ထိုင်းနိုင်ငံတွင် ဖမ်းဆီး ထားသည့် ရုရှား လက်နက် မှောင်ခို ကုန်သည်အား အမေရိကန်သို့ လွှဲပြောင်းပေး

alt

ထိုင်း အစိုးရက ၎င်းတို့ ဖမ်းဆီး ရမိသည့် ရုရှား လက်နက် မှောင်ခို ကုန်သည်အား အမေရိကန် လက်သို့ လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်။ မော်စကိုရှိ ရုရှား အစိုးရက အပြင်းအထန် ကန့်ကွက်ပြီး ဗစ်တာ ဘောက် ကို ၎င်းတို့ထံ ပြန်လည် ပေးပို့ရန် တောင်းဆို နေသည့်တိုင်

ထိုင်း အစိုးရက အကြမ်းဖက်မှုဖြင့် စွဲချက် တင်နိုင်ရန် အမေရိကန်သို့ ပို့ပေး လိုက်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ အကြီးအကဲ ဆူပီဆန်ဘာဒင်နာနတ်က အသက် ၄၃ နှစ်ရှိ ရုရှား လူမျိုးကို ဘန်ကောက် လေဆိပ်မှ လေယာဥ် တစ်စင်းပေါ် တင်ဆောင်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန်သို့ စေလွှတ် ပေးလိုက်ကြောင်း ပြောဆို သွားသည်။ သမ္မတ အဘီဆစ် ဗီဂျာဂျီဗာက အစိုးရ အဖွဲ့ အစည်းအဝေး အပြီးတွင် ထိုင်း အစိုးရ သည် ဘောက်ကို အမေရိကန်သို့ လွှဲအပ်ရန် ဆုံးဖြတ် လိုက်ကြောင်း သတင်းထောက်များအား ပြောကြား ခဲ့သည်။ ဆိုဗီယက် ခေတ်က လေတပ် အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသူ ဘောက်သည် ကမ္ဘာပေါ်တွင် နာမည် အကြီးဆုံး လက်နက် မှောင်ခို သမား တစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လက ဘန်ကောက်ရှိ ဇိမ်ခံ ဟိုတယ် တစ်ခုတွင် အဖမ်း ခံခဲ့ရသည်။ ထိုစဥ်က ဘောက်အား စီးနင်း ဖမ်းဆီးမှုကို အမေရိကန် တပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ဘောက်၏ ဇနီး ဖြစ်သူ အေလာက ထိုင်း အစိုးရ၏ လုပ်ရပ် သည် နိုင်ငံရေး အရ မမျှတသော ဆောင်ရွက်မှု ဖြစ်ကြောင်း ဝေဖန် ပြောကြား ခဲ့သည်။ ရုရှား အစိုးရသည် ဘောက်အား အမေရိကန်သို့ လွှဲအပ်မှုကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ကြေညာ ခဲ့သည်။ အဘီဆစ်၏ ထိုင်း အစိုးရသည် အမေရိကန်နှင့် ရုရှားကြား နှစ်ဖက် ဖိအား အောက်တွင် ညပ်နေ ခဲ့သော်လည်း နောက်ဆုံးတွင် အမေရိကန် သို့သာ ဘောက်အား လွှဲပြောင်း ပေးရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here