eBay မှ ၀ယ်ယူသည့် ဒေါ်လာ ၃၀ တန် Laptop တွင် အာဖဂန်​ စစ်ပွဲ အစီရင်ခံစာများ ပါရှိလာ

alt

eBay​ မှ​ ​ဒေါ်​လာ​​ ​၃၀​ ​ဖြင့်​ ​ဝယ်​ယူ​ခဲ့​သော​​ Laptop​ ကွန်​ပျူ​တာ​ ​တစ်​လုံး​တွင်​​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​စစ်​ပွဲ​ဆိုင်​ရာ​​ ​ဗြိ​တိန်​စစ်​ဖက်​ ​အ​စီ​ရင်​ခံ​စာ​များ​​ ​အ​ပြည့်​အ​စုံ​ ​ပါ​ရှိ​နေ​ကြောင်း​​ ​သိ​ရ​သည်​။​ ​

အင်​ဂျင်​နီ​ယာ​ ​တစ်ဦး​သည်​ ​အင်​တာ​နက်​ ​လေ​လံ​ဝက်​ဆိုက်​မှ​ ​အ​ဆို​ပါ​ Laptop​ ကို​ ​ဝယ်​ယူ​ခဲ့​ပြီး​ ​ယ​ခု​လို​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​ယင်း​ Laptop ​ကို​ ​ကာကွယ်​ရေး​ ​ဝန်​ကြီး​ဌာ​န​သို့​ ​ပြန်​လည်​လွှဲ​အပ်​လိုက်​ကြောင်း​ The​ Sun​ ​သ​တင်း​စာ​က​ဆို​သည်​။​ ​ယင်း​ကိ​စ္စ​သည်​ ​အ​လွန်​ကြောက်​မက်​ဖွယ်​ကောင်း​ကြောင်း​၊ ​မ​သ​မာ​သူ​များ​ ​လက်​ထဲ​သို့​ ​အ​ဆို​ပါ​ ​အ​ချက်​အ​လက်​များ​ ​ရောက်​သွား​ပါ​က​ ​အာ​ဖ​ဂန်​ရောက်​ ​ဗြိ​တိန်​စစ်​သည်​များ​အ​တွက်​ ​အ​ကြီး​အ​ကျယ်​ ​အ​န္တ​ရာယ်​ ​ရှိ​လာ​နိုင်​ကြောင်း​ The​ Sun​​ က​ ​ဝေ​ဖန်​ခဲ့​သည်​။​

Toshiba​ ​အ​မျိုး​အ​စား​ Laptop​ သည်​ ​ဗြိ​တိန်​စစ်​ရေး​ ​အ​ကယ်​ဒ​မီ​မှ​ ​ဗိုလ်​ကြီး​ ​ရော​ဘတ်​ဆူ​ဒန်း​ ​ပိုင်​ဆိုင်​ပြီး​ ၎င်း​သည်​ ​အ​ထူး​တပ်​ဖွဲ့​ဝင်​ ​တစ်ဦး​အ​နေ​နှင့်​ ​အာ​ဖ​ဂန်​သို့​ ​သွား​ရောက်​ခဲ့​ဖူး​သည်​။​ ​ယင်း​က​ ​အဆို​ပါ​ ​အ​ချက်​အ​လက်​အား​လုံး​ကို​ ​ဖျက်​ဆီး​ခဲ့​ပြီး​ဖြစ်​ကြောင်း​ ​စစ်​ဆေး​ရေး​ ​အ​ဖွဲ့​များ​ထံ​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ဝယ်​ယူ​ခဲ့​သည့်​ ​အင်​ဂျင်​နီ​ယာ​က​ ​ယင်း​အ​ချက်​အ​လက်​များကို​ ​ရှာ​ဖွေ​တွေ့​ရိ​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

NATO​ Secrets​ ဆို​သော​ File​ အ​မည်​နှင့်​ ​အ​ချက်​အ​လက်​များ​ကို​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ပြီး​ ​ယင်း​အ​ထဲ​တွင်​ ​အာ​ဖ​ဂန်​ ​ရဲ​တပ်​ဖွဲ့​နှင့်​ စစ်​မှု​ထမ်း​များ​၏​ ​ကိုယ်​ရေး​အ​ချက်​အ​လက်​များ​ပါ​ ​ပါ​ဝင်​နေ​ကြောင်း​ The​ Sun ​သို့​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here