ထိုင်ဝမ်​က​လေးငယ်​တစ်ဦး​​ ​အငို​လွန်​ရာ​မှ​​ ​သေ​ဆုံး

alt

စိတ်​ကြီး​သော​​ ​က​လေးငယ်​တစ်ဦး​သည်​​ ​အငို​လွန်​ရာ​မှ​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​ထိုင်​ဝမ်​မှ​​ ​အ​သက်​ ​၃​ ​နှစ်​အ​ရွယ်​​ ​က​လေး​တစ်ဦး​သည်​ ၎င်း​အ​လွန်​နှစ်​သက်​သော​​ ​ကာ​တွန်း​အ​စီ​အ​စ​ဥ်​ကို​ ​မ​ကြည့်​ရ​သ​ဖြင့်​ ​သည်း​သည်း​ထန်​ထန်​ ငို​ကြွေး​ရင်း​ ​အ​သက်​ပါ​သွား​ခြင်း​ဖြစ်​သည်​။​

​နေ့​လယ်​ပိုင်း​ ​နား​နေ​ချိန်​တွင်​ ​ပြ​သ​သည့်​ ​အ​ဆို​ပါ​ ​ကာ​တွန်း​ကို​ ​ဖွား​အေ​ဖြစ်​သူ​က​ ​ကြည့်​ခွင့်​မ​ပေး​ဘဲ​ TV​ ပိတ်​လိုက်​သည့်​အ​တွက်​ ​က​လေး​က​ ငို​ခဲ့​ခြင်း​ဖြစ်​သည်​။​ က​လေး​သည်​ ​အငို​လွန်​ရာ​မှ​ ​ချွေး​များ​ပါ​ ​အ​ဆ​မ​တန်​ ​ထွက်​လာ​ခဲ့​သည်​။​ ​က​လေး​၏​ ​အ​ခြေ​အ​နေ​ ​စိုး​ရိမ်​စ​ရာ​ ​ဖြစ်​လာ​ပြီး​နောက်​ ​ဖွား​အေ​မှာ​ ​အ​ရေး​ပေါ်​ ​ဖုန်း​ခေါ်​ခဲ့​ရ​သည်​။​ ​ဆ​ရာ​ဝ​န်​များ​၏​ ​အ​ဆို​အ​ရ​ ​က​လေးငယ်​သည်​ နှ​လုံး​သွေး​ကြော​နှင့်​ ဦး​နှောက်​သွေး​ကြော​ ​အား​နည်း​မှု​ ​ယ​ခင်​က​တည်း​က​ ​ရှိ​ခဲ့​ပြီး​ ​သည်း​သည်း​မည်း​မည်း​ ငို​ကြွေး​မှု​သည်​ ​ယင်း​ကို​ ​ပို​မို​ဆိုး​ရွား​သွား​စေ​ခဲ့​ကြောင်း​ ​သုံး​သပ်​ခဲ့သည်​။​ ​ယင်း​သို့​သော​ ​ကိ​စ္စ​မျိုး​သည်​ ​ဒေါ​သ​ထွက်​ခြင်း​၊​ ​လေ့​ကျင့်​ခန်း​ ​အ​လွန်​အ​ကျွံ​ ​ပြု​လုပ်​ခြင်း​တို့​တွင်​ ​ထွက်​ပေါ်​လာ​တတ်​သည်​။​

နှုတ်​ခမ်း​များ​ ​ပြာ​လာ​ခြင်း​ကဲ့​သို့​ ​လ​က္ခ​ဏာ​များ​ ​ပြ​တတ်​သ​လို​ ​ချွေး​ထွက်​လွန်​ကာ​ ​အောက်​စီ​ဂျင်​ ​ပြတ်​လပ်​မှု​များ​လည်း​ ​ဖြစ်​ပေါ်​တတ်​ကြောင်း​ ​သိ​ရ​သည်​။​ ​ဆ​ရာ​ဝန်​များ​က​ ​က​လေး​မိ​ဘ​များ​အ​နေ​နှင့်​ ​ယင်း​သို့​သော​ ​အ​နေ​အ​ထား​မျိုး​ ​ကြံု​လာ​လျင်​ ​က​လေး​ကို​ ​ဆေး​ရုံ​သို့​ ​ချက်​ချင်း​ပို့​သင့်​ကြောင်း​ ​အ​ကြံ​ပြု​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here