ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် အင်အားပြင်းဗုံး ပေါက်ကွဲ

alt

ပါ​က​စ္စ​တန်​နိုင်ငံ​၏​​ ​စီး​ပွား​ရေး​ ​အ​ချက်​အ​ချာ​မြို့​​ ​က​ရာ​ချိ​တွင်​ ​ပြင်း​ထန်​သော​​ ​ဗုံး​ပေါက်​ကွဲ​မှု​တစ်​ခု​​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​အ​နည်း​ဆုံး​​ ​လူ​ ​၁၈​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​

​ပေါက်​ကွဲ​မှု​အ​တွင်း​ ​အ​ဆောက်​အ​အုံ​အ​ချို့​ ​ပြို​ကျ​ခဲ့​ပြီး​ ​ယင်း​သည်​ ​လုံ​ခြံု​ရေး​ ​တင်း​ကြပ်​စွာ​ ​ချ​ထား​သည့်​ ​မြို့​တော်​စင်​တာ​သို့​ ဦး​တည်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အ​ဆို​ပါ​ ​စင်တာ​သည်​ ​ထိပ်​တန်း​အ​စိုး​ရ​ ​တာ​ဝန်​ရှိ​သူ​များ​၏​ ​ရုံး​ခန်း​များ​အ​ပြင်​ ​ကြယ်ငါး​ပွင့်​ ​ဟို​တယ်​တစ်​လုံး​ပါ​ ​ရှိ​သော​နေ​ရာ​ဖြစ်​သည်​။​ ​ထို့​အ​ပြင်​ ​အ​မေ​ရိ​ကန်​ ​စစ်​အ​ကြံ​ပေး​ ​ဌာ​န​သည်​ ​ဗုံး​ပေါက်​ရာ​ ​နေ​ရာ​နှင့်​ ​တစ်​မိုင်​ပင်​ ​မ​ဝေး​သော​ ​နေ​ရာ​တွင်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​နို​ဝင်​ဘာ​ ​၁၁​ ​ရက်​နေ့​ ​ပေါက်​ကွဲ​မှု​အ​တွင်း​ ​အ​နည်း​ဆုံး​ ​လူ​ ​၁၀၀​ ​ခန့်​ ​ဒဏ်​ရာ​ရ​ခဲ့​ပြီး​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​ ​ဆက်​လက်​မြင့်​တက်​လာ​နိုင်​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ ​

မျက်​မြင်​သက်​သေ​များ​က​ ​ဖောက်​ခွဲ​ရေး​ ​ပ​စ္စည်း​များ​ ​တင်​ထား​သည့်​ ​ကား​တစ်​စင်း​ကို​ ​အ​သေ​ခံ​ ​ဗုံး​ခွဲ​သ​မား​က​ ​အ​တင်း​မောင်း​ဝင်​မ​လာ​မီ​ ​ယင်း​အ​ဆောက်​အ​အုံ​ကို​ ​သေ​နတ်​သ​မား​ ​အ​ချို့​က​ ​ပစ်​ခတ်​တိုက်​ခိုက်​ခဲ့​သေး​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ယ​ခု​တိုက်​ခိုက်​မှု​သည်​ ​၂၀၀၈​ ​ခု​နှစ်​က​ ​လူ​ ​၅၀​ ​ကျော်​ ​သေ​ဆုံး​စေ​ခဲ့​သည့်​ ​အ​စ္စ​လာမ်​မာ​ဘတ်​မြို့​တော်​ ​မယ်​ရီ​ယော့​ဟို​တယ်​ ​ဗုံး​ခွဲ​မှု​နှင့်​ ​တူ​ညီ​သော​ ​နည်း​စ​နစ်​ကို​ ​သုံး​စွဲ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ဗုံး​ကွဲ​မှု​ ​ဖြစ်​ပွား​ပြီး​နောက်​ ဥ​ပ​ဒေ​ပြင်​ပ​ ​လှုပ်​ရှား​သည့်​ ​အ​ဖွဲ့​အ​စည်း​ဟု​ ​စွပ်​စွဲ​ခံ​ထား​ရ​သည်​ ​လက်​ရှ်​ကာ​အီး​ ​ဂျန်​ဟာ​ဗီး​ ​အ​ဖွဲ့​ဝင်​ ​အ​ချို့​ကို​ ​ရဲ​များ​က​ ​ဖမ်း​ဆီး​ထား​သည်​။​ ​ယင်း​အ​ဖွဲ့​သည်​ ​တာ​လီ​ဘန်​တို့​နှင့်​ ​ဆက်​စပ်​နေ​သည်​ဟု​ ​ယူ​ဆ​ရ​ပြီး​ ​ပါ​က​စ္စ​တန်​ ​စစ်​ဖက်​နှင့်​ ​ရဲ​များ​ကို​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​များ​ ​ပြု​လုပ်​နေ​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here