အကောင်းဆုံး နည်း​ပညာ Gadget အဖြစ် Apple iPad ရွေးချယ်ခံရ

alt

Apple​​ ၏​ Tablet​​ ကွန်​ပျူ​တာ​​ iPad​​ သည်​ ​Staff​ Gadget​ ​၏​ ယ​ခု​နှစ်​အ​တွက်​​ ​အ​ကောင်း​ဆုံး​ ​နည်း​ပ​ညာ​ Gadget​အ​ဖြစ်​ ​ရွေး​ချယ်​ခြင်း​ ​ခံ​ခဲ့​ရ​သည်​။​ နို​ဝင်​ဘာ​ ​၁၂​ ​ရက်​နေ့​က​ ​အ​တည်​ပြု​ ​ထုတ်​ပြန်​သော​ ​ဆု​စာရင်း​တွင်​

iPad​ သည်​ Amazon ​မှ​ ​ထုတ်​လုပ်​သည့်​ Ebook​ Reader​ ​ဖြစ်​သော​ Kindle​ ​နှင့်​ Sky ​၏​ 3D​ ​အ​စီ​အ​စဥ်​တို့​ကို​ Gadget​ of​ the​ Year​ဆုနှင့်​ ​သုံး​စွဲ​သူ​အ​ကြိုက်​ဆု​တို့​တွင်​ ​ဖြတ်​ကျော်​အ​နိုင်​ယူ​ခဲ့​သည်​။​ အ​သေး​စား​ ​ဖျော်​ဖြေ​ရေး​ အိတ်​ဆောင်​မီ​ဒီ​ယာ​ ​ဆု​တွင်​လည်း​ Apple​ ​၏​ iPod​​ Touch​ က​ပင်​ ​အောင်​ပွဲ​ခံ​ခဲ့​သည်​။​ နှစ်​စဥ်​ ​သုံး​စွဲ​သူ​အ​ကြိုက်​ ​မဲ​ပေး​ရွေး​ချယ်​သော​ Staff​ Gadget​ဆု​များ​တွင်​ ​ဂိမ်း​စက်​များ​ ​အား​ပြိုင်​မှု​သည်​လည်း​ ​ပြင်း​ထန်​ခဲ့​ ပြီး​ Microsoft​​ ၏​ လှုပ်​ရှား​မှု​ ​အာ​ရုံ​ခံ​ ​ကိ​ရိ​ယာ​ ဂိမ်း​စက်​ဖြစ်​သော​ Xbox​ Kinetic​​ က​ ​အောင်​ပွဲ​ခံ​ခဲ့​သည်​။​ ​

ယင်း​သည်​ ​ယ​ခု​နှစ်​အ​တွက်​ ​အ​ကောင်း​ဆုံး​ ​ထိုး​ထွင်း​တီ​ထွင်​မှု​အ​ဖြစ်​ ​ပ​ရိ​သတ်​များ​၏​ ​ထောက်​ခံ​မဲ​ပေး​မှု​ကို​ ​ရ​ရှိ​ခဲ့​သည်​။​ ​အ​ကောင်း​ဆုံး​ ​ဖုန်း​ဆု​ကို​မူ​ Apple​​ ၏​ iPhone​​ က​ ​ရ​ရှိ​သွား​သည်​။​ ​ဖျော်​ဖြေ​ရေး​တွင်​ ​အ​ရေး​ပါ​သော​ ​ဆု​တစ်​ခု​ဖြစ်​သည့်​ ​နည်း​ပ​ညာ​မြင့်​ ​ဂိမ်း​များ​အား​ ​ရွေး​ချယ်​ဆု​ပေး​ရာ​တွင်​ Call​ of​ Duty​:​ Black​ Ops​ ​က​ ​ထိပ်​ဆုံး​နေ​ရာ​မှ​ ရပ်​တည်​နိုင်​ခဲ့​သည်​။​ ​ယင်း​ဂိမ်း​သည်​ ​စ​တင်​ရောင်း​ချ​သည့်​ ​နို​ဝင်​ဘာ​ ​၉​ ​ရက်​နေ့​မှ​ ​၂၄​ ​နာ​ရီ​အ​တွင်း​ ​ဒေါ်​လာ​သန်း​​ ​၃၆၀​​ ​ေကျော်​ဖိုး​ ​ရောင်း​ချ​ခဲ့​ရာ​ ​သ​မိုင်း​တ​လျှောက်​ ​အ​ဖွင့်​နေ့​ ​ရောင်း​ပန်း​အ​လှ​ဆုံး​ ​ဖြစ်​လာ​သည်​။​ ​ထို့​အ​ပြင်​ Graphic​ပိုင်း​တွင်​ ​ရုပ်​ရှင်​ကြည့်​နေ​ရ​သည့်​နှယ်​ ​ပြေ​ပြစ်​ကောင်း​မွန်​လှ​သော​ Call​ of​ Duty​ ​ဂိမ်း​စီ​ရီး​များ​သည်​ Staff​ Gadget​ ​ဆု​တွင်​ ၂​ ​နှစ်​ဆက်​ ​အောင်​ပွဲ​ခံ​နိုင်​ခဲ့​ခြင်း​လည်း​ ​ဖြစ်​လာ​ပြီး​ God​ of​ War​​ ကဲ့​သို့​ ​နာ​မည်​ကျော်​ဂိမ်း​ များ​ကို​ ​ကျော်​ဖြတ်​နိုင်​ခဲ့​သည်​။​ ​

Honda​​ မှ​ ​ထုတ်​လုပ်​သည့်​ CR-Z​ ​လျှပ်​စစ်​ကား​သည်​ ​အ​ကောင်း​ဆုံး​ ​သ​ဘာ​ဝ​ဝန်း​ကျင်​ ​ထိန်း​သိမ်း​ရေး​ ​နည်း​ပ​ညာ​ Gadget​ဆု​ကို​ ​ရ​ရှိ​ခဲ့​သည်​။​ Google​ ​၏​ Navigation​​ စ​နစ်​က​ ​ယ​ခု​နှစ်​အ​တ​ ွက်​ ​အ​ကောင်း​ဆုံး​ ​လမ်း​ညွှန်​စ​နစ်​ Gadget​​ ဖြစ်​လာ​သည်​။​ TV​ ​ဆု​တွင်​မူ​ Samsung​​ မှ​ ​ထုတ်​လုပ်​သည့်​ C9000​​ က​ ​အောင်​ပွဲ​ခံ​ခဲ့​ပြီး​ Pogoplug​က​ Tech​ Accessory​ Gadget​​ ဆု​ကို​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here