ထောင်ကျဖူးသူများကိုသာ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ဘူဒါပက်မြို့မှ အလှမယ်ရွေးပွဲ

alt

နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် ပြစ်မှု မှတ်တမ်း မရှိသူများ ဖြစ်ရမည် ဆိုသော စည်းကမ်းချက်မျိုး ထည့်သွင်း ထားသည်ကို ကြားဖူး ပေလိမ့်မည်။ သို့သော်လည်း ဒီဇင်ဘာလ အတွင်း ဟန်ဂေရီ နိုင်ငံ၊ ဘူဒါပက်မြို့တွင် ကျင်းပမည့် အလှမယ် ရွေးပွဲမှာမူ

ပါဝင် ယှဥ်ပြိုင်သူများသည် အနည်းဆုံး ပြစ်မှု မှတ်တမ်း တစ်ခု အတွက် ထောင်ကျ ဖူးရမည်ဟု စည်းကမ်းချက် ချမှတ် ထားသည်။

Miss Mafia 2010 အလှမယ် ရွေးပွဲသို့ နိုင်ငံတကာမှ နာမည်ဆိုး ရှိသူ အလှမယ်များ လာရောက် ချိတ်ဆက် ယှဥ်ပြိုင်မည် ဖြစ်သည်။ ဟန်ဂေရီ မာဖီးယားဂိုဏ်း အကြီးအကဲ အတွက် တာဝန် ထမ်းဆောင်ဖူးပြီး ထောင် ၃ နှစ် ကျဖူး သလို ယခုနှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဟု ရေပန်း အစားဆုံး ဖြစ်နေသည့် အဲလက်ဆာ ဒိုင်းမွန်းက ယခုပြိုင်ပွဲသည် နာမည်ပျက်ရှိသော အမျိုးသမီးများ အတွက် ကိုယ်ပိုင် အလှဂုဏ်ကို အကောင်းဆုံး ဖွင့်လှစ် ပြသ နိုင်သည့် အခွင့်အရေးဟု သုံးသပ်ခဲ့သည်။

အများအား နှောင့်ယှက်ရန်ပြုမှုဖြင့် ထောင်ကျဖူးသူ အဲလက်တာ အိုးရှင်းကလည်း သူမသည် ဘဝတလျှောက် ဆိုးရွားသော ကိစ္စများ လုပ်ခဲ့သည်ကို သိရှိကြောင်း၊ ယခုပြိုင်ပွဲသည် ကြံုဖူးသမျှ ကိစ္စများအနက် အကောင်းဆုံးတစ်ခုဟု ခံယူထားကြောင်း ပြောဆိုသွားသည်။ ယခုပြိုင်ပွဲတွင် အနိုင်ရရှိသူသည် ကားတစ်စင်းနှင့် တိုက်ခန်းတစ်ခန်းကို ဆုအဖြစ် လက်ခံရရှိမည်ဖြစ်ပြီး ဂျပန်တွင် ကျဥ်းပမည့် Miss Mafia Universe ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here