အ​မေ​ရိ​ကန်​တွင်​​ ​စွဲ​ချက်​တင်​ခံ​ရ​သည့်​​ ​ရု​ရှား​လက်​နက်​မှောင်​ခို​ခေါင်း​ဆောင်​က​​ ​အ​ပြစ်​မ​ရှိ​ဟု​​ ​ပြော​ကြား

alt

အ​ကြမ်း​ဖက်​မှု​ဖြင့်​​ ​အ​မေ​ရိ​ကန်​တွင်​ ​စွဲ​ချက်​တင်​စစ်​ဆေး​မှု​​ ​ခံ​နေ​ရ​သော​ ​ရု​ရှား​လက်​နက်​မှောင်​ခို​ ​ခေါင်း​ဆောင်​က​ ၎င်း​သည်​ ​အ​ပြစ်​မ​ရှိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​

ထိုင်း​နိုင်ငံ​တွင်​ ​ပြီး​ခဲ့​သော​ ​နှစ်​ပိုင်း​က​ ​ဖမ်း​မိ​ခဲ့​သော​ ​ဗစ်​တာ​ဘောက်​သည်​ ​၂၀၀၇​ ​နို​ဝင်​ဘာ​လ​မှ​ ​၂၀၀၈​ ​မတ်​လ​အ​တွင်း​ ​ဒေါ်​လာ​သန်း​ချီ​ ​တန်​ကြေး​ရှိ​သော​ ​လက်​နက်​များ​ကို​ ​မှောင်​ခို​ရောင်းချ​ခဲ့​ကြောင်း​ ​အ​မေ​ရိ​ ကန်​က​ ​စွပ်​စွဲ​ထား​သည်​။​ ​ရု​ရှား​အ​စိုး​ရ​က​ ​အ​ပြင်း​အ​ထန်​ ​တောင်း​ဆို​နေ​မှု​ကို​ ​မျက်​ကွယ်​ပြု​ကာ​ ​ထိုင်း​အ​စိုး​ရ​က​ ​ဘောက်​ကို​ ​အ​မေ​ရိ​ ကန်​သို့​ ​လွှဲ​အပ်​ခဲ့​ပြီး​နောက်​ ​ဆို​ဗီ​ယက်​ ​လေ​တပ်​အ​ရာ​ရှိ​ဟောင်း​မှာ​ ​အ​မေ​ရိ​ကန်​တွင်​ ​အ​မှု​ရင်​ဆိုင်​ရ​မည်​ဖြစ်​သည်​။​ ​သေ​မင်း​ကုန်​ သည်​ဟူ​သော​ ​အ​မည်​ကို​ ​ပိုင်​ဆိုင်​ထား​သည့်​ ​ဘောက်​ကို​ ​နို​ဝင်​ဘာ​ ​၁၇​ ​ရက်​နေ့​က​ ​စွဲ​ချက်​တင်​ခဲ့​ပြီး​ ​ယင်း​သည်​ ​အ​မေ​ရိ​ကန်​ ​ဆန့်​ ကျင်​ရေး​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​များ​သို့​ လက်​နက်​ရောင်း​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခံ​နေ​ရ​သည်​။​

​ဘောက်​ရောင်း​ချ​ခဲ့​သော​ ​လက်​နက်​များ​တွင်​ ​ လေ​ယာဥ်​ပစ်​ဒုံး​ကျည်​များ​၊​ ​တင့်​ကား​ဖျက်​လောင်​ချာ​များ​၊​ AK-47​ ရိုင်​ဖယ်​များ​၊​ ​မြေ​မြှုပ်မိုင်း​များ​၊​ ​ပ​လပ်​စ​တစ်​ ​ဖောက်​ခွဲ​ရေး​ကိ​ရိ​ယာ​ များ​ ပါ​ဝင်​သည်​ဟု​ဆို​သည်​။​ ​အ​သက်​ ​၄၃​ ​နှစ်​ရှိ​ ​ဘောက်​က​မူ​ ​ယင်း​စွပ်​စွဲ​ချက်​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​ငြင်း​ဆန်​ထား​သည်​။​ ​လက်​ရှိ​ တွင်​မူ​ ​ဘောက်​မှာ​ ​ထိန်း​သိမ်း​ခံ​ရ​ဆဲ​ ​အ​ခြေ​အ​နေ​တွင်​ ​ရှိ​နေ​သည်​။​ ​

ထိုင်း​နိုင်ငံ​တွင်​ ​၂၀၀၈​ ​ခု​နှစ်​၊​ ​မတ်​လ​က​ ​အ​ဖမ်း​ခံ​ရ​သော​ဘောက်​ မှာ​ ​အ​မေ​ရိ​ကန်​ ​ပြည်​သူ​များ​ကို​ ​သတ်​ဖြတ်​ရန်​ ​ကြိုး​ပမ်း​မှု​၊​ ​အ​မေ​ရိ​ကန်​ ​စစ်​မှု​ထမ်း​များ​၊​ အ​လုပ်​သ​မား​များ​ကို​ ​လုပ်​ကြံ​မှု​၊​ ​အ​ကြမ်း​ ဖက်​အ​ဖွဲ့​များ​ကို​ ​လက်​နက်​ရောင်း​မှု​များ​နှင့်​ ​အ​မှု​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here