လိင်ရုပ်ရှင်များ ရိုက်ကူးသည့် ကုမ္ပဏီမှ သရုပ်ဆောင်​ တစ်ဦးတွင် HIV ပိုးတွေ့ရှိ

alt

အမေရိကန်၏ လိင်ရုပ်ရှင်များ အဓိက ရိုက်ကူး​ ထုတ်လုပ်နေသော ကုမ္ပဏီကြီး​ တစ်ခုမှ သရုပ်ဆောင်​ တစ်ဦးတွင် HIV​ ပိုး တွေ့ရှိခဲ့သဖြင့် ယင်း​ ရုပ်ရှင်​ ကုမ္ပဏီ၏ ရိုက်ကူးမှုများကို ဆိုင်းငံ့​ ထားလိုက် ရကြောင်း သိရသည်။

Vivid Entertainment​ သည် ကမ္ဘာပေါ်တွင် ညစ်ညမ်း​ ရုပ်ရှင်များ ထုတ်လုပ်​ ရိုက်ကူး​ နေသည့် ကုမ္ပဏီ အားလုံးအနက် အကြီးဆုံးဖြစ်သည်။ ကုမ္ပဏီ၏ ဥက္ကဌ တစ်ဦး​ ဖြစ်သူ စတီဗင်ဟင့်ချ်က ကိစ္စ​ အဝဝကို ရှင်းလင်း​ ပြီးသည့်​ လာမည့်​ သီတင်းပါတ်မှ​ စကာ ရိုက်ကူးမှုများ ပြန်လည်​ ပြုလုပ်​ သွားမည်ဟု ကြေညာ​ ခဲ့သည်။ Vivid​ မှ သရုပ်ဆောင် အမျိုးသား ၁၄ ဦးကို HIV​ ပိုး စစ်ဆေး​ ခဲ့ရာ ၁ ဦးတွင် ရောဂါပိုး တွေ့ရှိပြီးနောက် ဒေါ်လာ​ ဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ၏ လုပ်ငန်းများကို တစ်လမျှ ဆိုင်းငံ့​ ထားခဲ့ရသလို ရုပ်ရှင်​ ပရိုဂျူဆာ ၆ ဦးမှာ လက်ရှိ​ ရိုက်ကူးနေသည့် ဇာတ်ကားများကို ရပ်နား​ ထားလိုက်ရသည်။

ဆေးစစ်မှု ရလဒ်များအရ ပိုးရှိနေသူထံမှ အခြားသော သရုပ်ဆောင်များထံ ကူးစက်ခြင်း မရှိဟု Vivid​ က အတည်ပြုခဲ့ပြီးနောက် ရိုက်ကူးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ ပြန်လည်စီစစ်မှုအားလုံး စိတ်ကျေနပ်စရာ အနေအထားတွင်ရှိကြောင်း၊ မိမိတို့အနေနှင့် အနာဂတ်တွင် ပိုမိုအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင့်ချ်က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here