Facebook တွင် ချစ်သူကို အရှက်ရအောင် ပြုလုပ်မှုဖြင့် နယူးဇီလန်သား စွဲချက်တင်ခံရ

alt

နယူးဇီလန်မှ ချစ်သူနှင့် လမ်းခွဲပြီး မကျေမနပ် ဖြစ်နေသော လူငယ် တစ်ဦးသည် Facebook ဝက်ဆိုက်တွင် ၎င်း၏ ချစ်သူအား အရှက်ရအောင် ပြုခဲ့သည့် အတွက် စွဲချက် တင်ခံ ထားရကြောင်း သိရသည်။

အသက် ၂၀ အရွယ် ဂျိုရှူအာ အက်ရှဘေသည် ၅ လကြာ တွဲခဲ့သည့် ချစ်သူနှင့် လမ်းခွဲ ပြီးနောက် ချစ်သူဟောင်း၏ ဝတ်လစ်စားလစ် ဓာတ်ပုံကို နာမည်ကျော် Social Networking ဝက်ဆိုက်တွင် လွှင့်တင်ခဲ့သည်။ နယူးဇီလန် တရားရုံးတစ်ခုက ယင်း လုပ်ရပ်သည် အလွန် ဆိုးရွားပြီး သူတစ်ပါးအား ထိခိုက် စေကြောင်း သတ်မှတ် ထားခဲ့သလို Online မှ ခြိမ်းခြောက်မှုများ အတွက် ရာဇဝတ်မှု အဖြစ် နယူးဇီလန် ဥပဒေတွင် ပထမဆုံး အကြိမ် အမှုဖွင့်ခွင့် ပေးလိုက်ကြောင်း သိရသည်။ ဝယ်လင်တန် တရားရုံးက အက်ရှဘေသည် အမည် မဖော်ပြသူ ၎င်း၏ ချစ်သူအား Message ပေးပို့ကာ ရိုင်းရိုင်း စိုင်းစိုင်း အသုံးအနှုန်းများဖြင့် အသက်ကို ခြိမ်းခြောက်မှုပင် ပြုလုပ် ခဲ့ကြောင်း သိရသည်။ ထို့အပြင် အက်ရှဘေသည် ချစ်သူ၏ Facebook Account​ မှတဆင့် သူမ၏ ကိုယ် အပေါ်ပိုင်း ဗလာကျင်းပုံကို တင်ခဲ့ ရုံမျှမက ထိုပုံကို သူမ မဖယ်ရှားနိုင်အောင် Password​ ပါ ပြောင်းပစ် ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

နယူးဇီလန် ရဲတပ်ဖွဲ့သည် ထိုကိစ္စ အတွက် တိုင်ကြားမှုကို ရရှိခဲ့ပြီးနောက် Facebook နှင့် ဆက်သွယ်ကာ ဓာတ်ပုံကို ဖယ်ရှားပစ်ခဲ့ရသည်။ ယခုအခါ အက်ရှဘေသည် Online​ မှတဆင့် သူတပါးအား ခြိမ်းခြောက်မှု၊ နှောင့်ယှက် စော်ကားမှုများဖြင့် စွဲချက်တင်ခြင်း ခံထားရပြီး ယင်းသည် နယူးဇီလန် ဥပဒေ အရ Online မှ ဥပဒေ ချိုးဖောက်မှု တစ်ခုကို ရာဇဝတ်မှု အဖြစ် ပထမဆုံး လက်ခံ စဥ်းစားခြင်းဟု လည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here