နိုင်ငံတော်အဆင့် ရတနာပုံ ဝက်ဘ်ပေါ်တယ် hack​ ​ခံ​ရ

alt

မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် web portal အဖြစ် ဝင့်ကြွားစွာ ဖွင့်လှစ်​ ခဲ့သော ရတနာပုံ ဝက်ဘ်ပေါ်တယ် ဆိုဒ်သည် ပြီးခဲ့သည့် လ အစောပိုင်းတွင် DDoS နည်းဖြင့် အတိုက်ခံ ခဲ့ရသည်​ဟု​​ ပြော​ဆို​ခဲ့​​ပြီး​၊

၂၃-၁၁-၂၀၁၀ မြန်​မာ​ စံ​တော်​ချိန်​ နံနက် (၁၂း၃၀) အချိန်ခန့်တွင် hack​ (​နည်း​ပ​ညာ​​ အ​ရ တိုက်ခိုက်ခြင်း​) ခံ​ ထားရ​ သည်ကို တွေ့ရှိရသည်။ တိုက်ခိုက်ရာတွင် မူလ အ​ဖွင့်​စာ​မျက်​နှာ​ နေရာတွင်​ မြန်​မာ့​ ဒီမိုကရေစီ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်​၏​ ပုံကို တင်ထားပြီး ” IF WE WANT CHANGE , WE HAVE TO MAKE IT HAPPEN VELVET REVOLUTION IS COMING …. ARE YOU READY TO DO YOUR PART? ” ဟု စာတန်းရေးထိုး​၍ Home Page အား​​ အစားထိုးခဲ့သည်။

နံနက် (၁းဝဝ)နာရီခန့်တွင် အဆိုပါ Web Portal အား အစိုးရဘက်မှ လုံး​ဝ​ ဖွင့်မရအောင် ပိတ်ပစ်ခဲ့ရသည်။အဆိုပါ web portal အား ရတနာပုံကုမ္ပဏီလီမိတက်မှ​ တစ်လအတွင်း​ အ​ကောင်း​ဆုံး​​သော​ နည်းလမ်များဖြင့်​ လူ​ကြီး​​ အဆင့်ဆင့်​ ထံ တင်ပြပြီး ပြင်ဆင်ခဲ့သည်ဟု သိရသည်။ ထို​အ​ထဲ​တွ​င်​ ပြည်ပမှ ပညာရှင် (၂)​ ဦးအားလည်း ခေါ်ယူခဲ့​သေး​ကြောင်း​​ သိရသည်။​ ​​ပြီး​ခဲ့​သည့်​​​အပတ်​ထုတ်​ ဆဲ​ဗင်း​​ဒေး​ဂျာ​နယ်​တွင်​​​ မြန်​မာ့​ဆက်​သွယ်​ရေး​လုပ်ငန်း​​မှ​​​ အ​ရာ​ရှိ​ကြီး​တဦး​က​ web security​ ပိုင်း​နှင့်​​ DDoS​ ​တိုက်​ခိုက်​ခံ​ရ​ခြင်း​တို့​​ အ​တွက်​​ကာ​ကွယ်​ရန်​ ​ဒေါ်​လာ​ ​၈​​​ သန်း​​ကျော်​​ကုန်​ကျ​ခံ​ခဲ့​​ကြောင်း​​ ​ရေး​သား​​​ပါ​ရှိခဲ့​​သေး​သည်​။​

ရတနာပုံ ၀က်ပေါ်တယ်ဖွင့်ကတည်းမှ စ၍ ရတနာပုံမေးလ်အား အင်တာနက်သုံးစွဲသူ ပြည်သူများမှ လုံခြံုမှုမရှိဟု ထင်မြင်ချက်များ ပေးခဲ့ကြပြီး ပြည်တွင်းပြည်ပမှ စောင့်ကြည့်ခဲ့ကြသည်။ ​မ​ကြာ​သေး​မီ​ ​ရက်​ပိုင်း​က​လည်း​​ ပြည်​တွင်း​မှ ​အင်​တာ​နက်​သုံး​စွဲ​သူ​တ​ချို့​အား​​ ​သုံး​စွဲခွင့်​​ ​မ​ရ​အောင်​ ​အ​စိုး​ရ​မှ​ ​မှား​ယွင်း​ပိတ်​ဆို့​ခဲ့​​သေး​​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

alt
alt

LEAVE A REPLY

Please enter your comment!
Please enter your name here