ကိုယ်လုံးပေါ် Scan ဖတ်မှုတွင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် ပြည်တွင်းလုံခြုံရေး အကြီးအကဲတိုက်တွန်း

alt

အမေရိကန် ပြည်တွင်းလုံခြံုရေးဌာန အကြီးအကဲ ဂျာနဲ နာပိုလီတာနိုက အမေရိကန်ရှိ လေကြောင်း ခရီးသည်များ အနေနှင့် ကိုယ်လုံးပေါ် Scan ဖတ် စစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်သည်။

နိုင်ငံတကာတွင် Privacy ချိုးဖောက်ကြောင်း ဝေဖန်မှုများ မြင့်တက် နေသော်လည်း လုံခြံုရေး အရ ပိုမို စိတ်ချရသော Scan ဖတ် စစ်ဆေးမှုသည် အကြမ်းဖက်မှုကို တားဆီးရာတွင် အရေးပါသော ပန်းတိုင် တစ်ခု ဖြစ်ကြောင်း ဂျာနဲက ထောက်ခံ သွားသည်။ USA Today တွင် ဖော်ပြခဲ့သည့် သတင်း အရ ကုန်တင် လေယာဥ်များတွင် ထည့် ပေးလိုက်သော ဖောက်ခွဲရေး ပစ္စည်း နှစ်ခုကို အမေရိကန် လေဆိပ် တစ်ခုတွင် တွေ့ရှိ ခဲ့ပြီးနောက် ကိုယ်လုံးပေါ် Scan စစ်ဆေးမှုကို ပိုမို အရှိန်မြှင့်ရန် အမေရိကန် အစိုးရက လုပ်ဆောင် လာကြောင်း သိရသည်။ ဂျာနဲက Scan ဖတ် စစ်ဆေးသော စက်များသည် လုံခြံု စိတ်ချရပြီး အကျိုးသက်ရောက်မှု ကောင်းမွန်ကြောင်း၊ ကျန်းမာရေး အရ ထိခိုက်မှုများ မရှိကြောင်း ပြောဆိုခဲ့သည်။

အချို့သော သုတေသီများက Scan ဖတ် စစ်ဆေးမှုကြောင့် အရေပြားကို ထိခိုက် နိုင်ကြောင်း ပြောဆို ထားသော်လည်း ဂျာနဲက ယင်းမှာ မဟုတ်မှန်ကြောင်း အာမခံခဲ့သည်။ သတင်းများအရ အမေရိကန် လေဆိပ် အတော် များများတွင် ကျေးဇူးတော် ချီးမွမ်း မည့်နေ့ မတိုင်မီ တစ်ရက်ဖြစ်သည့် နိုဝင်ဘာ ၂၄ တွင် Scan ဖတ်စက်များ တပ်ဆင်ရန် စီစဥ် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here