​လှချင်လွန်းသည့် ဘက်ခမ်း ဗစ်တိုးရီးယား၏ မျက်နှာလိမ်း ခရမ်မ်များ သုံးစွဲ လေ့ရှိ

alt

ဒေး​ဗစ်​ဘက်​ခမ်း​သည်​ ၎င်း​၏​ဇ​နီး​သည်​ထံ​မှ​​ ​မျက်​နှာ​လိမ်း​ ​ခ​ရင်မ်​များ​ကို​​ ​ယူငင်​သုံး​စွဲ​လေ့​ရှိ​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​င်္ဂလန်​​ ​လက်​ရွေး​စင်​ဟောင်း​​ ​ဘော​လုံး​ကြယ်​ပွင့်​က​ ​ယင်း​၏​ ​မျက်​နှာ​သွင်​ပြင်​ ​ချော​မွေ့​ မှု​ကို​ ​ထိန်း​သိမ်း​ရန်​အ​တွက်​ ​

ဇ​နီး​သည်​ ​ဖက်​ရှင်​ဒီ​ဇိုင်​နာ​ ​ဗစ်​တိုး​ရီး​ယား​ ​ဘက်​ခမ်း​၏​ ​အ​လှ​ပြင်​ပ​စ္စည်း​များ​ကို​ ​အ​သုံး​ပြု​လေ့​ရှိ​ကြောင်း​ ​ဝန်​ခံ​သွား​သည်​။​ ​

ဘက်​ခမ်း​က​ ​မိ​မိ​သည်​ ​ဗစ်​တိုး​ရီး​ယား​နှင့်​ ​မ​တွေ့​မီ​က​ Body​ Lotion​ များ​ကို​သာ​ ​မျက်​နှာ​ပေါ်​တွင်​ ​လိမ်း​လိုက်​ကြောင်း​၊​ ​ယ​ခု​အ​ခါ​ ​ဗစ်​တိုး​ရီး​ယား​ဆီ​မှ​ ​မျက်​နှာ​ လိမ်း​ ခရင်မ်​ကို​ ​ခိုး​လိမ်း​နေ​ကြောင်း​ ​ရယ်​ရယ်​မော​မော​ ​ပြော​ဆို​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ယင်း​က​ ​ဗစ်​တိုး​ရီး​ယား​၏​ ​အ​လှ​ကုန်​ပ​စ္စည်း​များ​မှ​ ​ မွှေး​မြ​သော​ ​ရ​နံ့​များ​ကို​ ​နှစ်​သက်​ကြောင်း​လည်း​ ​ဆို​သည်​။​ ​အ​သက်​ ​၃၅​ ​နှစ်​ရှိ​ ​ဘက်​ခမ်း​သည်​ ၎င်း​ထက်​ ​၁​ ​နှစ်​ကြီး​သည့်​ ဗစ်​တိုး​ရီး​ယား​နှင့်​ ​သား​ ​၃​ ​ယောက်​ ​ရ​ရှိ​ထား​ပြီး​ ​လက်​ရှိ​တွင်​ ​အ​မေ​ရိ​ကန်​သို့​ ​ပြောင်း​ရွှေ့​နေ​ထိုင်​ လျက်​ရှိ​သည်​။​

​ဗြိ​တိန်​၏​ Cosmopolitan​ ​မ​ဂ္ဂ​ဇင်း​​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​ဘက်​ခမ်း​က​ ​ယ​ခု​အ​ခါ​ ​ဗစ်​တိုး​ရီး​ယား​သည်​ ​သူ​မ​၏​ ​အ​လှ​ကုန်​များ​ကို​ ၎င်း​ယူ​သုံး​နေ​ခြင်း​အား​ ​ပြော​မ​ရ​သ​ဖြင့်​ ​လွှတ်​ထား​လိုက်​ရ​ကြောင်း​လည်း​ ​ပြော​ ဆို​သွား​ခဲ့​သည်​။​ ​ဗစ်​တိုး​ရီး​ယား​သည်​ ​ဘက်​ခမ်း​က​ ​သူ​မ​၏​ ​အ​တွင်း​ခံ​ ​အ​ဝတ်​အ​ထည်​များ​ကို​ ​ယူ​ဝတ်​ကြည့်​တတ်​ကြောင်း​လည်း​ ​တစ်​ချိန်​က​ ​ပြော​ကြား​ခဲ့​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here