ချောကလက်သည် နှလုံး​ ကျန်းမာရေး​ အတွက် အထောက်အကူပြုဟု သုတေသီများ​ ပြောကြား

alt

ချော့​က​လက်​သည်​​ ​နှ​လုံးကျန်း​မာ​ရေး​အ​တွက်​​ ​အ​ထောက်​အ​ကူ​ ​ပြု​စေ​နိုင်​ကြောင်း​​ ​သု​တေ​သီ​များ​က​ဆို​သည်​။​​ ​အ​ညို​ရင့်​ ​ချော့​က​လက်​များ​သည်​​ ​သွေး​တိုး​မှု​ကို​ ​ဟန့်​တား​ပေး​ပြီး​ ​နှ​လုံး​အ​တွက်​ ​ကျန်း​မာ​အောင်​ ​စောင့်​ရှောက်​နိုင်​ကြောင်း​

​ယ​ခင်​သု​တေ​သ​န​ ​ရ​လဒ်​များ​က​ ​အ​ကြိမ်​ကြိမ်​ ​သက်​သေ​ပြ​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​အ​ကြောင်း​ခြင်း​ရာ​ ​အ​တိ​အ​ကျ​ကို​ ​ပ​ညာ​ရှင်​များ​က​ ​ဖော်​ထုတ်​လာ​နိုင်​ခဲ့​သည်​။​ ဆွီ​ဒင်​နိုင်ငံ​ ​လင်​ကို​ပင်း​ ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​ ​ကို​ကိုး​ဓာတ်​ ​ကြွယ်​ဝခြင်း​က​ ​အ​ညို​ရင့်​ရင်း​ ​ချော့​က​လက်​များ​ကို​ ​ခ​န္ဒာ​ကိုယ်​အ​တွင်း​ ​သွေး​စီး​ဆင်း​မှု​ကို​ ​ထိန်း​ညှိနိုင်​စွမ်း​ ​မြင့်​မား​လာ​စေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

ဦး​ဆောင်​သု​တေ​သီ​ ​အင်း​ဂ​ရစ်​ ​ပ​ရက်​ဆန်​က​ ​အင်​ဇိုင်း​များ​ကို​ ​တွန်း​အား​ပေး​ပြီး​ ​ခ​န္ဒာ​ကိုယ်​အ​တွင်း​ ​သွေး​လှည့်​ပတ်​မှု​ကို​ ထိန်း​သိမ်း​ကြပ်​မတ်​ပေး​နိုင်​သော​ ​ကို​ကိုး​၏​ ​ဂုဏ်​သ​တ္တိ​ကို​ ​မိ​မိ​တို့​ ​တွေ့​ရှိ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ACE​ ​ခေါ်​ ​အင်​ဇိုင်း​လှုပ်​ရှား​မှု​သည်​ ​သွေး​တိုး​ခြင်း​ကို​ ​ဟန့်​တား​ပေး​နိုင်​သည်​။​ ​ဒေါက်​တာ​ပ​ရက်​ဆန်​က​ ​ယ​ခု​လေ့​လာ​မှု​ကို​ ​ကာ​လ​ရှည်​ကြာ​ ​ပြု​လုပ်​ခဲ့​ပြီး​ ​ကို​ကိုး​၏​ ​အာ​နိ​သင်​ကို​ ​စောင့်​ကြည့်​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​

၎င်း​က​ ​ကို​ကိုး​ ​၇၂​ ​ရာ​ခိုင်​နှုန်း​ ​ပါ​ဝင်​သော​ ​အ​ချို​လျှော့​ထား​သည့်​ ​ချော့​က​လက်​ ​၇၅​ ​ရာ​ခိုင်​နှုန်း​ကို​ ​နေ့​စဥ်​ပုံ​မှန်​ ​စား​သုံး​ခြင်း​သည်​ ​သွေး​တိုး​ကို​ ​ဟန့်​တား​နိုင်​မည့်​ ​ဆေး​စွမ်း​ကောင်း​ ​တစ်​လက်​အ​ဖြစ်​ ​ထောက်​ခံ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here