အချစ်ရေးအကြံပေး ငှားရမ်းထားသည့် ဂျက်စတင်ဘီဘာ

alt

ဂျက်​စ​တင်​ဘီ​ဘာ​တစ်​ယောက်​​ ​အ​ချစ်​ရေး​ ​အ​ကြံ​ပေး​​ ​နည်း​ပြ​တစ်ဦး​ကို​ ငှား​ရမ်း​ထား​ကြောင်း​​ ​သိ​ရ​သည်​။​ ​သ​တင်း​များ​က​​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​ Pop​ ဂီ​တ​ ​အ​ဆို​တော်​လေး​သည်​ ​ဆန့်​ကျင်​ဖက်​ ​လိင်​များ​ကို​ ​

မည်​သို့​မည်​ပုံ​ ​ဆွဲ​ဆောင်​ရ​မည်​ကို​ ​လက်​တွေ့​သင်​ကြား​ပေး​မည့်​ ​အ​ထူး​ကျွမ်း​ကျင်​သူ​ ​တစ်ဦး​ကို​ ငှား​ရမ်း​ထား​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဘီ​ဘာ​နှင့်​ ​နီး​စပ်​သူ​ ​အ​ချို့​က​ ​ဘီ​ဘာ​၏​ နည်း​ပြ​အ​မည်​မှာ​ ​ရိုင်​ယန်​ဟု​သာ​ ​သိ​ရ​ကြောင်း​ The​ Sun​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ဘီ​ဘာ​သည်​ ​ဆယ်​ကျော်​သက်​ ​မိန်း​က​လေး​တို့​၏​ ​အ​သည်း​စွဲ​ ​တစ်ဦး​ဖြစ်​သော်​လည်း​ ​ဗြိ​တိ​သျှ​ ​ဖျော်​ဖြေ​ပွဲ​ ​ခ​ရီး​စဥ်​တွင်​ ​ပို​မို​အား​ပေး​မှု​ ​ရ​ရှိ​အောင်​ ​ရိုင်​ယန်​က​ ​ကူ​ညီ​နိုင်​လိမ့်​မည်​ဟု​ ​မျှော်​လင့်​နေ​ကြောင်း​ ​ဘီ​ဘာ့​မိတ်​ဆွေ​များ​က​ဆို​သည်​။​ ​ရိုင်​ယန်​သည်​ ​ဘီ​ဘာ​အား​ ​ဆွဲ​ဆောင်​မှု​ရှိ​အောင်​ ​မည်​သို့​လမ်း​လျှောက်​ရ​မည်​၊​ ​မည်​သို့​ချဥ်း​ကပ်​ ​ပြော​ဆို​ရ​မည်​၊​ ​မည်​သို့​မျက်​နှာ​အ​မူ​အ​ယာ​ ​ထား​ရ​မည်​ ​ဆို​သည်​တို့​ကို​ ​စ​နစ်​တ​ကျ​ ​သင်​ကြား​ပေး​ပြီး​ ​မိန်း​က​လေး​များ​အား​ ​ပို​မို​ဆွဲ​ဆောင်​နိုင်​အောင်​ ​လမ်း​ညွှန်​ပေး​မည်​ဟု​ ​သိ​ရ​သည်​။​

Baby ​သီ​ချင်း​ဖြင့်​ ​အ​ကြီး​အ​ကျယ်​ ​အောင်​မြင်​ခဲ့​သော​ ​ဘီ​ဘာ​သည်​ ၎င်း​အား​ ​မိန်း​က​လေး​ ​ပရိ​သတ်​က​ ​အ​လွန်​အား​ပေး​ထောက်​ခံ​သည်​ကို​ ​တွေ့​ရ​သည့်​အ​တွက်​ ​အံ့ဩ​ဝမ်း​မြောက်​မိ​ကြောင်း​ ​ပြော​ဆို​ခဲ့​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here