သူ​ပုန်​တို့​​ ​ဖမ်း​ဆီး​ထား​သည့်​​ ​ရေ​နံ​အ​လုပ်​သ​မား​များ​အား​​ ​နိုက်​ဂျီး​ရီး​ယား​စစ်​တပ်​​ ​ကယ်​တင်

alt

နိုက်​ဂျီး​ရီး​ယား​စစ်​တပ်​သည်​​ ​ရေ​နံ​မျှော်​စင်​တွင်​​ ​အ​စိုး​ရ​ဆန့်​ကျင်​ရေး​​ ​သူ​ပုန်​များ​က​ ​ဖမ်း​ဆီး​ထား​မှု​နှင့်​​ ​ရင်​ဆိုင်​နေ​ရ​သူ​ ​ရေ​နံ​အ​လုပ်​သ​မား​များ​အား​ ​ကယ်​တင်​လိုက်​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​နို​ဝင်​ဘာ​ ​၁၇​ ​ရက်​နေ့​တွင်​ ​ရေ​နံ​အ​ထွက်​ ​ကြွယ်​ဝ​ရာ​ မြစ်​ဝ​ကျွန်း​ပေါ်​ ​ဒေ​သ​ရှိ​ ​အက်​ဖ​ရန်​ ​ရေ​နံ​မျှော်​စင်​တွင်​ ​အ​ဖမ်း​ခံ​ထား​ရ​သည့်​ ​အ​မေ​ရိ​ကန်​ ​၂​ ဦး​၊​ အင်​ဒို​ ​၂​ ဦး​၊​ ​ပြင်​သစ်​ ​၂​ ဦး​နှင့်​ ​က​နေ​ဒါ​ ​၁​ ဦး​တို့​ပါဝင်​သော​ ​ဓား​စာ​ခံ​ ​၁၉​ ဦး​လုံး​ကို​ ကယ်​တင်​လိုက်​နိုင်​ကြောင်း​ ​စစ်​ဖက်​က​ ​ကြေ​ညာ​သည်​။​ ​ယ​ခု​ကယ်​ဆယ်​ရေး​ mission​တွင်​ ​ရေ​တပ်​ကွန်​မန်​ဒို​များ​က​ ​စီး​နင်း​တိုက်​ခိုက်​မှု​ ​ပြု​လုပ်​မှု​တစ်​ခု​ ​ဆောင်​ရွက်​ခဲ့​ရ​သည်​။​ ​နိုင်ငံ​တောင်​ပိုင်း​တွင်​ ​အ​ဖမ်း​ခံ​နေ​ရ​သော​ ​ဓား​စာ​ခံ​များ​ကို​ ​ကယ်​ဆယ်​ရာ​တွင်​ ​ယ​ခင်​စစ်​သွေး​ကြွ​ဟောင်း​များ​နှင့်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ခြင်း​က​ ​ထိ​ရောက်​သော​ ​အ​ကူ​အ​ညီ​ကို​ ​ရ​ရှိ​စေ​ခဲ့​ကြောင်း​ ​စစ်​တပ်​က​ကြေ​ညာ​သည်​။​ ​

ဓား​စာ​ခံ​များ​ကို​ ​လုံ​ခြံု​စွာ​ ​ပြန်​လည်​လွတ်​မြောက်​လာ​စေ​ရေး​တွင်​ ​စစ်​သွေး​ကြွ​ ​ခေါင်း​ဆောင်​ဟောင်း​တစ်ဦး​က​ ​အ​ဓိ​က​ ​စွမ်း​ဆောင်​ပေး​ခဲ့​ပြီး​ ​ယ​ခင်​က​ နိုက်​ဂျီး​ရီး​ယား​တွင်​ ​ထို​ကဲ့​သို့​ ​ပူး​ပေါင်း​ဆောင်​ရွက်​မှု​မျိုး​ ​မ​ရှိ​သေး​ချေ​။​ ​နိုက်​ဂျီး​ရီး​ယား​ ​အ​စိုး​ရ​သည်​ ​ယ​မန်​နှစ်​က​ ​စစ်​သွေး​ကြွ​ ​အ​ဖွဲ့​အ​ချို့​နှင့်​ ​ညှိ​နှိုင်း​မှု​ ပြု​လုပ်​ပြီး​ ​ယ​မန်​နှစ်​က​ ​သူ​ပုန်​တပ်​ဖွဲ့​အ​ချို့​ ​အ​လင်း​ဝင်​ရောက်​ခဲ့​သည်​။​ ​ဓား​စာ​ခံ​များ​ ​လွတ်​မြောက်​ရေး​တွင်​ ​အောင်​မြင်​စွာ​ ​ကိုင်​တွယ်​နိုင်​ခဲ့​သော​ ​နိုက်​ဂျီး​ရီး​ယား​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​ကို​ ​ပြင်​သစ်​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​တ​ရား​ဝင်​ ​ချီး​ကျူး​ခဲ့သည်​။​

​ပြင်​သစ်​နိုင်ငံ​သား​ ​၈​ ဦး​မှာ​ ​ယ​ခု​အ​ခ​ချိန်​ထိ​ ​နိုင်ငံ​ရပ်​ခြား​တွင်​ ​အ​ဖမ်း​ခံ​နေရ​ဆဲ​ဖြစ်​ပြီး​ ​မာ​လီ​တွင်​ ​၅​ ဦး​၊​ ​အာ​ဖဂန်​န​စ္စ​တန်​တွင်​ ​၂​ ဦး​နှင့်​ ​ဆို​မာ​လီ​ယာ​တွင်​ ​၁​ ဦး​တို့​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here