မီး​လောင်​မှု​ဖြစ်​ပွား​ကာ​ ​သောင်​တင်​နေ​သည့်​ ​ဇိမ်​ခံ​သ​င်္ဘော​အား​ ​ဆန်​ဒီ​ယေ​ဂို​သို့​ ​ပြန်​လည်​ဆွဲ​ယူ

alt

မီး​လောင်​မှု​​ ​ဖြစ်​ပွား​ပြီး​နောက်​ ခ​ရီး​သည်​များ​စွာ​​ ​သောင်​တင်​နေ​သည့်​ ​ဇိမ်​ခံ​သ​င်္ဘော​ကြီး​အား​​ ​ဆန်​ဒီ​ယေ​ဂို​သို့​ ​ပြန်​လည်​ဆွဲ​ယူ​မှု​​ ​စ​တင်​နေ​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​ဆန်​ဒီ​ယေ​ဂို​တောင်​ပိုင်း​ ​သ​မု​ဒ္ဒ​ရာ​ထဲ​တွင်​ ​မီး​လောင်​မှု​ ​ဖြစ်​ပွား​ပြီး​နောက်​

​မျော​ပါ​နေ​သော​ ​သ​င်္ဘော​ပေါ်​ရှိ​ ​ခ​ရီး​သည်​ပေါင်း​ ​၃၂၉၉​ ဦး​နှင့်​ ​အ​မှု​ထမ်း​ ​၁၁၆၇​ ဦးအ​တွက်​ ​ရိ​က္ခာ​များ​ကို​ ​ရ​ဟတ်​ယာဥ်​များ​ဖြင့်​ ​ချ​ပေး​ခဲ့​ရ​သည်​။​ ​ယ​ခု​အ​ခါ​ ​အ​မေ​ရိ​ကန်​ ​ကမ်း​ခြေ​စောင့်​တပ်​သည်​ ​သ​မု​ဒ္ဒ​ရာ​ထဲ​ ​မျော​ပါ​နေ​သည့်​ ​သ​င်္ဘော​ကို​ ​ဆွဲ​သ​င်္ဘော​များ​ဖြင့်​ ​ဆန်​ဒီ​ယေ​ဂို​သို့​ ​ဆွဲ​ယူ​နေ​ပြီ​ဖြစ်​ပြီး​ ​နို​ဝင်​ဘာ​ ​၁၁​ ​ရက်​နေ့​ ​ည​ပိုင်း​ခန့်​တွင်​ ​ကမ်း​ကပ်​နိုင်​မည်​ဟု​ ​မျှော်​လင့်​ထား​သည်​။​

​နို​ဝင်​ဘာ​ ​၈​ ​ရက်​နေ့​က​ ​အင်​ဂျင်​ခန်း​ ​မီး​လောင်​မှု​ကြောင့်​ ​ပ​စိ​ဖိတ်​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ ​မျော​နေ​သည့်​ ​သ​င်္ဘော​နှင့်​ ​ပတ်​သက်​ပြီး​ ​စိုး​ရိမ်​စ​ရာ​ ​မ​ရှိ​ကြောင်း​ ​သ​င်္ဘော​ကို​ ​ပိုင်​ဆိုင်​သည့်​ ​ကာ​နေ​ဗယ်​ ​ခ​ရုစ်​သ​င်္ဘော​ ​ကု​မ္ပ​ဏီ​က​ဆို​သည်​။​ မီ​တာ​ ​၂၉၀​ ​ရှည်​သော​ ​ဇိမ်​ခံ​သ​င်္ဘော​ကြီး​သည်​ ​ပွန်​တာ​ဆန်​ ​ပင်​လယ်​အော်​မှ​ ​၈၈​ ​ကီ​လို​မီ​တာ​ ​အ​ကွာ​တွင်​ ​မီး​လောင်​မှု​ ​ဖြစ်​ပွား​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​သ​င်္ဘော​ပေါ်​ရှိ​ ​မည်​သူ​တစ်ဦး​တစ်​ယောက်​မျှ​ ​ထိ​ခိုက်​ဒဏ်​ရာ​ရ​မှု​ ​မ​ရှိ​ခဲ့​ပေ​။​ ​သို့​သော်​လည်း​ ​ကြောက်​စိတ်​မွှန်​နေ​သူ​ ​အ​ချို့​တို့​ကို​မူ​ ​အ​ရေး​ပေါ်​ ​ကု​သ​ပေး​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​

သ​င်္ဘော​ပေါ်​တွင်​ ​လောင်​သော​မီး​ကို​ ​၃​ ​နာ​ရီ​အ​ကြာ​တွင်​ ​အ​ပြည့်​အ​၀​ ​ငြှိမ်း​သတ်​နိုင်​ခဲ့သည်​။​ ​သ​င်္ဘော​ကု​မ္ပ​ဏီ​သည်​ ​ယ​ခု​ကိ​စ္စ​ကြောင့်​ ​ခ​ရီး​သည်​များ​ကို​ ​လက်​မှတ်​ဖိုး​နှင့်​ ​ဝန်​ဆောင်​စ​ရိတ်​ ​အ​ပြည့်​အ​ဝ​ ​ပြန်အမ်း​ပေး​သွား​မည်​ဟု​ ​က​တိ​ပြု​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here