Apple Music ဝန်ဆောင်မှုဝက်ဆိုက် Ping နှင့် Twitter ချိတ်ဆက်

alt

Apple ​၏​ Music​ ဝန်​ဆောင်​မှု​​ ​ဝက်​ဆိုက်​ဖြစ်​သော​ Ping​ သည်​​ ​နာ​မည်​ကျော်​ Micro-Blogging​​ ​ဝက်​ဆိုက်​ဖြစ်​သည့်​​ Twitter​ နှင့်​ ​ချိတ်​ဆက်​လိုက်​ပြီ​ဟု​​ ​သိ​ရ​သည်​။​ ​ယင်း​ပေါင်း​စည်း​မှု​၏​ ​ရည်​ရွယ်​ချက်​မှာ​ ​သုံး​စွဲ​သူ​များ​အ​တွက်​ ​သီ​ချင်း​များ​ကို​ ​ရှာ​ဖွေ​ရာ​တွင်​ ​ပို​မို​လျင်​မြန်​စေ​ရန်​ဟု​ ​ဝက်​ဆိုက်​နှစ်​ခု​က​ ​ကြေ​ညာ​သည်​။​

Apple ​သည်​ ​မူ​လ​က​ ​က​မ္ဘာ့​အ​ကြီး​ဆုံး​ Social​ Networking​ ​ဝက်​ဆိုက်​ကြီး​ Facebook​ နှင့်​ ​ဆက်​သွယ်​ရန်​ ​ကြိုး​ပမ်း​ခဲ့​ပြီး​မှ​ ​မ​အောင်​မြင်​သော​ကြောင့်​ Twitter​ ​နှင့်​ ​ပေါင်း​စည်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ Apple​ ၏​ iTune​ ထဲ​တွင်​ ​ပါ​ဝင်​နေ​သော​ Ping​သည်​ ​စက်​တင်​ဘာ​လ​က​ ​စ​တင်​ပြီး​ ​သုံး​စွဲ​သူ​များ​ကို​ ​အ​ဆို​တော်​နှင့်​ ​ထောက်​ခံ​ချက်​များ​သော​ ​သီ​ချင်း​များ​အ​လိုက်​ ​ရွေး​ချယ်​နိုင်​ရန်​ ​ခွင့်​ပြု​ခဲ့​သည်​။​ Twitter ​နှင့်​ Ping​ တို့​၏​ ​ပေါင်း​စည်း​မှု​မှ​ Online​ ​ဂီ​တ​ဝန်​ဆောင်​မှု​ကို​ ​အ​ကျိုး​အ​မြတ်​ ​ဖြစ်​ထွန်း​စေ​မည်​ဟု​ ​ဝက်​ဆိုက်​နှစ်​ခု​က​ ​ကြေ​ညာ​သည်​။​

Ping​ သည်​ Facebook​ နှင့်​ ​ငွေ​ကြေး​ဆိုင်​ရာ​ ​ညှိ​နှိုင်း​မှု​များ​တွင်​ ​အ​ဆင်​မ​ပြေ​ ​ဖြစ်​ခဲ့​ပြီး​နောက်​ Twitter​ သို့​ ​သွား​ရောက်​ဆက်​သွယ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ Twitter​ သည်​ ​နေ့​စဥ်​ ​ဝင်​ရောက်​သုံး​စွဲ​သူ​ ​၉၅​ ​သန်း​မျှ​ ​ရှိ​နေ​သည့်​အ​တွက်​ ​အ​ပြန်​အ​လှန်​ ​အ​ထောက်​အ​ပံ့​ ​ဖြစ်​စေ​မည်​ဟု​ Ping ​၏​ ​တ​ရား​ဝင်​ Blog​ တွင်​ ​ဖော်​ပြ​ထား​သည်​။​

​သ​တင်း​များ​အ​ရ​ ဝက်​ဆိုက်​နှစ်​ခု​ ​ချိတ်​ဆက်​မှု​ကို​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ပြီး​ ​ဖြစ်​သော်​လည်း​ ​ငွေ​ကြေး​ဆိုင်​ရာ​ ​အ​သေး​စိတ်​ ​ညှိ​နှိုင်း​မှု​များ​ ​မ​ပြု​လုပ်​ရ​သေး​ဟု​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here