လွှတ်တော်အမတ် ဦးသိန်းညွန့်ကို NDF ပါတီက ထုတ်ပယ်

alt

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ကိုယ်စားပြုပြီး သင်္ကန်းကျွန်းမြို့နယ်က ဝင်ရောက် အရွေးခံခဲ့တဲ့ ဦးသိန်းညွန့်ကို ပါတီ ပြိုကွဲအောင် လုပ်တဲ့ အတွက် ပါတီဝင်​ အဖြစ်ကနေ ထုတ်ပစ်​ လိုက်ကြောင်း

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ​ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆို​ ခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်နေ့က ပါတီရဲ့ နိုင်ငံရေး ဦးဆောင်​ ကော်မတီ ၁၅ ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော်​ အမတ် ဦးသိန်းညွန့်ကို ပါတီ​ ကနေ​ ထုတ်ပစ်ဖို့ ဆုံးဖြတ်​ လိုက်တဲ့​ အကြောင်း၊ ထို့အပြင် ဦးသိန်းညွန့် ရေးဆွဲ ပြီး​​၊​ ကော်မရှင်ကို တင်ပြထားတဲ့ စည်းမျဉ်း​ စည်းကမ်းတွေကို ဦးသိန်းညွန့် ကိုယ်တိုင် ဖောက်ဖျက်ပြီးတော့ ပါတီကို အတွင်း​ ကနေ​ ပြန်တိုက်ဖို့​ ကျိုးစားတဲ့ အကြောင်း၊ ကျနော်တို့ကို နိုင်ငံခြားက ထောက်ပံငွေတွေ ယူထား​ သလိုလို စွပ်စွဲပြီး၊ ကျနော်​ တို့ကို တရားစွဲမယ်လို့​လည်း ပြောခဲ့​ပါတယ်။ ပြီးတော့ ကော်မရှင်ကို တိုင်မယ်လို့လည်း ပြောဆို​ ခဲ့တာတွေ​ ရှိခဲ့တဲ့​ အတွက်​ နိုင်ငံခြားငွေ တပြားမှ​ ယူမထားဘူး​ ဆိုတာ ဦးသိန်းညွန့်ကိုလည်း ရှင်းပြ​ ပြီးပါပြီ။ အဲဒါကို လက်မခံဘဲ ကျနော်​ တို့ကို ပြန်ပြီးတော့ ပါတီ​ တွင်းကနေ ပြန်ဖျက်ဖို့ ကြိုးစားခဲ့​တာပါ။​ အခုလို ပါတီ​ ပြိုကွဲအောင်​ လုပ်တဲ့​ အတွက် ကျနော်တို့​ အားလုံးက တပြေးညီ ဆုံးဖြတ်ပြီး ထုတ်ပစ်လိုက်တာ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက အတည်ပြု ပြောဆို​ ခဲ့ပါတယ်။

လွှတ်တော်အမတ် ဦးသိန်းညွန့်က ရွးကောက်ပွဲ မတိုင်ခင်ကတည်းက သူတို့ကို ကျနော် ပြောခဲ့တယ်။ ရွေးကောက်ပွဲမှာ နိုင်သည်​ ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ရွေးကောက်ပွဲ​ ပြီးရင် သူတို့ ငွေစာရင်း​ ကိစ္စတွေ၊ ဝန်ခံချက်တွေ ချိုးဖောက်​ ထားတာတွေကို နိုင်ငံရေး​ အရ ကျနော် စာရင်းရှင်းမယ်လို့ ပြောပြီးသားပဲ။ အဲဒါကို သူတို့က ပါတီတွင်းမှာ ကျနော်နဲ့ မဆွေးနွေးဘဲနဲ့ သူတို့က ကျနော့်ကို ကြိုပြီးတော့ နိုင်ငံရေး​ အရ လုပ်ကြံ​ လိုက်တယ်​ လို့ပဲ ယူဆ​ တယ်လို့​ ပြောဆို​ ခဲ့ပြီး၊ ရွးကောက်ပွဲ ရန်ပုံငွေတွေကို ဗုံးထားတဲ့ ကိစ္စတွေကို ကော်မရှင်ကို တင်ပြပြီးတော့ ဆက်လက် အရေးယူဖို့ ပြင်ဆင်​ ထားပါတယ်။ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို တရားဝင် ခေါ်တာ မှန်သမျှ ကျနော် တက်တယ်။ အရေးပေါ် အစည်းအဝေးကို ဘယ်လို​ ခေါ်ရမယ်ဆိုတာ ကျနော်တို့ ဆုံးဖြတ်​ ထားတာ ရှိတယ်။ အဲဒါတွေကို သူတို့ တခုမှ မလုပ်ခဲ့ဘူး။ အခုဟာ သူတို့က ရွေးကောက်ပွဲ​ နိုင်တဲ့ ကျနော့်ကို ကွန်ဂရက်​ ကျူလေးရှင်း မလုပ်တဲ့​ အပြင် အောင်နိုင်တဲ့ ကျနော့်​ အပေါ်မှာ၊ လူထုအပေါ်မှာ ဩဇာရှိတဲ့ ကျနော့်​ အပေါ်မှာ လက်ဦးမှု​ ရယူခဲ့တာ​ ဖြစ်ကြောင်း၊ ကော်မရှင်​ ဥပဒေအရ ကျနော်က NDF ပါတီရဲ့ ဒုတိယ ခေါင်းဆောင်ပဲ။ ကျနော့်ကို ၁၈ ယောက်က တင်ထားတဲ့ဟာကို ၁၂ ယောက် ဆုံးဖြတ်ချက်နဲ့ ဖြုတ်လို့မှ မရကြောင်း ပြောဆို​ ခဲ့ပါသည်။

နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော စစ်အစိုးရ ရွေးကောက်ပွဲတွင် NDF ပါတီမှ ကိုယ်စားလှယ်ဦးရေ ၁၆၁ ဦး ဝင်ပြိုင်ရာတွင် ၁၆ ဦးသာ အနိုင်ရခဲ့ကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here