ဗြိတိန်လေလံပွဲတွင် တရုတ်ရေကရားတစ်လုံးအား စံချိန်တင်ဈေးဖြင့် ရောင်းချရ

alt

ဗြိ​တိန်​နိုင်ငံ​၊​​ ​လေ​လံ​ပွဲ​တစ်​ခု​တွင်​​ ​တ​ရုတ်​ရိုး​ရာ​ ​အ​နု​ပ​ညာ​​ ​ပ​စ္စည်း​များ​အ​နက်​ ​ေ​ဈး​အ​ကြီး​ဆုံး​ ​စံ​ချိန်​တင်​ ​ပ​မာ​ဏ​အ​ဖြစ်​ ​ရေ​က​ရား​တစ်​လုံး​ကို​ ​ဒေါ်​လာ​ ​၆၉.​၃​ ​သန်း​ဖြင့်​ ​ရောင်း​ချ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

Bainbridges​ ​လေ​လံ​ဌာ​န​က​ ​၁၆​ ​လက်​မ​ ​အ​မြင့်​ရှိ​ ​ရေ​က​ရား​ကို​ ​ဒေါ်​လာ​ ​၂​ ​သန်း​သာ​ ​အ​လွန်​ဆုံး​ ​ရ​ရှိ​မည်​ဟု​ ​ထင်​ကြေး​ပေး​ထား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​လန်​ဒန်​အ​နောက်​မြောက်​ပိုင်း​ ​အိမ်​ဟောင်း​တစ်​လုံး​အ​တွင်း​ ​တွေ့​ရှိ​ခဲ့​သော​ ​က​ရား​သည်​ ​တ​ရုတ်​ရှေး​ဟောင်း​လက်​ရာ​ ​စု​ဆောင်း​သူ​များ​၏​ ​အ​လွန်​အ​မင်း​ ​နှစ်​သက်​ခြင်း​ကို​ ​ခံ​ခဲ့​ရ​ပြီး​ ​အ​ပြိုင်​အ​ဆိုင်​ ​ေ​ဈး​ပေး​ကြ​ရ​မှာ​ ​ယ​ခု​လို​ ​အ​ကြီး​အ​ကျယ်​ ​ေ​ဈး​တက်​သွား​ခြင်း​ဖြစ်​သည်​။​ ​

ရေ​က​ရား​ကို​ ​ဝယ်​ယူ​သွား​သူ​မှာ​ ​တ​ရုတ်​နိုင်ငံ​မှ​ ​အ​မည်​မ​ဖော်​လို​သူ​ ​တစ်ဦး​ဟု​လည်း​ Bainbridges​​ က​ ​ပြော​ကြား​ခဲ့​သည်​။​ ​၁၇၀၀​ ​ပြည့်​လွန်​နှစ်​များ​က​ ​လက်​ရာ​ဟု​ ​ယူ​ဆ​ရ​သော​ ​ရေ​က​ရား​သည်​ ​ရှေး​ဟောင်း​တ​ရုတ်​လက်​မှု​ ​ပ​ညာ​ရပ်​များ​၏​ ​ပြ​ယုဂ်​တစ်​ခု​ဟု​ ​ညွှန်း​ဆို​နိုင်​ကြောင်း​ ​လေ​လံ​ဌာ​န​က​ ​ပြော​ကြား​ထား​သည်​။​

​ယင်း​ရေ​က​ရား​နှင့်​ ​ပတ်​သက်​ပြီး​ ​ကော​လ​ဟာ​လ​အ​ချို့​လည်း​ ​ထွက်​ခဲ့​သ​ဖြင့်​ ​လာ​ရောက်​ကြည့်​ရှု​ခဲ့​သူ​ ​အ​များ​အ​ပြား​ရှိ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​ထို​မျှ​လောက်​ ​ေ​ဈး​ရ​မည်​ဟု​ ​မ​ထင်​မိ​ကြောင်း​ ​လေ​လံ​ဌာ​န​မှ​ ​တာ​ဝန်​ခံ​ ​တစ်ဦး​က​ ​ထုတ်​ဖော်​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here