ဟေတီကာလဝမ်းရောဂါ ပျံနှံ့မှုတားဆီးရန် ဒေါ်လာ ၁၆၄ သန်း အကူအညီ ကုလသမဂ္ဂရှာဖွေ

alt

ကု​လ​သ​မ​ဂ္ဂ​အ​နေ​နှင့်​​ ​ဟေ​တီ​နိုင်ငံ​တွင်​ ကာ​လ​ဝမ်း​ရော​ဂါ​​ ​ပျံ​နှံ့​မှု​ကို​ ​တား​ဆီး​နိုင်​ရန်​​ ​ဒေါ်​လာ​ ​၁၆၄​ ​သန်း​မျှ​​ ​အ​ကူ​အ​ညီ​ ​ရှာ​ဖွေ​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဟေ​တီ​တွင်​​ ​သောက်​သုံး​ရေ​ ​မ​သန့်​ရှင်း​မှု​ကြောင့်​ ​ စ​တင်​ဖြစ်ပွား​သော

​ ​ရော​ဂါ​သည်​ ​မြို့​တော်​ ​ပို့​အူ​ပ​ရင့်​ထိ​ ​ကူး​စက်​ရောက်​ရှိ​နေ​ပြီ​ဟု​ ​ကျန်း​မာ​ရေး​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ဝန်​ခံ​ထား​ပြီး​ ​အ​သေ​အ​ပျောက်ဦး​ရေ​ ​၇၂၄​ ဦး​ထိ​ ​ရှိ​လာ​ပြီ​ဟု​ ​ပြောကြား​ထား​သည်​။​ ​

လူ​ပေါင်း​ ​နှစ်​သိန်း​ ကျော်​ ​ဝမ်း​ရော​ဂါ​ ​လ​က္ခ​ဏာ​များ​ ​ပြ​သ​နေ​ခြင်း​ကြောင့်​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​အ​လှူ​ရှင်​များ​ ​အ​ရေး​ပေါ်​ ​ရှာ​ဖွေ​ပေး​ရန်​ ​နိုင်ငံ​တ​ကာ​နှင့်​ ​ဒေ​သ​တွင်း​ ​အ​ဖွဲ့​အ​စည်း​များ​အား​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​ထား​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​မှ​ ​ပြော​ရေး​ ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​အဲ​လိ​ဇ​ဘက်​ ​ဘ​ရိုင်း​က​ ​ရော​ဂါ​ထိန်း​ချုပ်​ရေး​အ​တွက်​ ​ငွေ​ကြေး​လို​အပ်​ချ​က်​မှာ​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​တွင်​ ​ရှိ​နေ​ကြောင်း​ ​ဝန်​ခံ​ပြော​ကြား​သွား​သည်​။​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​ ​အင်​အား​ပြင်း​ထန်​လှ​သော​ င​လျင်​ကြီး​ဒဏ်​ကို​ ​အ​လူး​အ​လဲ​ ​ခံ​စား​ထား​ရ​သည့်​ ​ကျွန်း​နိုင်ငံ​တွင်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ဖြစ်​ပွား​မှု​ပေါင်း​ ​၁၁၀၀၀​ ​ကျော်​ကို​ ​အ​တည်​ပြု​ ​ဖော်​ထုတ်​တွေ့​ရှိ​ထား​ရာ​ ​ယင်း​မှာ​ ​ကပ်​ရော​ဂါ​အ​သွင်​ကို​ ​ဆောင်​လာ​မည်​ကို​ ​စိုး​ရိမ်​ဖွယ်​ ​ ဖြစ်​နေ​သည်​။​

​မူ​လ​က​ ​ပို့​အူ​ပ​ရင့်​ထိ​ ​မ​ရောက်​အောင်​ ​တား​ဆီး​နိုင်​မည်​ဟု​ ​ယူ​ဆ​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ရော​ဂါ​ဖြစ်​ပွား​မှု​ ​၂၇၈​ ​ခု​မှ​ ​လူ​ ​၁၀​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​မြို့​တော်​ ​ကျန်း​မာ​ရေး​ ​အာ​ဏာ​ပိုင်​များ​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ ဟေ​တီ​သည်​ ​ကာ​လ​ဝမ်း​ရော​ဂါ​ ​ကူး​စက်​မှု​ကို​ ​ယ​ခင်​က​ ​ထို​မျှ​ထိ​ ​ဆိုး​ဆိုး​ရွား​ရွား​ ​မ​တွေ့​ကြံု​ခဲ့​ဖူး​သော​ကြောင့်​ ​ကျန်း​မာ​ရေး​ ​ဝန်​ထမ်း​များ​၏​ ​ကျွမ်း​ကျင်​မှု​တွင်​ ​အား​နည်း​ချက်​များ​ ​ရှိ​နေ​ကြောင်း​လည်း​ ​ဟေ​တီ​ကျန်း​မာ​ရေး​ ​ဝန်​ ကြီး​ဌာ​န​က​ ​ဝန်​ခံ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here