ဟေတီကာလဝမ်းရောဂါ ကူးစက်​ခံ​ရမှုအပေါ် ကု​လ​သ​မ​ဂ္ဂ​လုပ်​ဆောင်​ချက်​အား​ ဆ​န္ဒ​ပြ​မှု​များ​ဖြစ်

alt

ဟေ​တီ​နိုင်ငံ​တွင်​​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ပျံ့​နှံ့​ကူး​စက်​မှု​နှင့်​​ ​ပတ်​သက်​ပြီး​ ​ကု​လ​သ​မ​ဂ္ဂ​၏​​ ​လုပ်​ဆောင်​ချက်​များ​ကို​​ ​မ​ကျေ​နပ်​သ​ဖြင့်​ ​ဆ​န္ဒ​ပြ​မှု​များ​ ​ဖြစ်​ပေါ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​

ဟေ​တီ​မြောက်​ပိုင်း​တွင်​ ​နို​ဝင်​ဘာ​ ​၁၇​ ​ရက်​နေ့​က​ ​တ​တိ​ယ​မြောက်​ ​ဆ​န္ဒ​ပြ​သူ​ ​သေ​ဆုံး​ပြီး​နောက်​ ဆ​န္ဒ​ပြ​မှု​များ​​ ​အ​ရှိန်​လျော့​လာ​ခဲ့​သည်​။​ ​ဟေ​တီ​အာ​ဏာ​ပိုင်​များ​က​ ​ပို့​အူ​ပ​ရင့်​မြို့​တော်​တွင်​ ​ဆ​န္ဒ​ပြ​မှု​အ​ချို့​ ​ရှိ​နေ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သော်​လည်း​ ​သေးငယ်​သော​ ​ပ​မာ​ဏ​သာ​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​ နို​ဝင်​ဘာ​ ​၁၅​ ​ရက်​နေ့​က​ ​စ​တင်​ဖြစ်​ပွား​သော​ ​ဆ​န္ဒ​ပြ​မှု​များ​အ​တွင်း​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​နှင့်​ ​ဆ​န္ဒ​ပြ​သူ​များ​ကြား​ ​အ​ပြန်​အ​လှန်​ ​တိုက်​ခိုက်​မှု​များ​ ​ဖြစ်​ခဲ့​ရာ​မှ​ ​အ​သေ​အ​ပျောက်​ ​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​ ​

မျက်​မြင်​သက်​သေ​များ​က​ ​ငြိမ်း​ချမ်း​ရေး​ထိန်း​သိမ်း​မှု​ ​တပ်​ဖွဲ့​ဝင်​များ​သည်​ ​ဆ​န္ဒ​ပြ​သူ​များ​ကို​ ​ပစ်​ခတ်​ရာ​မှ​ ​တစ်ဦး​သေ​ဆုံး​ပြီး​ ​အ​ခြား​တစ်ဦး​ ​မျက်​နှာ​တွင်​ ​ဒဏ်​ရာ​ရ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​အ​လွန်​တ​ရာ​ ​အ​န္တ​ရာယ်​များ​သော​ ​အ​နေ​အ​ထား​ကြောင့်​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​များ​က​ ​ဆ​န္ဒ​ပြ​သူ​ ​တစ်ဦး​ကို​ ​ပစ်​သတ်​ခဲ့​ရ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ယ​ခု​နှစ်​ဆန်း​က​ ​အ​လွန်​ပြင်း​ထန်​သော​ င​လျင်​ဒဏ်​ကြီး​ကို​ ​ခံ​ထား​ရ​သည့်​ ​ဟေ​တီ​တွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ပျံ့​နှံ့​မှု​သည်​ ​အ​ဆိုးရွား​ဆုံး​ ​ထိုး​နှက်​ချက်​တစ်​ခု​ ​ဖြစ်​လာ​ပြီး​ လူ​ပေါင်း​ ​တစ်​ထောင်​ကျော်​ ​သေ​ဆုံး​ခဲ့​သ​လို​ ​ဆေး​ရုံ​သို့​ ​သောင်း​နှင့်​ချီ​ ​ရောက်​ရှိ​နေ​သည်​။​ ​ထို့​အ​ပြင်​ ​ရော​ဂါ​ကူး​စက်​မည့်​ ​အ​နေ​အ​ထား​ ​ကြံု​နေ​ရ​သူ​ ​နှစ်​သိန်း​ကျော်​ထိ​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​အ​ခြား​သော​ ​သ​တင်း​များ​အ​ရ​ ​ဟေ​တီ​သို့​ ​သွား​ရောက်​ခဲ့​သည့်​ ​အ​မေ​ရိ​ကန်​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​လည်း​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ကူး​စက်​မှု​ကို​ ​ခံ​ခဲ့​ရ​ကြောင်း​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​ကျန်း​မာ​ရေး​ဌာ​န​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here