲ့​ကြောင်း​​ ​ကြေ​ညာ​ထား​သော်​လည်း​​ ​ယင်း​သည်​​ ​အ​ပြီး​သတ်​​ ​ရေ​တွက်​မှု​​ ​မ​ဟုတ်​သေး​ကြောင်း​​ ​ပြော​ကြား​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here