အ​မေ​ရိ​ကန်​တွင်​​ ​က​လေးငယ်​ပြ​ည့်​တန်​ဆာ​အ​ဖွဲ့​အား​​ ​ဖြို​ခွင်းကာ​​ ​က​လေး​ ​၆၉​ ဦး​ကို​ကယ်​တင်

alt

အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​​ ​က​လေးငယ်​ ​ပြည့်​တန်​ဆာ​မှု​ကို​ ​ဖြို​ခွင်း​ရေး​ ​လှုပ်​ရှား​မှု​မှာ​ ​က​လေး​ ​၆၉​ ဦး​ကို​ ​ကယ်​တင်​ပြီး​ ​ပြည့်​တန်​ဆာ​ခေါင်း​ ​၉၉​ ဦး​ ​အ​ပါ​အ​ဝင်​ ​လူ​ပေါင်း​ ​၈၈၄​ ဦး​ကို​ ​ဖမ်း​ဆီး​ခဲ့​ပြီး​နောက်​ ​အ​ ပြီး​သတ်​နိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​ ​

တင်​နက်​ဆီ​တွင်​ ​အာ​ဏာ​ပိုင်​များ​က​ ​လူ​ ​၂၉ ဦး​ကို​ ​ဂိုဏ်း​ဖွဲ့​ပြီး​ ​က​လေး​ပြည့်​တန်​ဆာ​ ​လုပ်​ရပ်​အ​တွက်​ ​ခိုင်း​စေ​မှု​ဖြင့်​ ​ဖမ်း​ဆီး​ထား​လိုက်​သည်​။​ ​ဆို​မာ​လီ​ယာ​နှင့်​ ​အာ​ဖ​ရိ​က​ဖွား​ ​အ​မေ​ရိ​ကန်​ ​မိန်း​က​ လေးငယ်​များ​ကို​ ​လူ​ကုန်​ကူး​ကာ​ ​ပြည့်​တန်​ဆာ​အ​ဖြစ်​ ​စေ​ခိုင်း​နေ​သော​ ​ဂိုဏ်း​များ​ကို​ ​မြို့​ကြီး​ ​၄၀​ ​အ​ပါ​အ​ဝင်​ ​တစ်​နိုင်ငံ​လုံး​တွင်​ ​ခြေ​ရာ​ခံ​ ​ဖော်​ထုတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ FBI​ မှ​ ​လက်​ထောက်​အ​မှု​ဆောင်​ ​ဒါ​ရိုက်​တာ​ဖြစ်​သူ​ ​ ရှောင်​ဟင်​န​ရီ​က​ ​က​လေး​ပြည့်​တန်​ဆာ​မှု​သည်​ ​အ​မေ​ရိ​ကန်​အ​တွက်​ ​ကြီး​မား​သော​ ​အ​ခက်​အ​ခဲ​တစ်​ခု​ ​ဖြစ်​နေ​ကြောင်း​၊​ ​က​လေး​များ​ ​လူ​ကုန်​ကူး​ခံ​ရ​သည့်​ ​အ​ထောက်​အ​ထား​များ​ ​တွေ့​ခဲ့​သော်​လည်း​ ​ကာ​လ​ကြာ​ရှည်​စွာ​ ​ ခြေ​ရာ​ပျောက်​နေ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​မ​ဟာ​ဗျူ​ဟာ​မြောက်​ ​စစ်​ဆင်​ရေး​ ​လှုပ်​ရှား​မှု​တွင်​ က​လေးငယ်​များ​အား​ ​ပြည့်​တန်​ဆာ​ဘ​ဝ​ ​ရောက်​ရှိ​အောင်​ ​စေ​ခိုင်း​ဆောင်​ရွက်​နေ​သူ​များ​ကို​ ​အ​ဓိ​က​ ​ရှာ​ဖွေ​ဖမ်း​ဆီး​နိုင်​ခဲ့​ ကြောင်း​ ​ဟင်​န​ရီ​က​ဆို​သည်​။​ ​ဒက်​ထ​ရွိုက်​မြို့​တွင်​ ​ပြည့်​တ​န်​ဆာ​ခေါင်း​ ​၁၀​ ဦး​ကို​ ​ဖမ်း​မိ​ခဲ့​ပြီး​ ​တာ​ကို​မ​တွင်​ ​၂​ ဦး​နှင့်​ ​ဆက်​က​ရာ​မင်​တို​တွင်​ ​၃​ ဦး​ ​ဖမ်း​မိ​ခဲ့​သည်​။​ ​က​လေး​ပြည့်​တန်​ဆာ​ ​အ​များ​ဆုံး​ကို​ ​ကယ်​တင်​နိုင်​ခဲ့​သည့်​ ​မြို့​ များ​မှာ​ ​ဆီ​ယက်​တယ်​နှင့်​ ​ဝါ​ရှင်​တန်​တို့​ ​ဖြစ်​ကြ​ပြီး​ ​၁၆​ ဦး​စီ​ ​ကယ်​ဆယ်​နိုင်​ခဲ့​ကြောင်း​ FBI​ က​ ​ကြေ​ညာ​သွား​သည်​။​​

LEAVE A REPLY

Please enter your comment!
Please enter your name here