ဂိမ်းဇာတ်ကောင်မှတဆင့် လက်ထပ်လိုက်သည့်​ ဗြိတိန်စုံတွဲ

alt

ဂိမ်း​ဇာတ်​ကောင်​များ​ချင်း​​ ​ရင်း​နှီး​မှု​ ​ရ​ခဲ့​ရာ​မှ​​ ​ဗြိ​တိ​သျှ​ ​စုံ​တွဲ​တစ်​တွဲ​သည်​​ ​ပျော်​ရွှင်​စွာ​ ​လက်​ထပ်​ခဲ့​ကြောင်း​ ​သိ​သည်​။​ ​ပေါ​တာ​နာ​နှင့်​ ​ဗစ်​ကီ​တီ​သာတို့​သည်​ Online​ ​ဂိမ်း​တစ်​ခု​တွင်​

Andurus​ ​နှင့်​ Branwen​ ဟူ​သော​ ​အ​မည်​များ​ဖြင့်​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ချိတ်​ဆက်​သိ​ကျွမ်း​နေ​သော်​လည်း​ ​တစ်ဦး​နှင့်​တစ်ဦး​ ​မ​မြင်​ဖူး​ခဲ့​ကြ​ချေ​။​

​ယင်း​တို့​၏​ ​ဇာတ်​ကောင်​များ​မှာ​မူ​ ​တ​ကယ့်​လက်​တွေ့​ဘ​ဝ​မှ​ ​ချစ်​သူ​များ​သ​ဖွယ်​ ​သံ​ယော​ဇဥ်​ တွယ်​နေ​ကြ​သည်​။​ ​ထို့​နောက်​တွင်​တော့​ ​ကွန်​ပျူ​တာ​ ​ပ​ရို​ဂ​ရမ်​မာ​ ​တစ်ဦး​ဖြစ်​သည်​ ​တာ​နာ​နှင့်​ ​ဂ​ရပ်​ဖစ်​ကျွမ်း​ကျင်​သူ​ ​တီ​သာ​တို့​သည်​ ​လူ​ချင်း​ပါ​ ​သံ​ယော​ဇဥ်​ ​ငြိ​တွယ်​ ​လာ​ခဲ့​သော်​လည်း​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​တစ်ဦး​နှင့်​တစ်ဦး​ ​မ​တွေ့​ခဲ့​ကြ​ချေ​။​ ​သို့​သော်​ ​လက်​တွေ့​မြင်​ကြ​ချိန်​တွင်​ ​တစ်ဦး​ချင်း​စီ​သည်​ ​မိ​မ​ိ​တို့​ ​ဖန်​တီး​ထား​သည့်​ ​ဇာတ်​ကောင်​များ​နှင့်​ ​အ​သွင်​ကွဲ​ပြား​နေ​သည်​ကို​ ​မြင်​ခဲ့​ရ​ကြောင်း​ ​အ​သက်​ ​၂၇​ ​နှစ်​ရှိ​ ​တာ​နာ​က​ ​ရယ်​ရယ်​မော​မော​ ​ပြော​ ကြား​ခဲ့​သည်​။​ ​

လန်​ဒန်​တွှူ်​ ​နေ​ထိုင်​သော​ ​တာ​နာ​နှင့်​ ​ဆောက်​သမ်တမ်​တွင်​ ​နေ​ထိုင်​သော​ ၎င်း​ထက်​ ​၂​ ​နှစ်​ကြီး​သူ​ ​တီ​သာ​တို့​သည်​ ​ဂိမ်း​ထဲ​တွင်​ ​၁၈​ ​လ​ကြာ​အောင်​ ​ချစ်​သူ​ဖြစ်​ခဲ့​ပြီး​နောက်​ World​ of​ Final​ Fantasy​​ ဂ​ိမ်း​မှ​ ​ လက်​တွဲ​ဖော်​လောင်း​ကို​ ​ရှာ​ဖွေ​ရန်​ ​တာ​နာ​က​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​ ဂိမ်း​က​စား​ရင်း​ ​တစ်​နေ့​တွင်​ ​တီ​သာ​၏​ ​ဇာတ်​ကောင်​က​ ၎င်း​၏​ ​ဇာတ်​ကောင်​ Andurus​​ ကို​ ​ကယ်​တင်​လိုက်​ပြီး​နောက်​ ​မိ​မိ​တို့​ကြား​ ​ခိုင်​မြဲ​မှု​မှာ​ ​ပို​မို​ကြီး​ ထွား​လာ​ကြောင်း​ ​တာ​နာ​က​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ​ယင်း​တို့​နှစ်ဦး​သည်​ ​၂၀၀၈​ ​ခု​နှစ်​က​ ​ခ​ရ​စ္စ​မတ်​ ​အ​ကြို​ကာ​လ​က​ ​ဆောက်​သမ်​တမ်​တွင်​ ​တွေ့​ဆုံ​ခဲ့​ပြီး​နောက်​ ​လူ​ချင်း​ ​ရင်း​နှီး​လာ​ကြောင်း​ ​ယ​ခု​လ​ ​အ​စော​ပိုင်း​က​ ​တီ​သာ​နှင့်​ ​ လက်​ထပ်​ခဲ့​သည့်​ ​တာ​နာ​က​ဆို​သည်​။​

တာ​နာ​နှင့်​ ​တီ​သာ​တို့​သည်​ ​ဗြိ​တိန်​တွင်​ ​ဂိမ်း​က​စား​ရာ​မှ​ ​စုံ​မက်​ချစ်​ခင်​ပြီး​ ​ပ​ထ​မ​ဆုံး​ ​လက်​ထပ်​သော​ ​စုံ​တွဲ​တော့​ ​မ​ဟုတ်​ချေ​။​ ​လွန်​ခဲ့​သော​ ​၂​ ​နှစ်​က​လည်း​ Second Life​ ​ဂိမ်း​ပ​ရိ​သတ်​ များ​ဖြစ်​သည့်​ ​အ​သက်​ ​၃၃​ ​နှစ်​အ​ရွယ်​ ​ခ​ရစ်​စ​တန်​ ​ဘာ​ကင်​နှင့်​ ​အ​သက်​ ​၄၇​ ​နှစ်​ရှိ​ ​စ​တီ​ဗီ​ဆွိ​တို့​သည်​လည်း​ ​တ​ရား​ဝင်​ ​လက်​ထပ်​ထိမ်း​မြား​ခဲ့​​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here