ထိုင်း​နိုင်ငံ​ရှိ​ ဗု​ဒ္ဓ​ဘာ​သာ​​ ​ဘု​ရား​ကျောင်း​မှ​​ ​သ​န္ဓေ​သား​​ ​အ​ပျက်​အ​စီးများ​​ ​တွေ့​ရှိ

alt

ထိုင်း​နိုင်ငံ​၊​​ ​ဘန်​ကောက်​မြို့​တော်​ရှိ​ ​ဗု​ဒ္ဓ​ဘာ​သာ​ ​ဘု​ရား​ကျောင်း​တစ်​ခု​အ​တွင်း​ ​သ​န္ဓေ​သား​ ​အ​ပျက်​အ​စီး​ ​၃၄၀​ ​ ကျော်​ကို​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

တ​ရား​မ​ဝင်​ ​ကိုယ်​ဝန်​ဖျက်​ချ​မှု​များ​မှ​ဟု​ ​ယူ​ဆ​ရ​သော​ ​အ​ဆို​ပါ​ ​လူ့​သ​န္ဓေ​သား​များ​ကို​ ​ပ​လပ်​စ​တစ်​အိတ်​များ​နှင့်​ ​ထုတ်​ထား​ပြီး​ ​ဘု​ရား​ကျောင်း​မှ​ ​ဝေ​ယျာ​ဝ​စ္စ​ ​အ​ဖွဲ့​ဝင်​အ​ချို့​က​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ရဲ​များ​က​ ဘာ​သာ​ ရေး​အ​ရ​ ​ဘု​ရား​ကျောင်း​များ​တွင်​ ​အ​လောင်း​များ​ ​ထား​ရှိ​ရာ​ ​ရေ​ခဲ​တိုက်​အ​တွင်း​ ​ယင်း​သ​န္ဓေ​သား​များ​ကို​ ​တွေ့​ရ​ခြင်း​ဟု​ ​ပြော​ကြား​ သွား​သည်​။​

​ရဲ​အ​ရာ​ရှိ​ ​မီ​တီ​ရက်ဖန်း​က​ ​ပ​လ​ပ်​စ​တစ်​အိတ်​များ​ကို​ ​ဘု​ရား​ကျောင်း​ ​ရေ​ခဲ​တိုက်​အ​တွင်း​ ​လျှို့​ဝှက်​စွာ​ ​ထား​ရှိ​ခြင်း​ဟု​ ​ ပြော​ဆို​ခဲ့​သည်​။​ ​ဘန်​ကောက်​ရှိ​ ​တ​ရား​မ​ဝင်​ ​ကိုယ်​ဝန်​ဖျက်​ချ​ပေး​ရာ​ ​ဆေး​ခန်း​များ​နှင့်​ ယ​ခု​သ​န္ဓေ​သား​ ​အ​ပျက်​အ​စီး​များ​ ​ဆက်​စပ်​ နေ​မည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​၊​ ​လက်​ရှိ​တွင်​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​စုံ​စမ်း​မှု​များ​ ​စ​တင်​နေ​ပြီ​ဟု​ဆိုသည်​။​ ရဲ​များ​က​ ​သ​န္ဓေ​သား​ ​၃၄၈​ ​လောင်း​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​ဖို​တက်​တန်း​ ​ဖောင်​ဒေး​ရှင်း​မှ​ ​စေ​တ​နာ့​ဝန်​ထမ်း​ ​တစ်ဦး​က​ ​သ​န္ဓေ​သား​လောင်း​ ​၅၀၀​ ​ဝန်း​ကျင်​ထိ​ ​ရှိ​နိုင်​ ကြောင်း​ ​ခန့်​မှန်း​ခဲ့​သည်​။​ ​

ထိုင်း​နိုင်ငံ​ရှိ​ ​ဗု​ဒ္ဓ​ဘာ​သာ​ ​ဘု​ရား​ကျောင်း​များ​သည်​ ​ဘာ​သာ​ရေး​ ​ဝတ်​ပြု​ရာ​ ​နေ​ရာ​များ​အ​ဖြစ်​သာ​ ​မ​က​ဘဲ​ ​ ရုပ်​အ​လောင်း​များ​ ​ထား​ရှိ​ရာ​ ​အ​အေး​ခန်း​ ဧ​ရိ​ယာ​များအ​ဖြစ်​လည်း​ ​လုပ်​ကိုင်​ဆောင်​ရွက်​ပေး​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here