ဘ​ရာ​ဇီး​တော​နက်​ထဲ​မှ​​ ​ရှာ​ဖွေ​တွေ့​ရှိ​သည့်​​ ​အ​ဖိုး​တန်​မြ​တုံး​အား​ ​ပိုင်​ဆိုင်​နိုင်​ရေး​ ​အ​မေ​ရိ​ကန်​သား​ကြိုး​ပမ်း

alt

အ​မေ​ရိ​ကန်​မှ​​ ​အ​မျိုး​သား​ ​တစ်ဦး​က​​ ​ဘ​ရာ​ဇီး​နိုင်ငံ​ ​တော​နက်​ထဲ​တွင်​​ ​ရှာ​ဖွေ​တွေ့​ရှိ​သော​​ ​မြ​တုံး​ကြီး​ကို​ ၎င်း​ပိုင်​ဆိုင်​ကြောင်း​​ ​သက်​သေ​ပြ​ရန်​ ​ကြိုး​ပမ်း​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​

ကယ်​လီ​ဖိုး​နီး​ယား​မှ​ ​အန်​တို​နီ​ယို​ ​သော​မတ်​အ​နေ​နှင့်​ ​ယင်း​မြ​တုံး​ကြီး​ကို​ ​ပိုင်​ဆိုင်​ခွင့်​ ​ရှိ​မ​ရှိ​အ​တွက်​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​တ​ရား​ရုံး​က​ ​စဥ်း​စား​နေ​ဆဲ​ဖြစ်​သည်​။​ ​သောမတ်​သည်​ ​၂၀၀၁​ ​ခု​နှစ်​က​ ယင်း​ရ​တ​နာ​တုံး​ကြီး​အား​ ​ဒေါ်​လာ​ ​ခြောက်​သောင်း​ဖြင့်​ ​ဝယ်​ယူ​ခဲ့​ကြောင်း​ ​ပြော​ကြား​ကာ​ ​ထို​မြ​တုံး​ကြီး​ကို​ကိုင်၍​ ​ရိုက်​ထား​သော​ ​ဓာတ်​ပုံ​များကို​ပါ​ ​ပြ​သ​ခဲ့​သည်​။​ ​

အ​လေး​ချိန်​ ​၃၈၀​ ​ကီလို​ဂ​ရမ်​ရှိ​ပြီး​ ​ဒေါ်​လာ​ ​သန်း​ ​၄၀၀​ ​မျှ​ ​တန်​ကြေး​ရှိ​နေ​သည့်​ ​မြ​တုံး​ကြီး​အား​ ​သော​မတ်​က​ ​ဓာတ်​ပုံ​ယှဥ်၍​ ​ရိုက်​ယူ​ထား​ခြင်း​သာ​ဖြစ်​ကြောင်း​၊​ ​ထို​စဥ်​က​ ​သော​မတ်​သည်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​ ​တစ်ဦး​သာ​ဖြစ်​ကြောင်း​ ​ဘ​ရာ​ဇီး​မှ​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​များ​က​ဆို​သည်​။​ ​သော​မတ်​က​ ​ထို​မြ​တုံး​ကြီး​ကို​ ​ဘ​ရာ​ဇီး​ ​မိုင်း​လုပ်​သား​များ​ထံ​မှ​ ​ဝယ်​ယူ​ပြီး​နောက်​ ​အ​မေ​ရိ​ကန်​သို့​ ​ပြန်​သွား​သော်​လည်း​ ​ထို​မြ​တုံး​ကြီး​ကို​ ​ဘ​ရာ​ဇီး​တို့​က​ ​ပေး​ပို့​ရန်​ ​ပျက်​ကွက်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​သော​မတ်​၏​ ​ရှေ့​နေ​က​ ​သော​မတ်​နှင့်​ ​မြ​တုံး​ကြီး​ ​တွဲရိုက်​ထား​သော​ ​ဓာတ်​ပုံ​ ​၂၅​ ​ပုံ​ကို​ တ​ရား​ရုံး​သို့​ ​တင်​သွင်း​ခဲ့​သည်​။​ ​ယင်း​မြ​တုံး​ကြီး​ကို​ ​ဘ​ရာ​ဇီး​ ​တော​နက်​ထဲ​တွင်​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​နေ​သူ​များ​က​လည်း​ ​ရ​ပိုင်​ခွင့်​အ​တွက်​ ​ကာ​ကွယ်​နေ​ဆဲ​ဖြစ်​သည်​။​

​သော​မတ်​က​ ​မြ​တုံး​ကြီး​အား​ ​ဝယ်​ယူ​စဥ်​က​ ​ငွေ​လက်​ခံ​ ​ဖြတ်​ပိုင်း​တစ်​စောင်​ ​ရ​ရှိ​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​၂၀၀၆​ ​ခု​နှစ်​ ​အိမ်​မီး​လောင်​စဥ်​က​ ​ထို​ဖြတ်​ပိုင်း​ပါ​ ​ပါ​သွား​ကြောင်း​လည်း​ ​ပြော​ဆို​ထား​သည်​။​ ဘ​ရာ​ဇီး​ဖက်​မှ​ ​ရှေ့​နေ​များ​က​မူ​ ​သော​မတ်​သည်​ ​မြ​တုံး​ကြီး​အား​ ​ပိုင်​ဆိုင်​ကြောင်း​ ​သက်​သေ​အ​ထောက်​အ​ထား​ ​ခိုင်​မာ​စွာ​ ​ပြ​သ​နိုင်​ခြင်း​ ​မ​ရှိ​ဟု​ ​တုန့်​ပြန်​ထား​သည်​။​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​တ​ရား​ရုံး​သည်​ ​အ​ဆို​ပါ​အ​မှု​အား​ ​လက်​ခံ​စစ်​ဆေး​နေ​ဆဲ​ ​အ​ခြေ​အ​နေ​တွင်​သာ​ ​ရှိ​သေး​ကြောင်း​ ​သိ​ရ​သည်​။​​

LEAVE A REPLY

Please enter your comment!
Please enter your name here