အသက် ၅၀ အရွယ် အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူတစ်ဦးအား အင်ဒိုနီးရှားတွင် ထောင်ဒဏ်ချ

alt

အင်​ဒို​နီး​ရှား​နိုင်ငံ​တွင်​​ ​သက်​ကြီး​ပိုင်း​ ​အ​မျိုး​သ​မီး​​ ​တစ်င်္ဦး​အား​ ​လိင်​ပိုင်း​ဆိုင်​ရာ​​ ​စော်​ကား​မှု​များ​ ​ပြု​လုပ်​ကာ​​ ​ဓား​ပြ​တိုက်​ခဲ့​သူ​​ ​တစ်ဦး​ကို​ ​ထောင်​ချ​လိုက်​ကြောင်း​​ ​သိ​ရသည်​။​ ​

အ​သက်​ ​၂၃​ ​နှစ်​ရှိ​ ​အ​လုပ်​လက်​မဲ့​ ​ဝမ်​ဖိုင်​ဆယ်​မူ​ဟာ​မက်​သည်​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​ ​က​လေး​ထိန်း​ အ​မျိုး​သ​မီး​အား​ ​ဓား​ပြ​တိုက်​၊​ ​မု​ဒိမ်း​ကျင့်​ခဲ့​သည့်​အ​ပြင်​ ​ဓ​မ္မ​တာ​မ​ဟုတ်​သော​ ​လိင်​ဆက်​ဆံ​မှု​များ​ပါ​ ​ပြု​လုပ်​ခဲ့​သည်​။​ ၎င်း​သည်​ ​အ​မျိုး​သ​မီး​ကြီး​ ​ထိန်း​ကျောင်း​နေ​ရ​သည့်​ ​၃​ ​နှစ်​သား​ ​က​လေးငယ်​ရှေ့​တွင်​ ​ပါး​စပ်​ဖြင့်​ ​လိင်​ဖျော်​ဖြေ​မှု​ပေး​ရန်​ ​အ​မျိုး​သ​မီး​ကြီး​အား​ ​အ​တင်း​အ​ကြပ်​ ​စေ​ခိုင်း​ခဲ့​သည်​။​

​ကန်​ကာ​ပူ​လယ်​ရှိ​ ​နေ​အိမ်​တစ်​လုံး​တွင်​ ​မတ်​လ​ ​၂၇​ ​ရက်​နေ့​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​ကိ​စ္စ​အ​တွက်​ ​မူ​ဟာ​မက်​တွင်​ ​အ​ပြစ်​ရှိ​ကြောင်း​ ​တ​ရား​ရုံး​က​ ​ဆုံး​ဖြတ်​ပြီး​နောက်​ ​ထောင်​ဒဏ်​ ​၃၂​ ​နှစ်​အ​ပြင်​ ​ကြိမ်​ဒဏ်​ ​၂၄​ ​ချက်​ပါ​ ​ချ​မှတ်​ခဲ့​သည်​။​ ​တ​ရား​သူ​ကြီး​က​ ​ရုံး​ခန်း​အ​တွင်း​မှ​ ​ထွက်​သွား​ချိန်​တွင်​ ​က​ယောင်​ခြောက်​ခြား​ ​ဖြစ်​နေ​သော​ ​မူ​ဟာ​မက်​သည်​ ​ရဲ​များ​အား​ ​ကြိ​မ်​ဒဏ်​မှာ​ ​အ​သား​နာ​မ​နာ​ ​မေး​မြန်း​ခဲ့​သည်​။​ ​အ​ပြီး​သတ်​ ​စီ​ရင်​ချက်​ ​ချ​မှတ်​ရာ​ ​နို​ဝင်​ဘာ​ ​၁၁​ ​ရက်​နေ့​ ​တ​ရား​ခွင်​တွင်​ ​မူ​ဟာ​မက်​၏​ ​မိ​သား​စု​၊​ ​ဆွေ​မျိုး​များ​လည်း​ ​တက်​ရောက်​ခဲ့ပြီး​ ​စီ​ရင်​ချက်​အ​ပြီး​တွင်​ ငို​ကြွေး​ခဲ့​ကြ​သည်​။​ ​ယင်း​တို့​က​ ​ထို​ကဲ့​သို့​ ​ဆိုး​ရွား​လှ​သော​ ​ကိ​စ္စ​မျိုး​ကို​ ​မူ​ဟာ​မက်​အ​နေ​နှင့်​ ​မ​လုပ်​ခဲ့​သင့်​ကြောင်း​၊​ ​ယင်း​အ​တွက်​ ​နှစ်​ပေါင်း​များ​စွာ​ ​ထောင်​ကျ​တော့​မည်​ဖြစ်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။

 ​မူဟာ​မက်​သည်​ ​အ​မျိုး​သ​မီး​ထံ​မှ​ ​ရင်း​ဂစ်​ငွေ​ ​၄၀၀၀​ ​ခန့်​ ​တန်​ဖိုး​ရှိ​သော​ ​ပ​စ္စည်း​များ​ကို​ ​ရယူ​သွား​ခဲ့​ပြီး​ ငို​ယို​နေ​သော​ ​က​လေး​ရှေ့​တွင်​ပင်​ ​အ​မျိုး​သ​မီး​အား​ ​မု​ဒိမ်း​ကျင့်​ကာ​ ​ပါး​စပ်​ဖြင့်​ ​ဖျော်​ဖြေ​မှု​ ​ပေး​စေ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အ​မျိုး​သ​မီး​ကြီး​အား​ ထို​ကိ​စ္စ​ ​ပေါက်​ကြား​လျင်​ ​သတ်​ပစ်​မည်​ဟု​ ​ခြိမ်း​ခြောက်​ခဲ့​သေး​သည်​။​ ယင်း​သည်​ ​စွဲ​ချက်​နှစ်​ခု​ဖြင့်​ ​တ​ရား​စွဲ​ခံ​ရ​ပြီး​ ​တ​ရား​သူ​ကြီး​က​ ​ပြစ်​ဒဏ်​တစ်​ခု​ချင်း​စီ​ကို​ ​သီး​ခြား​ကျ​ခံ​ရန်​ ​အ​မိန့်​ချ​မှတ်​ခဲ့​သ​ဖြင့်​ ​ထောင်​ဒဏ်​ ​၃၂​ ​နှစ်​ထိ​ ​ရှည်​ကြာ​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here