ဂ​န္တ​ဝင်​တေး​ဂီ​တ​များ​က​ ​လူ​၏​စိတ်​အာ​ရုံ​ကို​ ​ပျော့​ပြောင်း​စေ​ဟု​ ​သု​တေ​သီ​များ​ပြော​ကြား

alt

ဂ​န္တဝင်​ ​တေး​ဂီ​တ​များ​သည်​ ​လူ​၏​စိတ်​အာ​ရုံ​ကို​ ​ပျော့​ပြောင်း​သွား​အောင်​ ​စေ​စား​နိုင်​စွမ်း​ရှိ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​တေး​ဂီ​တ​က​ ​လူ​၏​ ​အ​ကျင့်​စ​ရိုက်​ကို​ ​မည်​သို့​သက်​ရောက်​မှု​ရှိ​ကြောင်း​ ​လေ့​လာ​ရန်​ ​န​ယူး​ဇီ​လန်​ရှိ​

​ေ​ဈး​ဝယ်​စင်​တာ​များ​တွင်​ ​ဂ​န္တဝင်​ ​သီ​ချင်း​များ​ကို​ ​ဖွင့်​ပေး​ခဲ့​ရာ​ ​ရာ​ဇ​ဝတ်​မှု​နှင့်​ ​လူ​မှု​ရေး​အ​ရ​ ​မ​လျော်​ကန်​သော​ ​လုပ်​ဆောင်​မှု​များ​ကို​ ​လျော့​ကျ​သွား​စေ​ကြောင်း​ ​တွေ့​ရှိ​လာ​ရ​သည်​။​

​ယ​ခင်​က​တည်း​က​ ​ဂ​န္တဝင်​ဂီ​တ​သည်​ ​လူအ​များ​နှင့်​ ​ဆက်​ဆံ​ရာ​တွင်​ ​သ​ဟ​ဇာ​တ​ ​မ​ဖြစ်​နိုင်​သော​ ​လုပ်​ဆောင်​ချက်​မျိုး​ကို​ ​လျှော့​ချ​ပေး​နိုင်​သည့်​ ​စွမ်း​အား​ရှိ​ကြောင်း​ ​တွေ့​ရှိ​ခဲ့​ပြီး​ဖြစ်​ကြောင်း​ ​ခ​ရစ်​ချ​ရန့်​ရှိ​ City​ Mall​ ​မှ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ဆို​သည်​။​ ​န​ယူး​ဇီ​လန်​ ​ရဲ​တပ်​ဖွဲ့​က​လည်း​ ​ယင်း​အ​ဆို​ကို​ ​သ​ဘော​တူ​ ​လက်​ခံ​ခဲ့​ပြီး​ ​ဂ​န္တဝင်​သီ​ချင်း​သံ​ ​ပျံ့​လွင့်​နေ​သည့်​ ​ပတ်​ဝန်း​ကျင်​မှ​ ​လူ​အ​များသည်​ ​စိတ်​လက်​အေး​ချမ်း​မှု​ ​ပို​ရှိ​နေ​တတ်​ပြီး​ ​ကောင်း​မွန်​သော​ ​လုပ်​ဆောင်​ချက်​များ​ကို​ ​ပို​မို​အာ​ရုံ​ကျ​တတ်​ကြောင်း​ ​ထောက်​ခံ​ပြော​ဆို​ထား​သည်​။​ ​

ယ​ခင်​က​ ​စမ်း​သပ်​ခဲ့​မှု​အ​ရ​ ​ဂ​န္တဝင်​ ​ဂီ​တ​သံ​သည်​ ​ေ​ဈး​ဝယ်​စင်​တာ​များ​တွင်​ ​ဝယ်​သူ​ကို​ ​ကြာ​ကြာ​နေ​ချင်​စိတ်​ ​ဖြစ်​ပေါ်​စေ​ပြီး​ ​ငွေ​လည်း​ပို​သုံး​အောင်​ ​လှုံ့​ဆော်​ပေး​တတ်​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ထား​ကြောင်း​ ​သိ​ရသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here