လက်မထပ်ဘဲ လိင်ဆက်ဆံခဲ့သည့် စုံတွဲအား UAE အာဏာပိုင်များက ကြိမ်ဒဏ်ချမှတ်

alt

UAE​ နိုင်ငံတွင် လက်မထပ်ဘဲ လိင် ဆက်ဆံခဲ့မှုဖြင့် နိုင်ငံ ရပ်ခြား စုံတွဲ တစ်တွဲကို ကြိမ်ဒဏ် ၁၀၀ ချမှတ်ပြီး ပြည်နှင်ဒဏ် ပေး လိုက်ကြောင်း သိရသည်။ ရှာရား မြို့သို့ ရောက်ရှိ နေသည့် ဖိလစ်ပိုင် အိမ်ဖော် တစ်ဦးနှင့် သူမ၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ချစ်သူတို့အား

UAE​ အာဏာပိုင်များက ဥပဒေကို ချိုးဖောက်သော လိင် ဆက်ဆံမှု အတွက် ကြိမ်ဒဏ် အချက် ၁၀၀ စီ ချမှတ်ခဲ့သည်။

NM​ ဟု အမည် ဖော်ပြထားသော အမျိုးသမီးမှာ ပြည်နှင်ဒဏ် ချမှတ် ခံရပြီး SM ဟု အမည် ဖော်ပြသော အမျိုးသားမှာမူ ပိုင်နက် ကျူးလွန်မှု စွဲချက်ပါ ရင်ဆိုင် ရပြီး ထောင်တစ်နှစ် ကျခံ ရဦးမည်ဟု သိရသည်။ ယင်းသည် အိမ်ဖော် အမျိုးသမီးရှိရာ နေအိမ်ကို အိမ် ပိုင်ရှင်မသိဘဲ ခိုးဝင်ခဲ့သည့် အပြစ်ကို ကျူးလွန်ကြောင်း ရှာရားရှာလာ တရားရုံးက ဆုံးဖြတ်ကာ ယခုလို ပြစ်ဒဏ် ချခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရပ်ခြား အလုပ်သမား ဦးရေတွင် အခြားသော ပင်လယ်ကွေ့ နိုင်ငံများထက် များပြားသည့် UAE​ မှ အချို့သော အိမ်ရှင်များသည် အလုပ်သမားများ၏ Passport​ များကို သိမ်းယူထားကာ အလုပ် မပြောင်းနိုင်အောင် ချုပ်ကိုင် ထားခြင်းမျိုး ရှိတတ်ပြီး ယင်း အခြေအနေတွင် အိမ်ရှင်က အလုပ်သမား အတွက် အုပ်ထိန်းသူ အဖြစ် သတ်မှတ်ခံရသည်။

NM​ က သူမသည် SM​ ကို အိမ်ရှင်မိသားစု မရှိသည့် အချို့သော အချိန်များတွင် အိမ်သို့ခေါ်တွေ့မိကြောင်း ဝန်ခံခဲ့သည်။ UAEသည် မွတ်ဆလင် ဘာသာရေးကို ဥပဒေပြဌာန်းရာတွင် မှီငြမ်းသတ်မှတ်ထားပြီး လက်မထပ်ဘဲ လိင်ဆက်ဆံမိရုံ၊ လူမြင်ကွင်းတွင် နမ်းရှုပ်မိရုံဖြင့် ထောင်ချနိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here