ချစ်သူက မုဒိမ်းကျင့်သည်ဟု လီဆယ်တိုင်ကြားသည့် ဗြိတိန်သူ ထောင်ကျခံရ

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ​ဆယ်​ကျော်​သက်​ ​မိန်း​က​လေး​​ ​တစ်ဦး​သည်​ ​သူ​မ​၏​​ ​ချစ်​သူ​ဟောင်း​အား​ ​မ​ကျေ​နပ်​သည့်​အ​တွက်​​ ​ယင်း​က​ ​မု​ဒိမ်း​ကျင့်​ကြောင်း​​ ​လီ​ဆယ်​တိုင်​ကြား​ခဲ့​ပြီး​​ ​ယ​ခု​အ​ခါ​ ​အ​ဖြစ်​မှန်​​ ​ပေါ်​သွား​သ​ဖြင့်​ ​ထောင်​ ​၁၂​ ​လ​ ​ကျ​သွား​ကြောင်း​ ​သိ​ရ​ သည်​။​ ​

အ​သက်​ ​၁၉​ ​နှစ်​ရှိ​ ​အာ​မန်​ဒါ​ ​ဘ​ရက်​ဒ​လီ​သည်​ ​သူ​မ​၏​ ​ချစ်​သူ​သည်​ ​သူ​မ​အား​ ​ရေ​ချိုး​နေ​စဥ်​ ​အ​တင်း​ဝင်​လာ​ပြီး​ ​မု​ဒိမ်း​ကျင့်​ ေကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​​ ​အ​မှု​ဖြစ်​ပြီး​ ​၃​ ​လ​အ​ကြာ​တွင်​မူ​ ​သူ​မ​၏​ ​စွဲ​ချက်​သည်​ ​အ​ယောင်​ဆောင်​သာ​ဖြစ်​ကြောင်း​ ​အာ​မန်​ဒါ​က​ ​ဖွင့်​ဟ​ ​ဝန်​ခံ​ရ​တော့​သည်​။​ ​သူ​မ​၏​ ​စွပ်​စွဲ​မှု​ကို​ ​ခံ​ရ​သော​ ​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သား​ကို​မူ​ ​ဘော်​တန်​တ​ရား​ရုံး​က​ ​အ​မည်​ဖော်​ပြ​ခြင်း​ ​ မ​ရှိ​ခဲ့​ချေ​။​

​မှု​ခင်း​ဆိုင်​ရာ​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ပြီး​နောက်​ ​ယင်း​သည်​ ​အ​ပြစ်​မ​ရှိ​ကြောင်း​ ​တ​ရား​သူ​ကြီး​ ​စ​တီ​ဗင်​အား​ဗက်​က​ ​ဆုံး​ ဖြတ်​ခဲ့​သည်​။​ ​အာ​မန်​ဒါ​က​ ​ယင်း​အ​မျိုး​သား​သည်​ ​သူ​မ​အား​ ​လိမ်​ညာ​သ​စ္စာ​ဖောက်​ခဲ့​သည့်​အ​တွက်​ ​မ​ကျေ​နပ်​သော​ကြောင့်​ ​ယ​ခု​လို​ ​အ​မှု​ဆင်​ရ​ခြင်း​ဟု​ ​ပြော​ကြား​သွား​သည်​။​ ဧ​ပြီ​လ​ ​၅​ ​ရက်​နေ့​ ​သူ​မ​ ​မု​ဒိမ်း​ကျင့်​ခံ​ရ​ကြောင်း​ ​အာ​မန်​ဒါ​က​ ​တိုင်​ကြား​ပြီး​နောက်​ ​ယင်း​ အ​မျိုး​သား​မှာ​ ​ရဲ​များ​၏​ ​စစ်​ဆေး​မှု​ကို​ ​ခံ​ရ​သည်​။​ ​ဇွန်​လ​တွင်​ ​အာ​မန်​ဒါ​သည်​ ​အ​မှု​ကို​ ​ရုတ်​သိမ်း​ရန်​ ​ကြိုး​စား​ခဲ့​သော်​လည်း​ ​မ​အောင်​ မြင်​ဘဲ​ ​ပြီး​ခဲ့​သည့်​ ​၃​ ​လ​က​ ​တ​ရား​ရုံး​တွင်​ ​အ​မှု​ကို​ ​စ​တင်​ကြား​နာ​ခဲ့​သည်​။​

တ​ရား​သူ​ကြီး​က​ ​အာ​မန်​ဒါ​၏​ ​အ​ဆင်​ခြင်​မဲ့​သော​ ​လုပ်​ရပ်​ သည်​ ​လူ​တစ်ဦး​အား​ ​ထိ​ခိုက်​နစ်​နာ​စေ​ရုံ​မျှ​မ​က​ ​ပတ်​ဝန်း​ကျင်​တွင်​လည်း​ ​သိ​က္ခာ​ကင်း​မဲ့​စေ​ခဲ့​သည့်​အ​တွက်​ ​ယ​ခု​ပြစ်ဒဏ်​နှင့်​ ​ထိုက်​ တန်​ကြောင်း​ ​နောက်​ဆုံး​စီ​ရင်​ချက်​တွင်​ ​ထည့်​သွင်း​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here