ဟောလီးဝုဒ်ကို ကြောက်တဲ့ ဂျက်စတင်ဘီဘာ

alt

ဂျက်စတင်ဘီဘာက ဟောလီးဝုဒ်သည် ၎င်း အတွက် ကြောက်စရာ နေရာ တစ်ခု ဖြစ်ကြောင်း ပြောကြား လိုက်သည်။ အသက် ၁၆ နှစ်သာ ရှိသေး သော်လည်း ကမ္ဘာကျော် တစ်ဦး ဖြစ်လာ သည့် အဆိုတော်နှင့် သရုပ်ဆောင်လေး​ က

Guardian​ သတင်းစာနှင့် အင်တာဗျူးတွင် ဟောလီးဝုဒ်မှာ အလွန် ကောင်းမွန်သော အရာများ ရှိသလို အလွန် ဆိုးရွားသော အရာများနှင့် လည်း ပြည့်နှက် နေကြောင်း ပြောဆို သွားသည်။

၎င်း သည် ခရစ်ယာန် တစ်ဦး ဖြစ်ပြီး ဘုရား သခင် အပေါ် ယုံကြည်မှု အပြည့် ရှိကြောင်း၊ မိမိ အနေနှင့် အခက်အခဲများ၊ တွေဝေ စရာများ ကြံုလာပါက ဘုရားသခင်ကို ယုံကြည် ကိုးစားစိတ် ဖြစ်ပေါ်လာကြောင်း ဘီဘာက ဆိုသည်။ ထို့အပြင် ဟောလီးဝုဒ်သည် အန္တရာယ်များပြီး အရိုင်းဆန်သော နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ တစ်ဖက်တွင် သာယာမှုများ ပြည့်နှက်နေသလို တစ်ဖက်တွင်လည်း ထောင်ချောက်များ ရှိနေကြောင်း သုံးသပ်သွားခဲ့သည်။ ၎င်းသည် သတင်းစာနှင့် အင်တာဗျူးတွင် My World ဖျော်ဖြေပွဲကို ဗြိတိန်ဖက် ခြေဆန့်မည်ဟုလည်း အတည်ပြုသွားသည်။

ဘီဘာသည် အင်တာနက် Video Sharing ကဏ္ဍတွင် ၎င်း၏သီချင်းများ အောင်မြင်လာပြီးနောက်ပိုင်း အယ်ဘမ်များ ထုတ်ဝေရာ လူငယ်ထုအကြိုက် အဆိုတော်တစ်ယောက် ဖြစ်လာပြီး ရုပ်ရှင်အချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here