ဂျာမနီရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများ သက်တမ်း​ တိုးမြှင့်မှုအား​ ရုပ်သံ​ အစီအစဉ် တင်ဆက်သူ သတိပေး

alt

ဂျာမနီ နိုင်ငံရှိ နျူကလီးယား ဆန့်ကျင်ရေး လှုပ်ရှားသူနှင့် နာမည်ကျော် ရုပ်မြင် သံကြား အစီအစဥ် တင်ဆက်သူ တစ်ဦးက နိုင်ငံ အတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများကို သက်တမ်း မြှင့်တင်မည့် အစီအစဥ်ကို ရပ်ဆိုင်း ပါက တန်ဖိုး ကြီးကြီး ပေးဆပ် သွားမည်ဟု ကြေညာ လိုက်သည်။

အသက် ၃၂ နှစ်ရှိ ဗြိတိန်ဖွား ချာလော့တီ ရိုချီက အကယ်၍ ဂျာမနီ နိုင်ငံရှိ ဓာတ်ပေါင်းဖို ၁၇ ခုအား သက်တမ်း တိုးရေး အဆိုကို ပယ်ဖျက် လိုက်မည် ဆိုလျင် ဂျာမန် သမ္မတ ခရစ်စတန် ဝုဖ်နှင့် တစ်ည အိပ်မည်ဟု ကြွေးကြော် လိုက်သည်။ သက်တမ်း တိုးရေး စီမံကိန်း တောင်းဆိုမှုကို သမ္မတက အတည်ပြု လက်မှတ် ထိုးရန် ငြင်းဆိုလျင် ဝုဖ် အတွက် တစ်ညတာ ဖျော်ဖြေရန် အသင့်ရှိကြောင်း ချာလော့ တီက ဆိုသည်။ ထို့အပြင် ယင်း တောင်းဆိုမှု အတွက် ခင်ပွန်းသည် ကလည်း သဘောတူကြောင်း၊ သမ္မတ ကတော်၏ သဘောထားကိုမူ မသိကြောင်း ဆက်လက် ပြောကြာ းခဲ့သည်။

လိင်မှုဆိုင်ရာ ရှင်းလင်းချက် စာအုပ် တစ်အုပ် ဖြစ်ပြီး အရောင်းရဆုံး စာရင်းဝင်ခဲ့သည့် Wetlands​ ကို ၂၀၀၈ ခုနှစ်က ရေးသား ထုတ်ဝေခဲ့သည့် ချာလော့တီသည် ဂျာမနီ၏ နျူကလီးယား စွမ်းအင် ကဏ္ဍ အတွက် အန္တရာယ်ရှိသော ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းများ သယ်ယူ ပို့ဆောင်နေခြင်းကို အစဥ်တစိုက် ကန့်ကွက် နေသူ ဖြစ်သည်။ ဂျာမန် နျူကလီးယား ဓာတ်ပေါင်းဖိုများကို ၂၀၂၀ တွင် ပိတ်ပစ်ရန် ယခင်က စီစဥ် ထားသော်လည်း လွှတ်တော် အတွင်း သက်တမ်းတိုး လည်ပတ်ရန် တောင်းဆိုမှုများ ထွက်ပေါ် လာချိန်တွင် ချာလေ့ာတီက သမ္မတအား ယခုလို ရဲရဲဝံ့ဝံ့ တောင်းဆိုမှု ပြုလိုက်ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here