နာမည်ကျော် ကမ္ဘာ့အမွေအနှစ် Stonehenge ကျောက်တုံးများကို အသွင်သစ်ဖြင့် ပြန်လည်မွမ်းမံမည်

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ​နာ​မည်​ကျော်​ ​ရှေး​ဟောင်း​​ ​ကျောက်​တုံး​စက်​ဝန်း​ကြီး​ Stonehenge ​ကို​ ​အ​သွင်​သစ်​​ ​ပြန်​လည်​မွမ်း​မံ​သွား​မည်​ဖြစ်​သည်​။​​ ​က​မ္ဘာ့​အ​မွေ​အ​နှစ်​​ ​တစ်​ခု​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ရ​ပြီး​​

​ဗြိ​တိန်​ဂုဏ်​ဆောင်​​ ​ရှေး​လက်​ရာ​မွန်​ ​တစ်​ခု​အ​ဖြ​စ်​ ​ကျော်​ကြား​သော​ Stonehenge​ ကို​ ​မွမ်း​မံ​ပြင်​ဆင်​မှု​များ​ ​ပြု​လုပ်​ရန်​ ​ပေါင်​စ​တာ​လင်​ ​သန်း​နှင့်​ချီ​ ​သုံး​စွဲ​သွား​မည်​ဟု​ ​အ​င်္ဂလန်​ ​အ​မွေ​အ​နှစ်​ ​ထိန်း​သိမ်း​ရေး​ ​ဌာ​န​က​ ​အ​တည်​ပြု​ခဲ့​သည်​။​

​လွန်​ခဲ့​သော​ နှစ်​ပေါင်း​ ​၄၀၀၀​ ​နှင့်​ ​၅၀၀၀​ ​ကြား​ခန့်​က​ တည်​ဆောက်​ခဲ့​ဟန်​ရှိ​သော​ Stonehenge​ သည်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​များ​ကို​ ​အ​ဆွဲ​ဆောင်​နိုင်​ဆုံး​ ​နေ​ရာ​တစ်​ခု​ဖြစ်​သော​ Stonehenge​ သို့​ ​ဆက်​သွယ်​သော​ ​လမ်း​စ​နစ်​များ​နှင့်​ ​အ​နီး​ရှိ​ ​မြက်​ခင်း​များ​ကို​ ​ပြု​ပြင်​မွမ်း​မံ​ခြင်း​အ​ပြင်​ ​ကိ​စ္စ​အ​ဝ​ဝ​အ​တွက်​ ​ပေါင်​စ​တာ​လင်​ ​၂၅​ ​သန်း​မျှ​ထိ​ ​သုံး​စွဲ​သွား​ရန်​ ​လျာ​ထား​ကြောင်း​ ​သိ​ရ​သည်​။​ လက်​ရှိ​တွင်​ ​နိုင်ငံ​၏​ ​ယဥ်​ကျေး​မှု​ဆိုင်​ရာ​ ​ပြ​တိုက်​များ​၊​ ​ပန်း​ခြံ​များ​နှင့်​ ​အ​ခြား​သော​ ​အ​ထိမ်း​အ​မှတ်​ ​အ​ဆောက်​အ​အုံ​များ​ကို​ ​မွမ်း​မံ​ပြင်​ဆင်​မှု​ ​ပြု​လုပ်​သည့်​ ​အ​ဖွဲ့​သည်​ ​ပေါင်​ ​၁၀​ ​သန်း​ကို​ ​ရံ​ပုံ​ငွေ​အ​ဖြစ်​ ​ရ​ရှိ​ခြင်း​ဖြစ်​သည်​။​

​အ​မွေ​အ​နှစ်​ ​ယဥ်​ကျေး​မှု​ ​ထိန်း​သိမ်း​ရေး​ဌာ​န​ ​​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​ရီ​နီ​ဖော့​က​ ​ယ​ခု​ရ​ရှိ​သော​ ​ပ​မာ​ဏ​သည်​ ​အ​ဖွဲ့​၏​ ​ဆောင်​ရွက်​မည့်​ ​လုပ်ငန်း​များ​အ​တွက်​ ​၃​ ​ပုံ​ ​၂​ ​ပုံ​စာ​မျှ​ကို​ ​ပြီး​မြောက်​အောင်​ ​အ​ထောက်​အ​ကူ​ ​ဖြစ်​စေ​နိုင်​မည်​ဟု​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here