အ​မေ​ရိ​ကန်​လေ​တပ်​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ Social​ Networking​ ဝက်​ဆိုက်​များ​​ ​သုံး​စွဲ​မှု​​ ​သ​တိ​ပေး

alt

အ​မေ​ရိ​ကန်​လေ​တပ်​က​​ ​စစ်​မှု​ထမ်း​များ​အား​ Facebook​ ​နှင့်​ ​အ​ခြား​သော​ Social​ Networking​ ​ဝက်​ဆိုက်​ များ​ကို​ ​ဆင်​ဆင်​ခြင်​ခြင်​ ​သုံး​စွဲ​ရန်​ ​သ​တိ​ပေး​လိုက်​သည်​။​

Facebook​​ တွင်​ ​လေ​တပ်​အ​မှု​ထမ်း​များ​ ​တင်​လိုက်​သော​ Post​ ​များ​သည်​ ​အ​မေ​ရိ​ကန်​ ​စစ်​သည်​များ​ ​စစ်​ပွဲ​ဇုန်​အ​တွင်း​ ​တပ်​စွဲ​နေ​သည့်​ ​နေ​ရာ​များ​ကို​ ​ရန်​သူ​များ​ ​အ​တိ​အ​ကျ​ ​ဖော်​ထုတ်​သိ​ရှိ​နိုင်​မည့်​ ​အ​န္တ​ရာယ်​ မျိုး​ ​ရှိ​နိုင်​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​လေ​တပ်​၏​ ​ကြေ​ညာ​ချက်​တွင်​ ​ဖော်​ပြ​ခဲ့​သည်​။​ ​အာ​ဖ​ဂန်​ ​န​စ္စ​တန်​နှင့်​ ​အီ​ရတ်​တို့​တွင်​ ​အ​မေ​ရိ​ကန်​ စစ်​သည်​ ​ကိုး​သိန်း​ခွဲ​မျှ​ ​တာ​ဝန်​ထ​မ်း​ဆောင်​နေ​ရာ​ ​ယင်း​တို့​၏​ ​လုံ​ခြံု​ရေး​သည်​ Facebook​​ ကဲ့​သို့​ ​သ​တင်း​အ​ချက်​အ​လက်​ ​ဝေ​မျှ​သော​ ​ဝန်​ဆောင်​မှု​များ​အ​ပေါ်​တွင်​ ​မူ​တည်​နေ​ကြောင်း​ ​လေ​တပ်​က​ ​ထောက်​ပြ​ခဲ့​သည်​။​

​မို​ဘိုင်းဖုန်း​များ​မှ​ပါ​ ​အ​လွယ်​တ​ကူ​ ​သုံး​စွဲ​နိုင်​သော​ Facebook​​ ကဲ့​သို့​ Social​ Network​ ​များ​ကြောင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​လာ​မည်​ကို​ ​ပင်​တာ​ဂွန်​ ​စစ်​ဌာ​န​ချုပ်​က​ လည်း​ ​စိုး​ရိမ်​နေ​သည်​။​ GPS​​ စ​နစ်​များ​ ​ပို​မို​ကျယ်​ပြန့်​လာ​သည်​နှင့်​အ​မျှ​ ​အ​မေ​ရိ​ကန်​တပ်​များ​ ​အ​ခြေ​စိုက်​ရာ​ ​နေ​ရာ​ဒေ​သ​ ​အ​တိ​အ​ ကျ​ကို​ Online​​ မှ​တ​ဆင့်​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​ခြေ​ရာ​ခံ​မိ​သွား​နိုင်​သော​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​ကြောင်း​ ​စစ်​ဖက်​က​ ​သ​တိ​ပေး​ ထား​သည်​။​

Facebook​​ သည်​ ​အ​သုံး​ပြု​သူ​များ​၏​ ​တည်​နေ​ရာ​ကို​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​သာ​ ​သိ​ရှိ​အောင်​ ​လုပ်​ဆောင်​ပေး​ထား​ သော်​လည်း​ Setting​​ ကို​ ​စိတ်​ကြိုက်​ရွေး​ချယ်​ ​ပြင်​ဆင်​ကာ​ ​ပြောင်း​လဲ​နိုင်​သ​ဖြင့်​ ​အ​ချက်​အ​လက်​ ​ပေါက်​ကြား​မှု​များ​ ​ဖြစ်​နိုင်​ကြောင်း​ ​ဝေ​ဖန်​မှု​များ​ ​ယ​ခင်​က​တည်း​က​ ​ထွက်​ပေါ်​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here