Apple iPad 2 ကို​ ၂၀၁၁ ခုနှစ်တွင် ဈေးကွက်သို့ ရောက်နိုင်ဖွယ်ရှိ

alt

Apple ​၏​ Tablet​ ကွန်​ပျူ​တာ​များ​အ​နက်​ ​ဒု​တိ​ယ​မျိုး​ဆက်​အ​ဖြစ်​ iPad​ 2​​ ကို​ ​လာ​မည့်​နှစ်​အ​တွင်း​ ​ေ​ဈး​ကွက်​ထဲ​ ​ရောက်​ရှိ​လာ​မည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ကျွမ်း​ကျင်​သူ​ ​တစ်ဦး​က​ ​ပြော​ကြား​ခဲ့​သည်​။​

Wall​ Street​ ​မှ​ ​လေ့​လာ​သူ​ ​တစ်ဦး​ဖြစ်​သည့်​ ​ဘ​ရိုင်​ယန်​မာ​ရှယ်​က​ Apple​သည်​ ​ေ​ဈး​ကွက်​လွှမ်း​မိုး​မှု​ကို​ ​ဆက်​လက်​ချုပ်​ကိုင်​ရန်​ ​ဒု​တိ​ယ​မျိုး​ဆက်​ iPad​ ​ကို​ ဧ​ပြီ​လ​ခန့်​တွင်​ ​ေ​ဈး​ကွက်​အ​တွင်း​ ​ဖြန့်​ချီ​နိုင်​ကြောင်း​ ​ဟော​ကိန်း​ထုတ်​ခဲ့​သည်​။​ Gleacher​ &​ Co.,​မှ​ ​ဘ​ရိုင်​ယန်​က​ iPad​ 2​ ​ထုတ်​လုပ်​မည့်​ ​အ​ချိန်​ကို​ Apple​က​ ​မ​ဟာ​ဗျူ​ဟာ​မြောက်​ ​စီ​မံ​ကိန်း​ဖြင့်​ ​ကြို​တင်​သတ်​မှတ်​ပြီး​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​

ထို့​အ​ပြင်​ Apple​​ သည်​ CDMA​စ​နစ်​သုံး​ iPhone​ကို​လည်း​ ​မတ်​လ​အ​တွင်း​ ​ထုတ်​ဝေ​သွား​နိုင်​ပြီး​ ​ထုတ်​ကုန်​နှစ်​ခု​လုံး​မှ​ ​အ​ကျိုး​အ​မြတ်​ ​ဖြစ်​ထွန်း​မှု​ ​ကြီး​ကြီး​မား​မား​ ဖြစ်​လာ​နိုင်​သည်​ဟု​ ​ဘ​ရိုင်​ယန်​က​ဆို​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​ရောင်း​အား​အ​ကောင်း​ဆုံး​၊​ ​အ​အောင်​မြင်​ဆုံး​ Tablet​ ကွန်​ပျူ​တာ​အ​ဖြစ်​ ​ရပ်​တည်​နေ​သည့်​ iPad​​ ၏​ ​ဒု​တိ​ယ​မျိုး​ဆက်​တွင်​ Resolution​ ​ပို​မြင့်​သော​ Screen​​ နှင့်​ ​ကင်​မ​ရာ​ ​နှစ်​လုံး​ ​ပါ​ဝင်​လာ​မည်​ဟု​ ​ခန့်​မှန်း​ချက်​များ​ ​ထွက်​ပေါ်​နေ​သော်​လည်း​ Apple​​ က​မူ​ ​နှုတ်​ဆိတ်​နေ​ဆဲ​ဖြစ်​သည်​။​

Apple​​ သည်​ ​စက်​တင်​ဘာ​ ​လ​ကုန်​ထိ​ iPad​​ လုံး​ရေ​ ​၇.​၅​ ​သန်း​ကျော်​ထိ​ ​ရောင်း​ချ​ခဲ့​ပြီး​ဖြစ်​သ​လို​ ​ယ​ခု​နှစ်​ကုန်​တွင်​ ​နောက်​ထပ်​ ​၆​ ​သန်း​မျှ​ ​ရောင်း​ချ​ရ​မည်​ဟု​ ​မျှော်​လင့်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here